Friday, April 29, 2016

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ပုံနှိပ်ခြင်း၊ထုတ်ဝေခြင်း နှင့် သတင်းအေဂျင်စီလုပ်ငန်းများအား ခွင့်ပြုပေးနေမှုအခြေအနေ

 ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့ တွင် ထုတ်ပြန်ခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းနည်း ဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ပေးခဲ့ရာ (၄-၄-၂၀၁၆) ရက်နေ့ မှ (၂၂-၄-၂၀၁၆) ရက်နေ့ထိ လုပ်ငန်း အသိအမှတ်ပြု လက်မှတ် လျှောက်ထားလာသည့် ပုံနှိပ်ခြင်းလုပ်ငန်းအတွက် အသစ်လျှောက် ထားသူ (၁) ဦး၊ ထုတ်ဝေခြင်း လုပ်ငန်းအတွက် အသစ်လျှောက်ထားသူ ဂျာနယ် (၃) ဦး၊ မဂ္ဂဇင်း (၄) ဦး နှင့် အထွေထွေ (၃) ဦး ၊ ပေါင်း (၁၀) ဦးနှင့် သတင်းအေဂျင်စီ လုပ်ငန်းအသစ်လျှောက် ထားသူ (၁) ဦးတို့အား အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများ ပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) ရက်မှ စ၍ ယနေ့အထိ ပုံနှိပ်ခြင်း လုပ်ငန်း (၁၃၃၆) ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း (၁၇၈၃) ဦး နှင့် သတင်းအေဂျင်စီ လုပ်ငန်း ( ၃၂ ) ဦး၊ စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့်သတင်းအေဂျင်စီ လုပ်ငန်း(၃၁၅၁) ဦးအား အသိအမှတ်ပြု လက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပါသည်။
ပုံနှိပ်သက်တမ်းတိုး လျှောက်ထားသူ(၁)ဦး နှင့် မဂ္ဂဇင်းအသစ်လျှောက်ထားသူ (၁)ဦး တို့အား အချက် အလက် များစိစစ်ဆောင်ရွက် ဆဲဖြစ်ကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန

No comments:

Post a Comment