Wednesday, May 25, 2016

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ တရုတ်နိုင်ငံ သံအမတ်ကြီးအား တွေ့ဆုံ


နေပြည်တော် မေ ၂၅

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌဦးကျော်ကျော်မောင်သည်    မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. HONG Liang ဦးဆောင်သော အဖွဲ့အား ယနေ့ နံနက် (၁၁)နာရီတွင် နေပြည်တော်ရှိ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ကံ့ကော်ခန်းမ၌ တွေ့ဆုံသည်။



ထိုသို့တွေ့ဆုံရာ၌  တရုတ်-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များ ဆောင်ရွက်ရာတွင် ငွေရေးကြေးရေးကဏ္ဍမှ ပံ့ပိုးပေးနိုင်မှု၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်နှင့် တရုတ်ပြည်သူ့ဗဟိုဘဏ်ကြား ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နိုင်မည့်   ကိစ္စရပ်များနှင့် စပ်လျဉ်း၍   ဆွေးနွေးကြသည်။ 

No comments:

Post a Comment