Friday, April 29, 2016

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဆွီဒင် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊ အမေရိကန်သံအမတ်ကြီးနှင့် မွန်ဂိုလီးယားနိုင်ငံ သံအမတ်ကြီးတို့ အား သီးခြားစီ တွေ့ဆုံ


နေပြည်တော်၊ ဧပြီ ၂၉
မြန်မာနိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင် နေရာတွင်
 








ဆွီဒင်နိုင်ငံမှ ပါဝင်ရွေးချယ်ခံမည့်ကိစ္စများနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွီဒင်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး H.E. Ms. Isabella Lovin တို့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနဧည့်ခန်းမ၌ တွေ့ဆုံစဉ် ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ စကော့အလန်မာရှယ်သည် နံနက် (၁၀)နာရီတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ မွန်ဂိုလီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာ တက်စ်ဘီလ်ဂူအန်း တူမာကူလာဒ်သည် နံနက် (၁၀)နာရီ မိနစ်(၅၀)တွင်လည်းကောင်း သီးခြားစီ လာရောက်တွေ့ဆုံ ခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရေး ကိစ္စရပ်များ၊ အခြားအကျိုးတူ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment