နေပြည်တော် မတ် ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် တာဝန် ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ
သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲယ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂
နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး
ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေ များနှင့် အနာဂါတ်ကာလတွင်ပူးပေါင်းဆောင်ရွက်မှုများ
အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးရဲထွဋ်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
No comments:
Post a Comment