Friday, April 29, 2016

နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာတာ က္ကသိုလ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး


နေပြည်တော်၊ ဧပြီ ၂၉
နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ ရုံးအမှတ် (၂၁)၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ စုဝေးခန်းမတွင် ယနေ့ နံနက် (၁၀) နာရီက ကျင်းပရာ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားရာတွင် တက္ကသိုလ် များအား အဆင့်မြင့်သိပ္ပံနှင့်
နည်းပညာဆိုင်ရာ ပညာရှင်များမွေးထုတ်ပေးနိုင်ရန်၊ အမျိုးသားစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ရန်၊ သင်ကြားသင်ယူရေး၊ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်နှင့် ထူးချွန်သော လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင် ပေးနိုင် ရေးအတွက် လုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာန အနေဖြင့်‌ ဆောင်ရွက်လျက် ရှိနေပြီး တက္ကသိုလ်များ ဘက်မှ လည်း အင်ဂျင်နီယာ၊ ဗိသုကာနှင့် ကွန်ပျူတာအတတ်ပညာရှင်များ တိုးတက် ပေါ်ထွန်းလာစေရေးကို စီမံ ချက်များ ချမှတ်၍ နိုင်ငံတော်လိုအပ်ချက်၊ ဒေသလိုအပ်ချက်နှင့် အညီ ဦးစားပေးအလိုက် ညီညီညွတ်ညွတ် ပွင့်လင်း မြင်သာစွာ အင်တိုက်အားတိုက် ဆောင်ရွက်သွား ကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးကျော်စွာစိုးက လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ခဲ့ပြီး တက်ရောက်လာကြသော ပါမောက္ခချုပ်များ၊ ဒုတိယပါ မောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများမှ မိမိတို့ တက္ကသိုလ်အလိုက် လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် လိုအပ်သည်များကို အပြန်အလှန် ဆွေးနွေး ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် တက္ကသိုလ်အလိုက် ရေးဆွဲထားသည့် Charter အလိုက် လုပ်ငန်းများ ဆောင်ရွက်ရေး၊ ဝန်ထမ်းများ၏ ပါရဂူဘွဲ့၊ မဟာဘွဲ့နှင့် ဘွဲ့လွန် သင်တန်းများ၊ ပညာရပ် တစ်ဆင့် မြှင့်တင် ပေးသည့် သင်တန်းများစေလွှတ်ခြင်း၊ အ‌ပြောင်းအရွှေ့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ တက္ကသိုလ်များ အတွက် ဝန်ထမ်းများညှိနှိုင်း ဖြည့်ဆည်း ပေးရေးကိစ္စ၊ နေ့စား ဝန်ထမ်းများအား အမြဲတမ်းဝန်ထမ်းများ အဖြစ် ခန့်အပ်ရေးကိစ္စ၊ အချိန်ပိုင်းနည်းပြ ခန့်အပ်လိုခြင်း တင်ပြသည့်ကိစ္စ၊ သင်ကြားရေး ဝန်ထမ်းများ၏ ရာထူးတိုး ကိစ္စရပ်များအား ဆွေးနွေး ခဲ့ကြပြီး အဆိုပါ အစည်းအဝေးကို ဧပြီ(၂၉) ရက်မှ (၃၀) ရက်အထိ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment