Wednesday, March 23, 2016

၂၀၁၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မဟာမင်္ဂလာ အခမ်း အနားကျင်းပ


၂၀၁၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်ရှိ သာသနာ့ မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း တက်ရောက် ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်းပြီး ဆွမ်းဆန်စိမ်းနှင့် လှူဖွယ် ပစ္စည်းများ လောင်းလှူသည်။




 ရှေးဦးစွာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပူဇော် ပွဲကို ကျင်းပရာ သာသနာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်အောင်က အခမ်း အနားဖွင့်စာတမ်းကို ဖတ်ကြားလျှောက်ထား၍ အခမ်း အနားကို ဖွင့်လှစ်သည်။
 ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက်ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရ ဘိဝံသထံမှ နိုင်ငံတော်သမ္မတနှင့် ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
 ယင်းနောက် နိုင်ငံတော်သြ၀ါဒါစရိယဆရာတော် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်း မြို့နယ် ကျိုက်ပိ ကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂုဏေ သနက သမ္မောဒနီယသြ၀ါဒကထာကို ဖတ်ကြား ချီးမြှင့်တော်မူပြီး သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက သာသနာရေး ဆိုင်ရာများကို လျှောက်ထား သည်။
 ထို့နောက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်း ကြရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ပဲခူး တိုင်းဒေသကြီး မင်းလှမြို့ ဝေဠုဝန် စာသင်တိုက် ဆရာတော် ဘဒ္ဒန္တကုဏ္ဍလနှင့် ရန်ကုန် တိုင်းဒေသကြီး ရန်ကင်းမြို့နယ် မဟာဓမ္မိကာရုံ ပရိယတ္တိစာ သင်တိုက်(ကျိုက်ပိ) ဆရာတော် ဘဒ္ဒန္တဂုဏေသနတို့အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်တို့ကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ဒုတိယသမ္မတဦးဉာဏ်ထွန်းက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ် တော်ရ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ ရွှေတောင်ပါဠိတက္ကသိုလ် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇနိယနှင့် မန္တလေး တိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဒုမာဘိဝံသတို့အား ဘွဲ့တံ ဆိပ်တော်နှင့် အဆောင်အယောင်တို့ကို ဆက်ကပ်လှူဒါန်းသည်။
 ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရန်ကုန် တိုင်းဒေ သကြီး လှိုင်သာယာမြို့နယ် ချမ်းသာကြီးကျောင်း တိုက် သာသနာ့ဂုဏ်ရည်ဆရာတော် ဘဒ္ဒန္တပညိ ဿရာဘိဝံသနှင့် တိပိဋကဓရဓမ္မာ ဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မဟာ သုဗောဓာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဘိဇာတာဘိဝံသတို့အား ဘွဲ့တံဆိပ်တော်နှင့် အဆောင် အယောင်တို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ရှမ်းပြည်နယ် လားရှိုးမြို့ ကန်မိန်းပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒနှင့် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၊ ပန်းငွေရုံတောရ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တသုမန တို့အား ဘွဲ့တံဆိပ် တော်နှင့် အဆောင်အယောင်တို့ကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ် တော်ရ တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ နတ်မှော်ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းဆရာတော်ဘဒ္ဒန္တဉာဏိဿရနှင့် ရန်ကုန် တိုင်းဒေသကြီး ထန်းတပင်မြို့နယ် လှည်းဆိပ်စံပြကျေးရွာ မနောဟရီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကုသလတို့အား လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ အိန္ဒိယနိုင်ငံ ယူပီပြည်နယ် ကုသိနာရုံမြို့ မြန်မာဗုဒ္ဓဘာသာ ကျောင်းတိုက် ဥာဏာဝါသဆရာတော် ဒေါက်တာဘဒ္ဒန္တ ဥာဏိသာရ နှင့် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဗုဒ္ဓဂယာမြန်မာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဥာဏိန္ဒတို့အားလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင် အယောင်တို့ကို ဆက်ကပ်လှူဒါန်း ကြသည်။
 ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ)တို့က အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ ကမ္မဋ္ဌာနာစရိယ၊ သဒ္ဓမ္မဇောတိကဓဇ၊ မဟာကမ္မ ဋ္ဌာနာစရိယ၊ ဓမ္မကထိကဗဟုဇနဟိတဓရနှင့် ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်များ ရရှိကြသည့် ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုန်၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၏ဇနီး ဒေါ်ခင်အေးမြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ဇနီး ဒေါ်ကြူကြူလှတို့က အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ ဂန္ထဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးများအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူ ဒါန်းကြသည်။
 ယင်းနောက် သာသနာနုဂ္ဂဟဘွဲ့နှင့် သာသနာပြုဘွဲ့တံဆိပ်တော် ရရှိကြသူ များအား ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ပေးအပ်ကြရာ ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံ ဆိပ်တော်ရ ဦးကျော်ခင်မြင့် နှင့် သီရိသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ရ ဦးစိုးသိမ်းနှင့် ဦးစိုးနိုင်တို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်တို့ကို ပေးအပ်ချီးမြှင့်သည်။
 ဆက်လက်၍ ဒုတိယသမ္မတဦးဉာဏ်ထွန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသား လွှတ်တော်ဒုတိယ ဥက္ကဋ္ဌတို့က သီဟသုဓမ္မမဏိဇောတဓရ၊ သုဓမ္မမဏိဇောတဓရ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်ရရှိကြသူများအား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ပေးအပ် ချီးမြှင့်ကြသည်။
 ထို့နောက် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုန်၊ ဒုတိယ သမ္မတဦးဉာဏ်ထွန်း၏ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ဇနီး ဒေါ်ချိုချို၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ဇနီး နန့်ကြင်ကြည်၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများက အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ၊ သီရိသုဓမ္မသိင်္ဂီ၊ သီဟသုဓမ္မသိင်္ဂီနှင့် သုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ရရှိကြသူများအား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ပေးအပ်ချီးမြှင့်ကြသည်။
 ယင်းနောက် နိုင်ငံတော်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ နိုင်ငံတော်သမ္မတနှင့် ပရိသတ် များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကြသည်။
 အခမ်းအနားအပြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့နှင့်အတူ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စု တရားလွှတ်တော် ချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စု ရှေ့နေ ချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော် ကောင်စီတို့မှ အကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများ၊ နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ် များမှ ဘာသာရေးနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကုမ္ပဏီများနှင့် အလှူရှင်ပြည်သူများက ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ဥပ္ပါတသန္တိစေတီတော် အဝင်လမ်းနှင့် စေတီတော် ပတ်လမ်းတစ်လျှောက်တို့၌ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်း များကို သဒ္ဓါကြည်ဖြူစွာဖြင့် လောင်း လှူပူဇော်ကြ သည်။

 ယနေ့ကျင်းပသည့် အခမ်းအနားတွင် သံဃာတော်အရှင်မြတ် (၁၅၂)ပါး၊ သီလရှင် ဆရာကြီး (၇)ပါး၊ လူပုဂ္ဂိုလ် အမျိုးသား (၁၈)ဦးနှင့် အမျိုးသမီး (၃၇)ဦးတို့အား သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ် လှူဒါန်း ချီးမြှင့်ခဲ့သည်။  

No comments:

Post a Comment