Friday, April 29, 2016

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး၊ ICRC ဌာနေ ကိုယ်စားလှယ်၊ UNRC ဌာနေညှိနှိုင်းရေးမှူးနှင့် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ



နေပြည်တော် ဧပြီ ၂၉
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့အလန် မာရှယ်အား ယနေ့မွန်းလွဲ (၁၂)နာရီ (၁၅)မိနစ်တွင် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေ နီကော်မတီ  (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jurg  Montani  အား ယနေ့ မွန်းလွဲ (၁)နာရီတွင်



လည်းကောင်း၊ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ms.  Renata  Dessallien အား ယနေ့မွန်းလွဲ(၂)နာရီတွင်လည်းကောင်း နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အလားတူ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး H.E. Ms. Isabella Lovin နှင့် အဖွဲ့အား  မွန်းလွဲ ၃ နာရီတွင် လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမ ဆောင်၌  တွေ့ဆုံပြီး  မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ရင်ကြား စေ့ရေး ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြ ကြောင်း သတင်းရရှိသည်။  

No comments:

Post a Comment