Tuesday, April 26, 2016

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၁)၏ကျောင်းဆင်းပွဲ အထိမ်း အမှတ် ဖော်ပြခဲ့မှုနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်

နေပြည်တော်၊ ဧပြီ-၂၆
စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၁)၏ (၄၇)နှစ်မြောက် ကျောင်းဆင်းပွဲ အထိမ်းအမှတ် မေတ္တာမွန်စာလွှာအား ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦး ဖြစ်သူ သူရဦးရွှေမန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ တပ်မတော် သတင်း မှန်ပြန်ကြားရေး အဖွဲ့က ယနေ့ရက်စွဲဖြင့် သတင်းတစ်ရပ်ထုတ်ပြန်၍ ကန့်ကွက်ထားရှိသည်။

ထိုသို့ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့မှုသည် စစ်တက္ကသိုလ်ကျောင်း ဆင်း များကိုသာ သီးသန့်ရည်ညွှန်းသည့် သဘောသက်ရောက်စေသဖြင့် တာဝန်ထမ်းဆောင် လျက်ရှိသည့် စစ်မှုထမ်းများအပြင် အငြိမ်းစားများ အပါအ၀င် တပ်မတော်သားများကို သွေးကွဲစေကာ တပ်မတော်ပြိုကွဲရေး ကိုလည်း သက်ရောက်စေပါကြောင်း၊ တပ်မတော်သည် ပြည်သူ များကရွေးချယ်သော အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အစဉ်တစ်စိုက်ပြောဆို လုပ်ဆောင်ခဲ့သည်များကို လစ်လျူရှုလျက် တပ်မတော်ကပူးပေါင်းဆောင်ရွက်မှု မရှိသကဲ့ သို့ မြှောက်ပင့်ပေးသည့် သဘောထား သက်ရောက်စေပါကြောင်း စသည်ဖြင့် ဖော်ပြပါရှိသည်။

ထို့ပြင် အဆိုပါလူမှုကွန်ရက်စာမျက်နှာ ၌ ရေးသားဖော်ပြချက် များအပေါ် မူတည်၍ သတင်းစာ၊ ဂျာနယ်အချို့ကထပ်ဆင့်ရေး သားဖော်ပြချက်များသည် လည်း နိုင်ငံနှင့်ပြည်သူလူထု၏ အကျိုး စီးပွား ကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ တပ်မတော်ပြိုကွဲရေး၊ အစိုးရအဆက်ဆက် ၏ နိုင်ငံတော် အတွက် လုပ်ဆောင် ချက်များနှင့် တပ်မတော်၏ရပ်တည်ချက်နှင့် လုပ်ဆောင်ချက်များ အပေါ် ပြည်သူများက အထင်မှားအမြင်မှား ဖြစ်စေနိုင်ပြီး အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ရည်မှန်းချက်ကို ထိခိုက်စေနိုင်သည့်အတွက် ကန့်ကွက်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။

No comments:

Post a Comment