Tuesday, March 29, 2016

အရေးပေါ်အခြေအနေကြေညာချက် ရုပ်သိမ်းခြင်း

ရခိုင်ပြည်နယ်အတွင်း အရေးပေါ်အခြေအနေ ကြေညာချက် ရုပ်သိမ်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်၊ ၁/၂ဝ၁၆
၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်
(၂ဝ၁၆ ခုနှစ်၊ မတ်လ ၂၈ ရက်)
အရေးပေါ်အခြေအနေကြေညာချက် ရုပ်သိမ်းခြင်း
၁။ ရခိုင်ပြည်နယ်အတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အခြေအနေ ပေါ်ပေါက်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂၊ ပုဒ်မခွဲ (က) အရ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် အမှတ်၊ ၁/၂ဝ၁၂ ဖြင့် အရေးပေါ်အခြေအနေကြေညာခဲ့ပါသည်။

၂။ ယခုအခါ ရခိုင်ပြည်နယ်အတွင်း၌ ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အခြေအနေ မရှိတော့ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့၏ တင်ပြချက်အရတွေ့ရှိရသဖြင့် ရခိုင်ပြည်နယ် အတွင်း အရေးပေါ်အခြေအနေ ကြေညာခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်၊ ၁/၂ဝ၁၂ ကို ယနေ့မှစ၍ ရုပ်သိမ်းလိုက်သည်။

(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

No comments:

Post a Comment