Tuesday, March 29, 2016

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ကတိသစ္စာပြုခြင်း၊ နိုင်ငံတော်သမ္မတ မိန့်ခွန်းပြောကြားခြင်း၊ နိုင်ငံတော် သမ္မတအိမ်တော်၌ တာဝန်လွှဲပြောင်းခြင်း အစီအစဉ်များ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် မတ် ၂၉
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး(၁၅)ရက် မြောက်နေ့ကို မတ် ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်နှင့် ဒုတိယ သမ္မတများ အဖြစ် ရွေးချယ်တင်မြှောက် ခံထားရသူများ ကတိသစ္စာပြုခြင်း၊ နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်တွင် မိန့်ခွန်းပြောကြားခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါ အခမ်းအနားကျင်းပပုံများကို မြန်မာ့ရုပ်မြင်သံကြား(News Channel)၊ လွှတ်တော် Channel နှင့် မြန်မာ့ အသံရေဒီယို အစီအစဉ်တို့တွင် နံနက် (၁၀)နာရီမှ စတင်၍ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။

အလားတူ နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပမည့် တာဝန်လွှဲပြောင်းခြင်း အခမ်းအနားကိုလည်း MRTV News Channel နှင့် မြန်မာ့အသံရေဒီယို အစီိအစဉ်တို့မှ နံနက် (၁၀)နာရီ (၄၅)မိနစ်တွင် တိုက်ရိုက် ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment