Tuesday, March 22, 2016

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် မိန့်ကြားခြင်းမပြုသော အကြောင်းအရာများအား မြန်မာသံတော်ဆင့်ဂျာနယ်မှ မှားယွင်းသတင်းဖော်ပြခြင်းနှင့်ပတ်သက်၍ မီဒီယာကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ အကြောင်းကြားထားရှိ

နေပြည်တော် မတ် ၂၂
မြန်မာသံတော်ဆင့် ဂျာနယ် မတ် ၁၉-၂၅ ရက်ထုတ်အတွဲ(၅) အမှတ်စဉ်(၂) စာမျက်နှာ(၄)နှင့် အချပ်ပို (က)တို့တွင် "ကိုယ့်ဘာသာ၊ ယဉ်ကျေးမှုအနှစ်သာရ စာသင်ကျောင်းတွေမှာ ဖျက်ခဲ့တဲ့အတွက် ပြန်ထည့် ဖို့ရာ အတွက် အတော့်ကို ခက်ခဲနေတယ်"ခေါင်းစဉ်ဖြင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကုသလ မိန့်ကြားခြင်းမပြုသော အကြောင်းအရာများအား ဆရာတော်၏ခွင့်ပြု ချက်မရှိဘဲ လုပ်ကြံရေးသား ဖော်ပြခဲ့ခြင်းနှင့်ပတ်သက်၍ မှားယွင်းဖော်ပြကြောင်း ပြန်လည်ရေးသား ဖြေရှင်းပေးရန် ဆရာတော်က မြန်မာသံတော်ဆင့်ဂျာနယ်အမှုဆောင်အရာရှိချုပ်ထံ ကန့်ကွက်စာပေးပို့ခဲ့ကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သာသနာရေးဝန်ကြီးဌာနက ပြန်ကြားရေးဝန်ကြီးဌာနသို့ ဆက်လက် အကြောင်း ကြားခဲ့ရာ ထိုကဲ့သို့ မှားယွင်းသတင်း ဖော်ပြခြင်းနှင့်ပတ်သက်၍ မြန်မာသံတော်ဆင့်ဂျာနယ်အနေဖြင့် သတင်းမီဒီယာ ဥပဒေပါ မီဒီယာကျင့်ဝတ်များနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ပါရန်ပြန်ကြားရေး ၀န်ကြီးဌာနမှ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံသို့  အကြောင်းကြားထားကြောင်း သတင်းရရှိ သည်။



No comments:

Post a Comment