Thursday, March 31, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို နိုင်ငံတော်နှင့် နိုင်ငံသား တို့၏ အကျိုးစီးပွားအလို့ငှာ ဆောလျင်စွာ ဆောင်ရွက်မည်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကျင်းပ

နေပြည်တော် မတ် ၃၁
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ ကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အဆိုတင်သွင်းခြင်းနှင့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ကတိသစ္စာပြုခြင်း တို့ကို ဆောင်ရွက်ကြသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ ကျင်းပ လွှတ်တော် ကိုယ်စားလှယ်(၃)ဦး ကတိသစ္စာပြု


နေပြည်တော် မတ် ၃၁
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက် နေ့ကို ယနေ့နံနက် (၁၀)နာရီတွင် ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်(၃)ဦး ကတိ သစ္စာပြုခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ နိုင်ငံတကာ လွှတ်တော်ဥက္ကဋ္ဌများက ပေးပို့သည့် သ၀ဏ်လွှာများ မှတ်တမ်းတင်ခြင်း၊ လွှတ်တော်ကော် မတီဥက္ကဋ္ဌ ပြောင်းလဲဖွဲ့စည်း ခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံထားရသည့် လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာစိုင်းမောက်ခမ်း၊ ဇီးကုန်း မဲဆန္ဒနယ်မှ ဦးဥာဏ်ထွန်း၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်တို့သည် ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး(၁၆)ရက်မြောက်နေ့တွင် လွှတ်တော် ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုကြသည်။

Wednesday, March 30, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ



နေပြည်တော် မတ် ၃၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့က တည်ခင်း ဧည့်ခံသည့် ညစာစားပွဲကို ယနေ့ ညနေ ၆ နာရီခွဲတွင် နိုင်ငံတော်သမ္မတ အိမ်တော်ဥပစာရှိ မြက်ခင်းပြင်၌ ကျင်းပသည်။

နိုင်ငံတော်သမ္မတ တာဝန်လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကျင်းပ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် သမ္မတအသစ် ဦးထင်ကျော်ထံ နိုင်ငံတော် သမ္မတတာဝန်များ လွှဲပြောင်းပေးအပ်


နေပြည်တော် မတ် ၃၀
နိုင်ငံတော်သမ္မတတာဝန် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ကျင်းပသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပြည်ထောင်စု လွှတ်တော်တွင် မိန့်ခွန်း ပြောကြား


နေပြည်တော် မတ် ၃၀
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ တွင် မိန့်ခွန်း ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အဖြစ် ရွေးချယ် တင်မြှောက်ခံ ထားရသူများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ အဖြစ် ခန့်အပ် တာဝန်ပေးရန် သဘောတူညီထားသောပုဂ္ဂိုလ်များ ကတိသစ္စာပြု

နေပြည်တော် မတ် ၃၀
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက် နေ့ကို ယနေ့ နံနက်တွင် နေပြည်တော် ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက ရှေ့မှောက် ၌ နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးထင်ကျော်၊ ဒုတိယသမ္မတများ အဖြစ် ရွေးချယ်တင်မြှောက် ခံထားရသူ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူတို့ ကတိသစ္စာပြုခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းဝင်အဖြစ် ခန့်အပ် တာဝန်ပေးရန် သဘော တူညီထားသော ပုဂ္ဂိုလ်များ ကတိသစ္စာပြုခြင်း၊ နိုင်ငံတော်သမ္မတမိန့်ခွန်းပြောကြားခြင်းနှင့် အဆိုပါမိန့်ခွန်းအားမှတ်တမ်းတင်ခြင်းတို့ကိုဆောင်ရွက်ကြသည်။

Tuesday, March 29, 2016

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ကတိသစ္စာပြုခြင်း၊ နိုင်ငံတော်သမ္မတ မိန့်ခွန်းပြောကြားခြင်း၊ နိုင်ငံတော် သမ္မတအိမ်တော်၌ တာဝန်လွှဲပြောင်းခြင်း အစီအစဉ်များ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် မတ် ၂၉
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး(၁၅)ရက် မြောက်နေ့ကို မတ် ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်နှင့် ဒုတိယ သမ္မတများ အဖြစ် ရွေးချယ်တင်မြှောက် ခံထားရသူများ ကတိသစ္စာပြုခြင်း၊ နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်တွင် မိန့်ခွန်းပြောကြားခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။

အရေးပေါ်အခြေအနေကြေညာချက် ရုပ်သိမ်းခြင်း

ရခိုင်ပြည်နယ်အတွင်း အရေးပေါ်အခြေအနေ ကြေညာချက် ရုပ်သိမ်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်၊ ၁/၂ဝ၁၆
၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်
(၂ဝ၁၆ ခုနှစ်၊ မတ်လ ၂၈ ရက်)
အရေးပေါ်အခြေအနေကြေညာချက် ရုပ်သိမ်းခြင်း
၁။ ရခိုင်ပြည်နယ်အတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အခြေအနေ ပေါ်ပေါက်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂၊ ပုဒ်မခွဲ (က) အရ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် အမှတ်၊ ၁/၂ဝ၁၂ ဖြင့် အရေးပေါ်အခြေအနေကြေညာခဲ့ပါသည်။

သင်္ကြန်ပိတ်ရက် ခရီးသွားသူများ ယခုနှစ်လည်း ခက်ခဲနေဆဲ




သင်္ကြန်ကာလပိတ်ရက်များတွင် အဝေးပြေးခရီးသွားကားလက်မှတ်များ ယခုနှစ်တွင်လည်း ယခင်နှစ်များ အတိုင်း အခက်အခဲ ဖြစ်နေဆဲကို မြင်တွေ့ရသည်။ သင်္ကြန်ရက်နီးလာသည်နှင့်အမျှ အဝေးပြေးယာဉ်များ စီးနင်းရာတွင် လက်မှတ်ခပိုမိုပေး ဝယ်ရခြင်း၊ ယာဉ်များပေါ်တွင် ခရီးသည်အဆမတန်တင်ဆောင်သဖြင့် ကျပ်ကျပ်တည်းတည်းစီးနင်းရခြင်းများ စတင်ကြုံတွေ့နေရပြီဖြစ်သည်။

ရန်ကုန်သင်္ကြန်ယာဉ်ထိန်းရဲ ၁၀၀၀ ခန့်ချထားပြီး အရက်မူးတိုင်းကိရိယာဖြင့်ပါစစ်ဆေးအရေးယူမည်




ရန်ကုန် မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း သင်္ကြန်ကာလ၌ ယာဉ်အန္တရာယ် ကင်းရှင်းရေး အတွက် ယာဉ်ထိန်း တပ်ဖွဲ့ဝင်အင်အား ၁ဝဝဝ ခန့် ချထားသွားမည့်အပြင် အရက်မူး တိုင်း ကိရိယာ (ALCOHOL TESTER) ဖြင့် တိုင်းတာစစ်ဆေး၍ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမှတ် (၂) ယာဉ် ထိန်းရဲတပ်ဖွဲ့ မှူးရုံး (ရန်ကုန်)မှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူး ကြီး အောင်ကိုဦးက ပြောကြားသည်။

Monday, March 28, 2016

တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်းအချိန်ပြောင်းလဲထုတ်လွှင့်မည်

နေပြည်တော် မတ် ၂၇



မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းထုတ်လွှင့်မှုကို၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂ဝ၁၆ ခုနှစ် မတ် ၃၁ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှစပြီး ချင်း(ချိုး)၊ မွန်၊ ရခိုင်၊ ရှမ်း၊ 'ဝ'၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး)ဘာသာအစီအစဉ်များကို ည ၁၁ နာရီ အထိထုတ်လွှင့်လျက်ရှိသည်။

ယခု NRTC ရုပ်သံလိုင်းထုတ်လွှင့်ချိန် ပြောင်းလဲထုတ်လွှင့်မှု ကို ၂ဝ၁၆ ခုနှစ် ဧပြီ ၁ ရက်မှစပြီး ၂ဝ၁၆ ခုနှစ် ဇူလိုင် ၃၁ ရက် အထိ နေ့စဉ်နံနက် ၆ နာရီမှ ၈ နာရီအထိ မွန်ဘာသာအစီအစဉ်၊ နံနက် ၈ နာရီမှ ၁ဝ နာရီအထိ ရခိုင်ဘာသာအစီအစဉ်၊ နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ရှမ်းဘာသာအစီအစဉ်၊ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီအထိ 'ဝ'ဘာသာ အစီအစဉ်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ ကချင်ဘာသာအစီအစဉ်၊ ညနေ ၄ နာရီ မှ ၆ နာရီအထိ ကယားဘာသာအစီအစဉ်၊ ညနေ ၆ နာရီမှ ည ၇ နာရီအထိ စကောကရင်ဘာသာအစီအစဉ်၊ ည ၇ နာရီမှ ၈ နာရီ အထိ အနောက်ပိုးကရင်ဘာသာအစီအစဉ်၊ ည ၈ နာရီမှ ၉ နာရီ အထိ အရှေ့ပိုးကရင်ဘာသာအစီအစဉ်၊ ည ၉ နာရီမှ ၁ဝ နာရီအထိ ချင်း(လိုင်ဇိုး) ဘာသာအစီအစဉ်၊ ည ၁ဝ နာရီမှ ၁၁ နာရီအထိ ချင်း (ချိုး) ဘာသာအစီအစဉ်တို့ကို ဘာသာအလိုက် အချိန်ပြောင်းလဲ ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။ 

ကျွန်တော်နဲ့ မိသားစုပိုင် စီးပွားရေးလုပ်ငန်းများ


ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးအဆောက် အအုံကို သုံးသပ်လေ့လာတဲ့အခါ မိသားစုပိုင်စီးပွား ရေးလုပ်ငန်းများဟာ အရေးပါလျက် ရှိနေသေးတာ ကို တွေ့မြင်ရပါတယ်။ အမှန်စင်စစ် မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေဟာ ရှေးအကျဆုံး ဖြစ်ရုံသာမက ယခုထက်တိုင် ပဓာနကျတဲ့ အခန်းမှာရှိနေတာဖြစ်တယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ သုံးသပ်တဲ့အခါ လုပ်ငန်းများရဲ့ ၇ဝ ရာခိုင်နှုန်းဟာ မိသားစုပိုင် လုပ်ငန်းတွေဖြစ်နေပါတယ်။ မိသားစုပိုင်စီးပွားရေး လုပ်ငန်းများဟာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါနေတာတွေ့ရပါတယ်။

လူနေမှုအရွေ့တစ်ခုနှင့်အတူအဆင့်မီသော မြို့ပြသစ်ဆီသို့




သတင်းဆောင်းပါး-ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ဖိုးထောင်၊

 ဆောက်လုပ်ရေးဝန်ကြီးဌာန မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေအများဆုံးနေထိုင်သည့် စီးပွားရေးမြို့တော် ရန်ကုန်သည် မြို့ပြတွင်နေထိုင်သည့် လူဦးရေအချိုးအစား မြင့်မားသည့် နေရာတစ်ခုဖြစ်လာနေသည်။

ဓာတုဗေဒစစ်ဆေးရေးဌာန DNA ဌာနခွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ


နေပြည်တော် မတ် ၂၇

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် လှတော်ဝင်လမ်းရှိ ဓာတုဗေဒ စစ်ဆေးရေးဌာန DNA ဌာနခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန/လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို တက်ရောက်ဖွင့်လှစ်ပေးသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ် ဇော်ဝင်း၊ မှုခင်းရဲတပ်ဖွဲ့မှူးနှင့် ဓာတုဗေဒဝန်ရုံး ညွှန်ကြား ရေးမှူးတို့က ဖဲကြိုးဖြတ်ပေးပြီး ပြည်ထောင်စု ဝန်ကြီးက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ ကမ္ပည်း မော်ကွန်းအား အမွှေးနံ့သာများ ပက်ဖျန်းပေးသည်။


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးများ

Sunday, March 27, 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၇၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ဂုဏ်ပြု


နေပြည်တော် မတ်   ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် ၂၀၁၆ ခုနှစ် (၇၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ဂုဏ်ပြုသည်။
ဂုဏ်ပြုညစာစားပွဲ စတင်ကျင်းပချိန်တွင် (၇၁)နှစ်မြောက်တပ်မတော်နေ့ အထိမ်း အမှတ်အဖြစ် တပ်မတော်နေ့စစ်ရေးပြကွင်းနှင့် ဘုရင့်နောင်ရိပ်သာတို့မှ မီးရှူးမီးပန်းများ ပစ်ဖောက်ဂုဏ်ပြုကြသည်။

(၇၁)နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားသို့တက်ရောက်ကြသည့် တပ်မတော် အငြိမ်းစားအရာရှိကြီးများအား တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ဂါဝရပြု






နေပြည်တော်၊ မတ် ၂၇

(၇၁)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားအရာရှိကြီးများအား တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများက ဂါရ၀ပြုသည့် အခမ်းအနားကို ယနေ့နေ့လယ် ပိုင်းတွင်  နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပသည်။

အဆိုပါဂါရ၀ပြုသည့်အခမ်းအနားသို့ တပ်မတော်အငြိမ်းစား အရာရှိကြီး ၃၉ ဦးနှင့် ဇနီး ၁၄ ဦးတို့ကန်တော့ခံတက်ရောက်ကြသည်။

(၇၁)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များနှင့် တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူ ဆုရရှိသူများအား ဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာများပေးအပ်



နေပြည်တော် ၊ မတ် ၂၇

(၇၁)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းဖြစ်သည့် အညတရ မိုးကောင်းကင် ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်များနှင့် စစ်ချီတေး၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆု၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ အညတရမိုးကောင်းကင် ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီတေး၊ စစ်သည်တေး သီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များ တက်ရောက်ကြသည်။

(၇၁)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြ တပ်ခွဲများအား ဆုချီးမြှင့်




နေပြည်တော်၊ မတ် - ၂၇

(၇၁)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြတပ်ခွဲများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တပ်စစ်ရေးပြကွင်း၌ ကျင်းပရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် တက်ရောက်၍ ဆုများကို ပေးအပ်ချီးမြှင့်သည်။

သုတေသနနှင့် ဓာတ်ခွဲပညာရှင်များက တောင်သူများလက်ဝယ်အရောက် ပညာပေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန်လိုအပ်


နေပြည်တော် မတ် ၂၇

ဌာနအသီးသီးနှင့် ဓါတ်ခွဲခန်းများတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်း ပညာရှင်များအား နိုင်ငံ၏လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် သုတေသနနှင့် ဓါတ်ခွဲခန်းပညာရှင်များသည် မိမိတို့ကျွမ်းကျင် တတ်မြောက်ထားသော ပညာရပ်များကို တောင်သူလယ်သမားများလက်ဝယ်သို့ ထိထိရောက်ရောက် အသုံးပြုနိုင်ရေးအတွက် ပညာပေးခြင်းလုပ်ငန်းများကို ယခုထက်ပိုမို၍ တိုးတက်ကြိုးပမ်းလုပ်ဆောင်သွားရန်နှင့် ပြည်ထောင်စုမြန်မာ နိုင်ငံတစ်ဝှမ်းလုံးတွင် မြို့နယ်ပေါင်း(၃၃၀)၊ ကျေးရွာပေါင်း (၆၄၀၀၀)ကျော် ရှိသည့်အနက် မြို့နယ်တစ်မြို့နယ်ခြင်းစီ၏ မြေနမူနာများကိုရယူ၍ ဓါတ်ခွဲ စမ်းသပ်ခြင်းများဆောင်ရွက်ပြီး၊ စပါးသီးနှံအပါအဝင် ဒေသအလိုက် စီးပွားဖြစ် စိုက်ပျိုး ကြသော အဓိကသီးနှံအမယ်များ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊

ဒေးဒရဲမြို့ စံပြမူလတန်းကြိုကျောင်းဖွင့်လှစ်



နေပြည်တော် မတ် ၂၇

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ မြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျှက် မတ်(၂၆)ရက်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့သို့ရောက်ရှိပြီးဝန်ကြီးဌာနမှ ငွေကျပ်သိန်း(၃၀)ွဖင့် ထောက်ပံ့ထားသည့် ကျောက်စိမ်းလမ်းတွင် ကျန်ရှိသည့် ကွန်ကရစ်လမ်းနှင့် ပတ္တမြားလမ်းကွန်ကရစ်လမ်း ကိုလည်းကောင်း၊ ဆက်လက်၍ (၁၀)ရပ်ကွက်၌ ဝန်ကြီးဌာနမှ ငွေကျပ်သိန်း(၅၀)ွဖင့် ထောက်ပံ့ထားသည့် ကွန်ကရစ်လမ်းဖွင့်ပွဲနှင့် ဝန်ကြီးဌာနမှ ငွေကျပ်(၁၈၈.၉)သိန်းဖြင့် ထောက်ပံ့ထားသည့် ပြည်သူ့ပန်းခြံအတွင်း ဖျာပုံမြစ်ကမ်းပါးထိန်း ကွန်ကရစ်နံရံဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ကာဖဲကြိုွးဖတ်ဖွင့်လှစ်ပေး၍ ကမ္ဗည်းမော်ကွန်းကိုနံ့သာရည် ပက်ဖျန်းပေးသည်။

(၇၁)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကျင်းပပြုလုပ် နိုင်ငံတော်အစိုးရနှင့်အတူ ပါတီစုံဒီမိုကရေစီနိုင်ငံတော် ဖော်ဆောင်သည့် နေရာတွင် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး ပြည်သူလူထု၏ အကျိုးစီးပွားကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်











နေပြည်တော် ၊ မတ် - ၂၇

၂ဝ၁၆ ခုနှစ် (၇၁)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် စစ်ရေးပြကွင်းကြီး၌ တပ်မတော်နေ့ဦးတည်ချက် လေးရပ်နှင့်အညီ အနှစ်သာရရှိစွာ ကျင်းပသည်။

၂ဝ၁၆ ခုနှစ် (၇၁)နှစ်မြောက်တပ်မတော်နေ့  စစ်ရေးပြအခမ်းအနား၌  ပါဝင် ချီတက်ကြမည့် ယန္တယားတပ်ဖွဲ့များ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)စစ်သည်များ၊ တပ်မတော်(ကြည်း) အမျိုးသမီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ အမျိုးသမီးစစ်ရေးပြတပ်ခွဲတို့သည်  စစ်ကြောင်းကြီးများအလိုက် သစ်တပ်စစ်ရေးပြကွင်း၌ နံနက် ၅ နာရီတွင် စတင်၍ ရောက်ရှိနေရာယူကြပြီး စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

Saturday, March 26, 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးနေ့ သဝဏ်လွှာများပေးပို့

နေပြည်တော် မတ် ၂၆
၂ဝ၁၆ ခုနှစ် မတ် ၂၆ ရက်တွင် ကျရောက်သော ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံမှ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတ နိုင်ငံသမ္မတ မစ္စတာ မိုဟာမက် အဗ္ဗဒူလ်ဟာ မစ်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

Friday, March 25, 2016

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ


နေပြည်တော် မတ် ၂၅
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် အဖွဲ့ဝင်များနှင့်အတူ ပထမအကြိမ် မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ထိပ်သီး အစည်းအဝေးနှင့် ဘိုအောညီ လာခံသို့ တက်ရောက်ခဲ့ပြီး   ဒေသစံတော်ချိန် ယနေ့နံနက် ၉ နာရီတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ စန်းယမြို့ မှ လေကြောင်းခရီးဖြင့်ထွက်ခွာရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးသစ်လင်းအုန်း နှင့် မြန်မာကောင်စစ်ဝန်ချုပ် ဦးဇော်ဇော်စိုး၊ တရုတ်နိုင်ငံ သံအမတ်ကြီးပောာင်း မစ္စတာကွန်မု၊ ဟိုင်နယ် ပြည်နယ် စန်းယမြို့ ဒုတိယမြို့တော်ဝန် မစ္စတာဝူဖန်းနှင့် တာဝန်ရှိသူများက စန်းယလေဆိပ်၌  ပို့ဆောင် နှုတ်ဆက် ကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၂၀၁၆ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခြင်းအခမ်းအနား သို့ တက်ရောက်၍ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်


နေပြည်တော် မတ် ၂၅

၂၀၁၆ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ရောက်၍ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီး မြှင့်သည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး (၁၃)ရက်မြောက်နေ့ ကျင်းပ


နေပြည်တော်၊ မတ် ၂၅
ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန် အစည်းအဝေး ၁၃ ရက်မြောက် နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ခံထားရသူထံမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဦးရေ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အမည်စာရင်း အဆိုပြုတင်သွင်းခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများ တိုးချဲ့ခြင်း၊ ပယ်ဖျက်ခြင်း၊ နယ်နိမိတ်ဧရိယာ ပြင်ဆင်ခြင်းနှင့် အမည် ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်း ခြင်း တို့ကို ဆောင်ရွက်ကြသည်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် မြန်မာနိုင်ငံ ဆိုင်ရာ စင်္ကာပူ သံရုံးမှ ဒုတိယ သံရုံးအကြီးအကဲ/ သံမှူးကြီးMr. KOH CHEE CHIAN အား တွေ့ဆုံ


နေပြည်တော်၊ မတ်လ-၂၅
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်သည် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံရုံးမှ ဒုတိယသံရုံး အကြီးအကဲ/သံမှူးကြီး Mr. KOH CHEE CHIANအားယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံရေးရာ ဆောင်အမှတ် (I-2) ဥက္ကဋ္ဌရုံးခန်း၌ တွေ့ဆုံသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးရေ ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အမည်စာရင်းတင်သွင်း

နေပြည်တော်၊ မတ် ၂၅
ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန် အစည်းအဝေး ၁၃ ရက်မြောက် နေ့ကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ထံမှ အဆိုပြုထား သည့် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် အဖွဲ့ဝင် ဦးရေ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အမည်စာရင်းကိုအဆိုပြုတင်ပြသည်။

(၇၁)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကျင်းပပုံ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် မတ် ၂၅

၂၀၁၆ ခုနှစ် (၇၁) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ကျင်းပုံနှင့် စစ်ရေးပြ အခမ်းအနားတွင် ပါဝင် စစ်ရေးပြ ကြမည့် စစ်ကြောင်းများ ချီတက် စစ်ရေးပြကြပုံများကို မြန်မာ့ရုပ်မြင်သံကြား News Channel နှင့် မြန်မာ့အသံ ရေဒီယိုတို့မှ မတ် (၂၇)ရက် နံနက် ၅ နာရီခွဲမှစတင်ပြီး အခမ်းအနားကျင်းပရာ နေပြည်တော် စစ်ရေးပြ ကွင်းကြီးမှ တိုက်ရိုက် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းဘိုအော ညီလာခံသို့ တက်ရောက်



ဘိုအော မတ် ၂၄
 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် အဖွဲ့သည် မတ် ၂၄ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် စန်းယမြို့မှ ဘိုအောမြို့သို့ အမြန်ရထားဖြင့် သွားရောက်ကြပြီး နံနက် ၉ နာရီတွင် BFA Main Hall တွင် ကျင်းပသည့် ဘိုအောညီလာခံသို့ တက်ရောက်သည်။

Wednesday, March 23, 2016

ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းနှင့် တရုတ်ဝန်ကြီးချုပ် မစ္စတာလီခချန် မြန်မာ - တရုတ်နှစ်နိုင်ငံ ဆွေးနွေးပွဲသို့ တက်ရောက်


စန်းယ - မတ် ၂၃
မြန်မာ - တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို မတ် ၂၃ ရက် ဒေသစံတော်ချိန် ညနေ၅နာရီတွင် စန်းယမြို့ရှိ Sheraton ဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ လီခချန်နှင့်  ၀န်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများတက်ရောက်ကြသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းပထမအကြိမ် မဲခေါင် - လန်ချန်းပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်


စန်းယ - မတ် ၂၃
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် စန်းယမြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် မတ် ၂၃ ရက်တွင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် ပထမအကြိမ် မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည်။

၂၀၁၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မဟာမင်္ဂလာ အခမ်း အနားကျင်းပ


၂၀၁၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်ရှိ သာသနာ့ မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း တက်ရောက် ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်းပြီး ဆွမ်းဆန်စိမ်းနှင့် လှူဖွယ် ပစ္စည်းများ လောင်းလှူသည်။

Tuesday, March 22, 2016

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် မိန့်ကြားခြင်းမပြုသော အကြောင်းအရာများအား မြန်မာသံတော်ဆင့်ဂျာနယ်မှ မှားယွင်းသတင်းဖော်ပြခြင်းနှင့်ပတ်သက်၍ မီဒီယာကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ အကြောင်းကြားထားရှိ

နေပြည်တော် မတ် ၂၂
မြန်မာသံတော်ဆင့် ဂျာနယ် မတ် ၁၉-၂၅ ရက်ထုတ်အတွဲ(၅) အမှတ်စဉ်(၂) စာမျက်နှာ(၄)နှင့် အချပ်ပို (က)တို့တွင် "ကိုယ့်ဘာသာ၊ ယဉ်ကျေးမှုအနှစ်သာရ စာသင်ကျောင်းတွေမှာ ဖျက်ခဲ့တဲ့အတွက် ပြန်ထည့် ဖို့ရာ အတွက် အတော့်ကို ခက်ခဲနေတယ်"ခေါင်းစဉ်ဖြင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကုသလ မိန့်ကြားခြင်းမပြုသော အကြောင်းအရာများအား ဆရာတော်၏ခွင့်ပြု ချက်မရှိဘဲ လုပ်ကြံရေးသား ဖော်ပြခဲ့ခြင်းနှင့်ပတ်သက်၍ မှားယွင်းဖော်ပြကြောင်း ပြန်လည်ရေးသား ဖြေရှင်းပေးရန် ဆရာတော်က မြန်မာသံတော်ဆင့်ဂျာနယ်အမှုဆောင်အရာရှိချုပ်ထံ ကန့်ကွက်စာပေးပို့ခဲ့ကြောင်း သိရှိရသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပထမအကြိမ် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ထိပ်သီးအစည်းအဝေးနှင့် ဘိုအောညီလာခံဖွင့်ပွဲအခမ်းအနားတက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိ


စန်းယ - မတ် ၂၂
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် အဖွဲ့ဝင်များနှင့်အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဘိုအောမြို့တွင် ကျင်းပမည့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး ထိပ်သီး အစည်း အဝေးနှင့် အာရှ ဒေသဆိုင်ရာ ဘိုအော ညီလာခံသို့ တက်ရောက်ရန် အတွက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် မတ် ၂၂
ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက် နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူမှ အဆိုပြု ထားသည့် ပြည်ထောင်စုဝန်ကြီးများ၏ အမည်စာရင်းကိုလွှတ်တော်သို့ တင်ပြခြင်း၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့ထံမှပေးပို့သည့် သ၀ဏ်လွှာများကို မှတ်တမ်း တင်ခြင်းတို့ကိုဆောင်ရွက်ကြသည်။

ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး H.E. Mr. Daniel Zonshine အား လက်ခံတွေ့ဆုံ


နေပြည်တော် မတ် ၂၂
ပြည်ထောင်စု လွှတ်တော် နာယက အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် မြန်မာနိုင်ငံဆိုင်ရာ  အစ္စရေး သံအမတ်ကြီး H.E. Mr. Daniel Zonshine အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းရေးအခမ်းအနား ကျင်းပရေးနှင့် အသွင်ကူးပြောင်းမှု ချောမွေ့ရေး ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော် မတ် ၂၂
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက် အကူပြု ကော်မတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အသွင် ကူးပြောင်းရေး အဖွဲ့တို့အကြား ပဉ္စမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ (၃) နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၈) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီးများ၏ အမည်စာရင်း လွှတ်တော်သို့ အဆိုပြု

နေပြည်တော်၊ မတ် ၂၂
နိုင်ငံတော်သမ္မတ အဖြစ်ရွေးချယ် တင်မြှောက်ခြင်း ခံထားရသူ ဦးထင်ကျော်က ပြည်ထောင်စု ၀န်ကြီး(၁၈)ဦး၏ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့အဆိုပြုခဲ့ရာ ယနေ့ကျင်းပ သည့်ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန် အစည်းအဝေး (၁၁)ရက်မြောက်နေ့ တွင် ပြည်ထောင်စု လွှတ်တော်နာယ က မန်းဝင်းခိုင်သန်းက လွှတ်တော်သို့ အသိပေး တင်ပြသည်။

အတွေ့အကြုံဗဟုသုတများ ပူးပေါင်းဖလှယ်နိုင်စေမည့်မြန်မာနှင့် နိုင်ငံတကာ ရုပ်စုံသဘင်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပမည်


မန္တလေး မတ် ၂၁

ဆွစ်ဇာလန်ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SDC) ၏ အဓိကပံ့ပိုးမှု၊Goe the Institue ရန်ကုန်၊ မြန်မာနိုင်ငံရုပ်စုံသဘင်အသင်း (MMO) တို့၏ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် Myanmar Upper Land(MUL) မှ မြန်မာ့ရုပ်စုံသဘင်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာ့ရုပ်စုံ သဘင်အနုပညာရှင်များအချင်းချင်း အတွေ့အကြုံ ဗဟုသုတများ ပူးပေါင်းဖလှယ်နိုင်စေပြီး သင်ကြားသင် ယူနိုင်စွမ်းသောအလေ့အကျင့်၊ ရုပ်စုံသဘင်နှင့် ဆက်စပ်သည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အနုပညာရှင်များအား ချိတ်ဆက်နိုင်စွမ်းသောအခြေခံကောင်းများ ရှင်သန် ဖွံ့ဖြိုးလာစေရန်အတွက် မြန်မာနှင့်နိုင်ငံတကာ ရုပ်စုံသဘင်ပွဲတော်နှင့် အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့ အမျိုးသားဇာတ်ရုံတွင် ဧပြီ ၂ ရက်နှင့် ၃ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။

မြန်မာဆေးရေးပန်းချီအသင်းနှင့် ထိုင်းဖုန်းကန်တက္ကသိုလ်တို့ပူးပေါင်း၍ ပန်းချီဓာတ်ပုံပြပွဲ ကျင်းပ


မန္တလေး မတ် ၂၁

မြန်မာနိုင်ငံ ရေဆေးပန်းချီ အသင်းနှင့် ထိုင်းနိုင်ငံ ဖုန်းကန် တက္ကသိုလ်တို့ ပူးပေါင်းပြသသည့် ပန်းချီဓာတ်ပုံပြပွဲအား မတ် ၂၁ ရက် မှစတင်ကာ မန္တလေးမြို့ မန္တလေး တောင်အရှေ့ဘက်ရှိ ကုသိုလ်တော်ပြ ခန်း၌ ဖွင့်လှစ်ပြသလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းချီဓာတ်ပုံပြပွဲတွင် ထိုင်းနိုင်ငံမှ ဓာတ်ပုံပညာရှင် ၁၅ ဦး က ဓာတ်ပုံ ၄၇ ပုံ၊ မြန်မာဓာတ်ပုံပညာ ရှင်တစ်ဦးက ဓာတ်ပုံငါးပုံ စုစုပေါင်း ၅၂ ပုံနှင့် ထိုင်းပန်းချီပညာရှင် ခုနစ်ဦးနှင့် မြန်မာနိုင်ငံမှ ပန်းချီ ပညာရှင် ဒေါက်တာလွန်းကြွယ်၊ ပန်းချီစိုးမိုးနှင့် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီး၊ မုံရွာ စသည့်မြို့များမှ ပန်းချီဆရာကြီးများ၏ ရေဆေးပန်းချီ ကား စုစုပေါင်း ၆၂ ကားတို့အား မတ် ၂၁ ရက်မှ၂၅ ရက်ထိ နေ့စဉ်နံနက် ၉နာရီမှ ညနေ ၅နာရီထိ ပြသသွား မည်ဖြစ်ကြောင်း သိရသည်။