Tuesday, March 1, 2016

တရားဥပဒေစိုးမိုးရေးတွင် စည်းကမ်းလိုက်နာမှုသည် အရေးကြီးသဖြင့် အခြေခံ၊ အသိပညာ၊ အတတ်ပညာများအား စာဖတ်ခြင်းမှ ရရှိနိုင်


နေပြည်တော် မတ် 
မိမိတို့သွားနေသည့် ဒီမိုကရေစီစနစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စည်းကမ်း၊ ဥပဒေဘောင်ထဲမှ အလုပ်ကို ကြိုးစားလုပ်ဆောင်ကြမည်ဆိုလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ရရှိစေမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွှေဝယ်သီရိ ပညာဗိမာန်စာကြည့်တိုက်ဖွင့်ပွဲနှင့် ထားဝယ်မြို့ သန့်ရှင်းသာယာလှပရေးအတွက် လမ်းသန့်ရှင်းရေးယာဉ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ တိုင်းဒေသကြီးအားကစားကွင်းရှိ ရွှေဝယ်သီရိ ပညာဗိမာန် စာကြည့်တိုက် ဖွင့်ပွဲနှင့်  လမ်းသန့်ရှင်းရေးယာဉ် လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့လည်ပိုင်း ကကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးတို့က ရွှေဝယ်သီရိပညာဗိမာန် စာကြည့်တိုက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စာကြည့်တိုက် ကမ္ဗည်းမော်ကွန်းကျောက်စာကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာတတ်ရန်၊ ခေတ်နှင့်အညီလိုက်နိုင်ရန် လိုကြောင်း၊ ပြည်သူတို့၏ ပကတိလိုအပ်ချက် ဆန္ဒမှာ တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေစိုးမိုး ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးတို့မှာ မရှိမဖြစ်လိုအပ် ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် နိုင်ငံတော် အစိုးရနှင့် တပ်မတော်တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်  (NCA) အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ဖြင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ ကျင်းပခြင်း၊ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ခြင်းလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နေ ကြောင်း၊ တရားဥပဒေ စိုးမိုးရေးတွင် စည်းကမ်းလိုက်နာမှုသည် အရေးကြီးသဖြင့် ယင်း၏အခြေခံဖြစ်သည့် အသိပညာ၊ အတတ် ပညာများအား စာဖတ်ခြင်းမှ ရရှိနိုင်ကြောင်း၊ မိမိဘ၀ တိုးတက်ရေးကိုလည်း အထောက် အကူပြုစေနိုင်ကြောင်း၊ ထားဝယ်ဒေသရှိ လူငယ်လူရွယ်များ၊ ဒေသခံပြည်သူများ အသိပညာတိုးပွားစေရန် ရွှေဝယ်သီရိပညာဗိမာန် စာကြည့်တိုက်အား ရည်ရွယ်ချက်ကြီးမားစွာဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေး လမ်းများ တစ်နှစ်ထက်တစ်နှစ် တိုးတက်ကောင်း မွန်မှုရှိလာသည်ကို တွေ့မြင်ရ ကြောင်း၊ ထို့အတွက် မြို့သန့်ရှင်းသာယာလှပရေးအတွက် အထိုက်အလျောက် အထောက်အကူဖြစ်စေရန် လမ်းသန့်ရှင်းရေးယာဉ်တစ်စီးကို လှူဒါန်းခဲ့ခြင်းဖြစ် ကြောင်း၊ မြို့သန့်ရှင်း သာယာလှပရေးအတွက် မြို့သူမြို့သားများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ ဒီမိုကရေစီစနစ်တွင် အခြေခံ ဥပဒေမူဘောင်အတွင်းမှ အလုပ်ကြိုးစားဆောင် ရွက်သွားရန်လိုကြောင်း၊ ထို့အတူ မိမိတို့ နေ့စဉ်စားသုံးနေသည့် စားကုန်၊ သောက်ကုန်၊ သုံးကုန်ပစ္စည်းများကို ကိုယ့်ဒေသ၊ ကိုယ့်တိုင်းပြည်အတွင်း ထုတ်လုပ်နိုင်အောင် ကြိုးစားလုပ်ဆောင်ကြ ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အလှူရှင်များမှ စုပေါင်းလှူဒါန်းသော ရွှေဝယ်သီရိပညာဗိမာန် စာကြည့်တိုက်ဆိုင်ရာ မှတ်တမ်းနှင့် လမ်းသန့်ရှင်း ရေးယာဉ်မှတ်တမ်းတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ ကိုယ်စား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် စေတနာရှင်အလှူရှင်များက စာကြည့်တိုက်နှင့် လမ်းသန့်ရှင်းရေးယာဉ်အတွက် အလှူငွေများကို ပေးအပ်လှူဒါန်း သည်။
အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် စာကြည့်တိုက်အတွင်းရှိ စာဖတ်ခန်းများ၊ E-Library နှင့် ကလေးစာဖတ် ခန်းများကိုလည်းကောင်း၊ လှူဒါန်းထားသည့် လမ်းသန့်ရှင်းရေးယာဉ်ကို လည်းကောင်း လိုက်လံကြည့်ရှုကြသည်။
ရွှေဝယ်သီရိပညာဗိမာန်စာကြည့်တိုက်ကို ထားဝယ်မြို့ တိုင်းဒေသကြီး အားကစားဝင်းအတွင်းရှိ မြေနေရာတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစု များနှင့် စေတနာရှင်အလှူရှင်များ၏ စုစုပေါင်း လှူဒါန်းငွေ ကျပ်သိန်းပေါင်း ၂၆၀၀ ကျော်ဖြင့် ၂၀၁၅ ခုနှစ်၊ ဇွန် ၄ ရက်တွင် ပန္နက်တော်တင် အခမ်းအနားပြုလုပ်၍ စတင် တည်ဆောက်ခဲ့ကြောင်း၊ RC သုံးထပ်ဆောင် အဆောက်အအုံဖြစ်ပြီး မြေညီထပ်တွင် ကလေးစာဖတ်ခန်းများနှင့် ရသစာအုပ်စင်များ၊ ပထမထပ်တွင်  E-Library ၊ သုတစာအုပ်စင်များနှင့် စာဖတ်ခန်း၊ ဒုတိယထပ်တွင် စာကြည့်တိုက်မှူး ရုံးခန်း၊ အစည်းအဝေးခန်းနှင့် ခန်းမတို့ပါဝင်ကြောင်းနှင့် စာကြည့်တိုက်အတွင်း၌ လက်ရှိတွင် သုတ၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် ဝတ္ထုစာအုပ် စသည့် အမျိုးအစားစုံ စာအုပ် စုစုပေါင်း ၁၀၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။
မွန်းလွဲပိုင်းတွင် ထားဝယ်တပ်နယ် တပ်မတော်ဆေးရုံတွင် ဆေးရုံတက်ရောက် ကုသမှုခံယူနေကြသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ၍ ကျန်းမာရေးအခြေအနေများ၊ ဆေးကုသနေမှု အခြေအနေများကို မေးမြန်းကာ အားပေးစကားပြောကြားပြီး လက်ဆောင်ပစ္စည်း များပေးအပ်ခဲ့သည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးနှင့် အဖွဲ့ဝင်များသည် အမျိုးသမီးကုသဆောင်တွင် ကုသမှုခံယူနေကြသည့် တပ်မတော်သား မိသားစုဝင် များကို အားပေးစကားပြောကြားပြီး လက်ဆောင်ပစ္စည်း များပေးအပ်ခဲ့ကာ ယနေ့ တပ်မတော်ဆေးရုံတွင် မွေးဖွားခဲ့သည့် မိခင်နှင့်ကလေးငယ်တို့ကို ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(မြ၀တီ)


No comments:

Post a Comment