Tuesday, March 22, 2016

ပြည်ထောင်စုဝန်ကြီးများ၏ အမည်စာရင်း လွှတ်တော်သို့ အဆိုပြု

နေပြည်တော်၊ မတ် ၂၂
နိုင်ငံတော်သမ္မတ အဖြစ်ရွေးချယ် တင်မြှောက်ခြင်း ခံထားရသူ ဦးထင်ကျော်က ပြည်ထောင်စု ၀န်ကြီး(၁၈)ဦး၏ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့အဆိုပြုခဲ့ရာ ယနေ့ကျင်းပ သည့်ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန် အစည်းအဝေး (၁၁)ရက်မြောက်နေ့ တွင် ပြည်ထောင်စု လွှတ်တော်နာယ က မန်းဝင်းခိုင်သန်းက လွှတ်တော်သို့ အသိပေး တင်ပြသည်။

အဆိုပါ တင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးများ၏ အမည်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ အောင်သူ၊ ဦးသန့်စင်မောင်၊ သူရဦးအောင်ကို၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဦးကျော်ဝင်း၊ ဦးခင်မောင်ချို၊ ဒေါက်တာမြင့်ထွေး၊ ဦးဝင်းခိုင်၊ ဒေါက်တာ ၀င်းမြတ်အေး၊ ဦးအုန်းမောင်၊ ဒေါက်တာသန်းမြင့်၊ နိုင်သက်လွင်၊ ဒေါက်တာဖေမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် တို့ဖြစ်ကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် စာရင်း တင်သွင်း နိုင်ကြောင်း နာယကက လွှတ်တော်သို့ကြေညာသည်။

No comments:

Post a Comment