Friday, April 29, 2016

မီဒီယာကဏ္ဍတိုးတက်မြင့်မားရေး ဆွေးနွေး

နေပြည်တော်-ဧပြီ ၂၉             
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့မွန်းလွဲ(၂)နာရီတွင် UNESCO Myanmar အကြီးအကဲ Mr. Sardar Umar Alam နှင့်လည်းကောင်း၊ မွန်းလွဲ (၃) နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး   Dr.  Ito Sumardi နှင့် လည်းကောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံ သည်။

ပြည်ထောင်စုဝန်ကြီးသည် UNESCO Myanmar အကြီးအကဲနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် UNESCO  နှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာ-အင်ဒိုနီးရှား မီဒီယာကဏ္ဍပူးပေါင်း ဆောင်ရွက် ရေးနှင့် မီဒီယာ ၀န်ထမ်းများ အပြန်အလှန်စေလွှတ်နိုင်ရေး တို့ကို လည်းကောင်း ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

No comments:

Post a Comment