နေပြည်တော်
ဧပြီ ၂၇
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်
ဦးဝင်းထိန်တို့သည် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဥတ္တရသီရိမြို့ မျက်စိ၊ နား၊ နှာခေါင်း၊
လည်ချောင်းဆေးရုံကြီး၌ ယခင် ခွဲစိတ်ကုသခဲ့သော မျက်လုံးများအား ပြန်လည် စမ်းသပ်စစ်ဆေးမှု
ခံယူခဲ့ရာ အခြေအနေကောင်းမွန်ကြောင်း သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့်
ဧပြီ ၉ ရက် နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံကြီး၌ ညာဘက်မျက်လုံးအား ခွဲစိတ်ကုသခဲ့ပြီး
ဧပြီ ၁၆ ရက်တွင် သူရဦးအောင်ကို၊ ဦးဝင်းထိန်၊ ဒေါ်ရွှေမှုံတို့နှင့်အတူ ဘယ်ဘက်မျက်လုံး
အတွင်းတိမ် အား ထပ်မံခွဲစိတ်မှုခံယူခဲ့ရာ ယနေ့တွင် ခွဲစိတ်ခဲ့သော မျက်လုံးများအား ပြန်လည်
စမ်းသပ်စစ်ဆေးခြင်းဖြစ်ပြီး မျက်လုံးများ အခြေအနေကောင်းမွန်ကြောင်း ဆေးရုံအုပ် ကြီးက
မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆေးရုံအတွင်းရှိ လူနာများအား လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ကြောင်း
သိရသည်။
နေပြည်တော် မျက်စိ၊
နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံကြီးအား မတ် ၉ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး နေပြည်တော်တစ်ဝန်းရှိ
မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်များ စုစည်းကာ အဆင့်မြင့် စက်ကိရိယာများဖြင့် ကုသပေးလျက် ရှိရာ နေ့စဉ် လူနာ ၅၀ ခန့် လာရောက်ကုသမှု
ခံယူလျက်ရှိကြောင်း ဆေးရုံအုပ်ကြီး ထံမှ သိရှိရသည်။
No comments:
Post a Comment