Tuesday, April 26, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ အိုင်ယာလန်နိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်


နေပြည်တော်၊ ဧပြီ ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိုင်ယာလန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စတာ ဘရီဒန် ရိုဂျာ (စ်) သည် ယနေ့ နံနက် ၁၀:၃၀ နာရီ တွင် နေပြည်တော် ရှိ သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။


အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့ တက်ရောက်ကြသည်။

No comments:

Post a Comment