Saturday, May 28, 2016

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ)အကြိုပြင်ဆင်ရေး ဆပ်ကော်မတီအစည်းအဝေးကျင်းပ


နေပြည်တော် မေ  ၂၈
မျိုးမြင့်(သတင်းစဉ်)
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) အကြိုပြင်ဆင်ရေး ဆပ်ကော် မတီ အစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Resort တွင် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ပြင်ဆင် ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြီးခဲ့သည့် UPDJC အစည်းအဝေးကို ကြည့်လိုက်ရင် ပြဿနာတွေအားလုံး စုပေါင်းညှိနှိုင်းပြီး ပွင့်ပွင့်လင်းလင်း ဆောင်ရွက် သည့်အခါ ပြေလည်သွားသည်ကို တွေ့ရကြောင်း၊ မိမိတို့အားလုံး ဖြတ်သန်းခဲ့ကြသည့် ပတ်ဝန်းကျင်နှင့် အတွေ့အကြုံများသည် မတူညီကြပါကြောင်း၊ အားလုံး သဘောတူ သည့် ရည်မှန်းချက်တစ်ခုကို ချမှတ်နိုင်လျှင် နိုင်ငံတော်အတွက် အကောင်ဆုံးသမိုင်း အစဉ်အလာ တစ်ခုကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းပြည်နှင့် ပြည်သူများအတွက် ယခုကြွရောက် လာကြ သည့် ခေါင်းဆောင်များ၏ အားထုတ်မှုသည် အလွန်အရေးကြီးသည်ဟု သဘောပေါက်မိပါကြောင်း၊ ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေး ကိစ္စများတွင်လည်း ယခုကဲ့သို့ တွေ့ဆုံဆွေးနွေး အဖြေရှာသွားကြ မည်ဖြစ်ကြောင်း ပြောကြားသည်။
ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေများ ဆက်သွား နိုင်ရန်အတွက် မိမိတို့ဘက်မှလည်း မရပ်မနားဆောင် ရွက်ခဲ့ပါကြောင်း၊ ဆွေးနွေးညှိနှိုင်း မှုများကြောင့် ယခုအဆင့်သို့ ရောက်ရှိလာခြင်းဖြစ် ပါကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် ဆွေးနွေးညှိနှိုင်းမှသာ အဖြေရနိုင်ပါကြောင်း၊  အခက်အခဲများရှိသော်လည်း ရေရှည် အတွက် မျှော်ကြည့်၍ဆောင်ရွက် ခဲ့သောကြောင့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ပါ ကြောင်း၊ ဆုံးဖြတ်နိုင် မှုအပေါ် ရှေ့ဆက်ရမည့်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဘက် ကလည်း အားလုံးပါဝင်ရေးမူဖြင့် NCA တွင် လက်မှတ်မရေးထိုးသေးသည့်အဖွဲ့များ ပါဝင်လာနိုင်ရေး ဆောင်ရွက်နေသည့်အတွက် ကြိုဆိုပါကြောင်း၊ ရှေ့ဆက်သွားမည့်ကိစ္စများတွင် တစ်ဖက်နှင့်တစ်ဖက် ဆိုခြင်းထက် ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းအဖြေရှာပါက ငြိမ်းချမ်းရေး ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က NCA လက်မှတ်ထိုးခြင်းသည် တစ်ဖက်နှင့် တစ်ဖက် အကြိမ်များစွာ တွေ့ဆုံညှိနှိုင်းပြီး ယုံကြည်မှုတည်ဆောက်ထားသည့် သက် သေ သာဓကဖြစ်ပါကြောင်း၊ ယုံကြည်မှုကို ပျောက်ကွယ် မသွားအောင် NCA အပေါ်တွင် မူတည်၍ဆောင်ရွက်သွားရန် အားလုံးက လက်ခံထားပြီးဖြစ်ပါကြောင်း၊ မိမိတို့ ရှေးရှု နေသည့် ပန်းတိုင်သည် ထာဝရငြိမ်းချမ်းရေးရရှိရန်ဖြစ်ပါကြောင်း၊ NCA စာချုပ်ကို အသေစွဲကိုင်ထားခြင်းမဟုတ်ပါကြောင်း၊ ငြိမ်းချမ်းရေးအတွက်လိုအပ်ပါက တချို့နေရာ များတွင် ပြောင်းခြင်း၊ ပြင်ခြင်းများပြုလုပ်ခြင်းအားဖြင့်  ငြိမ်းချမ်းရေးကိုပို၍ အထောက် အကူပြုသည်ဆိုပါက တိုင်းရင်းသားကိုယ်စားလှယ်များနှင့် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားရန် ရနိုင်ပါကြောင်း၊ အဓိက က နှစ်ဖက်ယုံကြည်မှု တည်ဆောက် နိုင်ရန် အရေးကြီးပါကြောင်း၊ NCA လက်မှတ်ထိုးနိုင်ခြင်းသည် နှစ်ဖက်ယုံကြည်မှု တည်ဆောက်ခြင်း ဖြစ်ပါကြောင်း၊ တိုင်းရင်းသားညီအစ်ကိုများနှင့် အမြဲတမ်း ထိတွေ့ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များဆောင်ရွက်ပြီး ယခုထက်တိုး၍ ယုံကြည်မှု တည်ဆောက်နိုင်ရန် လိုအပ်ပါကြောင်း၊ မည်မျှပင်ခက်ခဲပါစေ တွေ့ဆုံမှုများလာ သည်နှင့်အမျှ တစ်ဖက်နှင့်တစ်ဖက် ဆန္ဒများကို အလျော့အတင်း ပြုလုပ်သွားပါက မရနိုင်သည့် အနေအထား မရှိပါကြောင်း၊ ထို့ကြောင့် အမြဲတမ်းထိတွေ့ပြီး အောင်မြင်အောင် ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။
ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြည်တွင်းစစ်မီး စတင်လောင်ကျွမ်း သည့်အချိန်၊ ပြည်တွင်းစစ် စတင်သေနတ်ဖောက်သည့်အချိန်၌ ယခုနေရာသို့ ရောက်ရှိ နေသူ တစ်ဦးတစ်ယောက်မျှ မပါဝင်ခဲ့ပါကြောင်း၊ မိမိတို့သည် အဆက်ဆက်သော အစိုးရက ဖန်တီး၍မရခဲ့သော၊ မရယူနိုင်ခဲ့သောငြိမ်းချမ်းရေးကို မိမိတို့ခေတ် တွင် ရယူ နိုင်ရန် ကြိုးစားဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ပုခုံး ပေါ်သို့ကြရောက်လာသည့်တာဝန်ကို ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ပြည် တွင်းစစ်ကြီးချုပ်ငြိမ်းပြီး တိုင်းပြည်အေးချမ်းသာယာရေးအတွက် တတ်နိုင်သည့်ဘက်က နှစ်ဖွဲ့စလုံး ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ)ကြိုတင်ပြင်ဆင်ရေး ရှေ့ဆက်ဆောင်ရွက်သွား မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။


No comments:

Post a Comment