Friday, May 27, 2016

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား တွေ့ဆုံ




နေပြည်တော် မေ ၂၇
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambiar အား တွေ့ဆုံသည်။

တွေ့ဆုံစဉ် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ဆိုင်ရာ ကိစ္စရပ်များ၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့နှင့် ဆက်နွယ်လျက် ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်း ရေးလုပ်ငန်း ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တာဝန်ရှိသူများ တက် ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။ (မြ၀တီ)

No comments:

Post a Comment