Wednesday, March 23, 2016

ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းနှင့် တရုတ်ဝန်ကြီးချုပ် မစ္စတာလီခချန် မြန်မာ - တရုတ်နှစ်နိုင်ငံ ဆွေးနွေးပွဲသို့ တက်ရောက်


စန်းယ - မတ် ၂၃
မြန်မာ - တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို မတ် ၂၃ ရက် ဒေသစံတော်ချိန် ညနေ၅နာရီတွင် စန်းယမြို့ရှိ Sheraton ဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ လီခချန်နှင့်  ၀န်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများတက်ရောက်ကြသည်။


ဆွေးနွေးပွဲတွင် နှစ်နိုင်ငံကုန်သွယ်ရေးတိုးတက်လာမှု၊ မြန်မာ - တရုတ်နှစ်နိုင်ငံ အကြား နယ်စပ် ကုန်သွယ်ရေးကို တရားဝင်ကုန်သွယ်မှုအဖြစ် ပိုမိုအားပေးမြင့်တင် လိုမှုနှင့်  ကွမ်းလုံတံတားသစ် တည်ဆောက်ရေး ဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ 

No comments:

Post a Comment