Tuesday, March 22, 2016

ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး H.E. Mr. Daniel Zonshine အား လက်ခံတွေ့ဆုံ


နေပြည်တော် မတ် ၂၂
ပြည်ထောင်စု လွှတ်တော် နာယက အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် မြန်မာနိုင်ငံဆိုင်ရာ  အစ္စရေး သံအမတ်ကြီး H.E. Mr. Daniel Zonshine အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးက စာရေးဆရာ Dan Senor နှင့် Saul Singer တို့ ရေးသားထားပြီး စာရေးဆရာ ဦးဟိန်းလတ် ဘာသာပြန်ဆိုထားသည့် “Start Up Nation” စာအုပ်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ အားလုံးအတွက် ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လက်ခံခဲ့ကြောင်း သိရသည်။

           


No comments:

Post a Comment