Tuesday, April 26, 2016

ပြည်သူ့လွှတ်တော်ရုံးစာကြည့်တိုက်သို့ စာအုပ်များလှူဒါန်း


နေပြည်တော် ဧပြီ  ၂၆
ပြည်သူ့လွှတ်တော်ရုံး စာကြည့်တိုက်သို့ စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိလွှတ်တော်အဆာက်အအုံ ပြည်သူ့လွှတ်တော် စာကြည့်တိုက်၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ က အဖွင့်အမှာစကားပြောကြားပြီး အလှူရှင် ဗိုလ်မှူးကြီးခင်မောင်ထွန်း(ငြိမ်း)က စာအုပ်လှူဒါန်းရသည့် အကြောင်းအရင်းကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် အလှူရှင်က ခင်မောင်နှင်း(ကျောက်ပန်းတောင်း) ကလောင်အမည်ဖြင့် ၄င်းကိုယ်တိုင်ရေးသားခဲ့သော ဘာသာရေးဆိုင်ရာ စာအုပ်(၄၃၀)အုပ်ကို ပေးအပ်လှူဒါန်းရာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက လက်ခံပြီးဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

No comments:

Post a Comment