Tuesday, February 23, 2016

ရာဇဂြိုလ်ရေလှောင် တမံ မကြာမီ ဖွင့်လှစ်တော့မည်


နေပြည်တော် ဖေဖော်ဝါရီ ၂၃ 
 
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် တာဝန်ရှိသူများ လိုက်ပါ လျက် ဖေဖော်ဝါရီ (၂၁)ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တိုင်းအဆင့် ညွှန်ကြားရေး မှူးများ၊
ခရိုင်အဆင့် ဒုတိယညွှန်ကြား ရေးမှူးများ၊ မြို့နယ်အဆင့် တာဝန်ရှိ သူများအား တှေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာများနှင့် တိုင်းဒေသကြီး နှင့် ကလေးခရိုင် အတွင်း သဘာဝဘေး အန္တရာယ် ကာကွယ်ရေး လုပ်ငန်းများ၊ ရာသီဥတု ပြောင်းလဲမှု အခြေအနေနှင့် လိုက်လျောညီထွေဖြစ်စွာဖြင့် ဒေသ၏ လယ်ယာထွက်ကုန်များ အပါအဝင် ဒေသအလိုက် ရာသီဥတုနှင့် ကိုက်ညီသော ဈေးကွက်ဝင် သီးနှံ အမယ်များ ရွေးချယ်စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် တောင်သူ လယ်သမား များအတွက် အခြေခံ မဖြစ်မနေလိုအပ်ချက်ဖြစ်သည့် မျိုးကောင်း မျိုးသန့် မျိုးစေ့များ ကို တိုင်းဒေသ ကြီးအတွင်း ထိထိရောက်ရောက် ထုတ်လုပ်ပေးနိုင်ရေး၊ ပုဂ္ဂလိကအခန်းကဏ္ဍမှ မျိုးစေ့ ထုတ် ကုမ္ပဏီကြီးများကို အားပေး အကောင် အထည်ဖော် လုပ်ဆောင်ကြရန် အသေးစိတ် ဆွေးနွေး မှာကြားသည်။

ထို့နောက် ဖေဖော်ဝါရီ(၂၂)ရက် နံနက်(၇)နာရီတွင် ကလေးမြို့၊ ရာဇဂြိုလ်ကျေးရွာ အနီး နေရဉ္ဇရာမြစ်ပေါ် တွင် တည်ဆောက်ပြီးစီး ပြီ ဖြစ်သော ရာဇဂြိုလ်ရေလှောင်တမံ ဘက်စုံ တည်ဆောက်ရေး စီမံကိန်း သို့ ရောက် ရှိပြီး ဆည်တမံဖွင့်ပွဲ အခမ်းအနားကျင်းပ ရန် ပြင်ဆင်ထားမှုများကို စစ်ဆေးကြည့်‌ရှု၍ လိုအပ်သည်များကို မှာကြားသည်။ 

ယင်းနောက် ဆည်တည်ဆောက်ရေး လုပ်ငန်းခွင် အတွင်းရှိ ပင်မတမံ တည်ဆောက်ထားရှိမှု ကို လည်းကောင်း၊ တမံ အတွင်း ရေ ဝင်ရောက် နေမှု ကိုလည်းကောင်း၊ ရေအားလျှပ်စစ် ထုတ်ယူမည့် ရေယူ အဆောက်အအုံကို လည်းကောင်း၊ တမံအတွင်း ဝင်ရောက် နေသော နုန်းများကို စက်အားဖြင့် စုပ်ထုတ်နေမှု များကို လည်းကောင်း၊ ရေပေးမြောင်းမ ကြီးပေါ်တွင် တည်ဆောက်လျက် ရှိသော ကျေးရွာချင်းဆက်တံတား တည်ဆောက်နေမှု လုပ်ငန်း ခွင်အားလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဖွင့်ပွဲအခမ်းအနား ကျင်းပရေးအတွက် လိုအပ်သည်များကို ကဏ္ဍအလိုက် မှာကြားသည်။

ဆက်လက်၍ တပ်ဆင်ဆဲ ရေအားလျှပ်စစ်တာဘိုင် ၂ မဂ္ဂါဝပ် (၂)လုံးတပ် စုစုပေါင်း ၄ မဂ္ဂါဝပ် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးရန် အတွက် တည်ဆောက်ဆဲ ဓါတ်အားခွဲရုံများအား စစ်ဆေးကြည့်‌ ရှုပြီး တရုတ်နိုင်ငံ CGGC ကုမ္ပဏီမှ ပညာရှင်များနှင့် တွေ့ဆုံ၍ ရေအားလျှပ်စစ် တာဘိုင်များကို စနစ်တကျ အရည်အသွေး ပြည့်မီစွာဖြင့် တပ်ဆင်ပြီးစီးရေးနှင့် လုပ်ငန်းခွင် အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ များ ဆွေးနွေးမှာကြားသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၅ ခုနှစ်၏ ဇွန်၊ ဇူလိုင်၊ သြဂုတ်လ များ အတွင်း ရေကြီး နစ်မြုပ် ခြင်း၊ မြစ်ရေလျှံခြင်း များကြောင့် ဒေသနေပြည် သူများ ရေဘေးအန္တရာယ် ကျရောက်ခဲ့ရာ နောင်တွင် ထိရောက် စွာ ကာကွယ်ပေးနိုင်ရေး အတွက် ဆည်မြောင်း ဦးစီးဌာနမှ တာဝန်ယူ အကောင် အထည်‌ဖော် ဆောင်ရွက် လျှက်ရှိသည့် မြစ်သာမြစ် တစ်ဖက်ခြမ်းတွင် စက်ယန္တရားကြီး များဖြင့် မြစ် ကျဉ်း နေရာများအား တူးဖော် ရှင်းလင်းခြင်း လုပ်ငန်းခွင်အား လည်းကောင်း အသေးစိတ် ကြည့်ရှု စစ်ဆေးသည်။

No comments:

Post a Comment