Tuesday, February 23, 2016

ရန်ကုန်တိုင်းဒေသကြီးမှအပ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ခွင့်ကတ်ပြားများ စတင်ထုတ်ပေး ရီရီမြင့်၊ ဥမ္မာသန့်

ရန်ကုန် ဖေဖော်ဝါရီ ၂၂

၂ဝ၁၆ ခုနှစ် မတ် ၉ ရက်မှ ၁၈ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် တင်ထားကြပြီး စာစစ်ဌာနအသီးသီး တွင် ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဝင်ခွင့်ကတ်ပြား များကို ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီးမှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စတင်ထုတ်ပေးနေပြီ ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကျောင်းသား ကျောင်းသူများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ခွင့်ကတ်ပြားများကိုမူ ဖေဖော်ဝါရီ ၂၄ ရက်(ဗုဒ္ဓဟူးနေ့)မှစ၍ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။


အခြေခံပညာအထက်တန်းကျောင်း(ကျောင်းခွဲ)နှင့် (တွဲဖက်)အခြေခံ ပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ ကျောင်းသား ကျောင်းသူများသည် စာမေးပွဲဝင်ခွင့်ကတ်ပြားများကို မိမိတို့၏ ကျောင်းအုပ် ကြီးများထံမှ လည်းကောင်း၊ ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲဝင်ခွင့် ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ လည်းကောင်း ထုတ်ယူနိုင်ကြောင်း သိရသည်။


၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကျောင်းသား ကျောင်းသူများသည် နေပြည်တော်စာစစ်ဌာန ၃၃ ခု၌ ကျောင်းတက်ဖြေဆိုသူ ၉၇၄၁ ဦးနှင့် ပြင်ပဖြေဆိုသူ ၈၇၃၇ ဦး စုစုပေါင်း ၁၈၄၇၈ ဦး၊ ကချင်ပြည်နယ် စာစစ်ဌာန ၅၉ ခု၌ ကျောင်းတက် ဖြေဆိုသူ ၁၆၃၁၃ ဦး၊ ပြင်ပဖြေဆိုသူ ၁၂၃၅၆ ဦး စုစုပေါင်း ၂၈၆၆၉ ဦး၊ ကယားပြည်နယ် စာစစ်ဌာန ၁၄ ခု၌ ကျောင်းတက်ဖြေဆိုသူ ၃၄၅၂ ဦး၊ ပြင်ပဖြေဆိုသူ ၁၄၂၂ ဦး စုစုပေါင်း ၄၈၇၄ ဦး၊ ကရင်ပြည်နယ် စာစစ်ဌာန ၃၃ ခု၌ ကျောင်းတက်ဖြေဆိုသူ ၉၆၈၅ ဦး၊ ပြင်ပဖြေဆိုသူ ၄၇၂၇ ဦး စုစုပေါင်း ၁၄၄၁၂ ဦး၊ ချင်းပြည်နယ် စာစစ်ဌာန ၂၃ ခု၌ ကျောင်းတက် ဖြေဆိုသူ ၄၆၄၃ ဦး၊ ပြင်ပဖြေဆိုသူ ၆၅၄ဝ စုစုပေါင်း ၁၁၁၈၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး စာစစ်ဌာန ၁၇၈ ခု၌ ကျောင်းတက်ဖြေဆိုသူ ၄၇၆၅၆ ဦး၊ ပြင်ပဖြေဆိုသူ ၃၇၄၂၂ ဦး စုစုပေါင်း ၈၅ဝ၇၈ ဦး၊ တနင်္သာရီတိုင်းဒေသကြီး စာစစ်ဌာန ၃၈ ခု၌ ကျောင်းတက်ဖြေဆိုသူ ၁ဝ၄၂၈ ဦး၊ ပြင်ပဖြေဆိုသူ ၆၁၃၂ ဦး စုစုပေါင်း ၁၆၅၆ဝ၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)စာစစ်ဌာန ၇ဝ ၌ ကျောင်းတက်ဖြေဆိုသူ ၂၁၉၃၁ ဦး၊ ပြင်ပဖြေဆိုသူ ၁၂ဝ၅ဝ စုစုပေါင်း ၃၃၉၈၁ ဦး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)စာစစ်ဌာန ၄၇ ခု၌ ကျောင်း တက်ဖြေဆိုသူ ၁၂၅၈ဝ၊ ပြင်ပဖြေဆိုသူ ၈ဝ၃၃ ဦး စုစုပေါင်း ၂ဝ၆၁၃ ဦး၊ မကွေးတိုင်းဒေသကြီး စာစစ်ဌာန ၁၂ဝ ၌ ကျောင်းတက်ဖြေဆိုသူ ၃၅၉၈၂ ဦး၊ ပြင်ပဖြေဆိုသူ ၂၆၈၅၂ ဦး စုစုပေါင်း ၆၂၈၃၄ ဦး၊ မန္တလေးတိုင်း ဒေသကြီး စာစစ်ဌာန ၁၆၅ ခု၌ ကျောင်းတက်ဖြေဆိုသူ ၅၆၃၉၇ ဦး၊ ပြင်ပ ဖြေဆိုသူ ၃၉၁၄၂ ဦး စုစုပေါင်း ၉၅၅၃၉ ဦး၊ မွန်ပြည်နယ် စာစစ်ဌာန ၄၈ ခု၌ ကျောင်းတက်ဖြေဆိုသူ ၁၅၆ဝ၆ ဦး၊ ပြင်ပဖြေဆိုသူ ၅၁၂၂ ဦး စုစုပေါင်း ၂ဝ၇၂၈ ဦး၊ ရခိုင်ပြည်နယ် စာစစ်ဌာန ၁ဝ၄ ခု၌ ကျောင်းတက်ဖြေဆိုသူ ၁၉၆၁၄ ဦး၊ ပြင်ပဖြေဆိုသူ ၁၇၅၉ဝ စုစုပေါင်း ၃၇၂ဝ၄ ဦး၊ ရန်ကုန်တိုင်း ဒေသကြီးစာစစ်ဌာန ၂၁၅ ခု၌ ကျောင်းတက်ဖြေဆိုသူ ၆၅ဝ၃ဝ၊ ပြင်ပ ဖြေဆိုသူ ၄၄၁၃၅ ဦး စုစုပေါင်း ၁ဝ၉၁၆၅ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)စာစစ်ဌာန ၁၃ ခု၌ ကျောင်းတက်ဖြေဆိုသူ ၂၃၂၄ ဦး၊ ပြင်ပဖြေဆိုသူ ၁၇၅၇ ဦး စုစုပေါင်း ၄ဝ၈၁ ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)စာစစ်ဌာန ၆၂ ခု၌ ကျောင်းတက်ဖြေဆိုသူ ၁၆၂၂၂ ဦး၊ ပြင်ပဖြေဆိုသူ ၈ဝ၂၃ ဦး စုစုပေါင်း ၂၄၂၄၅ ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) စာစစ်ဌာန ၃၅ ခု၌ ကျောင်းတက်ဖြေဆို သူ ၉၃၁ဝ၊ ပြင်ပဖြေဆိုသူ ၅၉၆၉ ဦး စုစုပေါင်း ၁၅၂၇၉ ဦး၊ ဧရာဝတီ တိုင်းဒေသကြီး စာစစ်ဌာန ၁၉၆ ခု၌ ကျောင်းတက်ဖြေဆိုသူ ၄၉၇၉၃ ဦး၊ ပြင်ပဖြေဆိုသူ ၁၈၆၁၇ ဦး စုစုပေါင်း ၆၈၄၁ဝနှင့် နိုင်ငံခြားစာစစ်ဌာန ၁၇ ခု၌ ပြင်ပဖြေဆိုသူ ၉၈ ဦး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များနှင့် နိုင်ငံခြားစာစစ်ဌာန ၁၄၇ဝ ၌ ကျောင်းတက်ဖြေဆိုသူ ၄ဝ၆၇ဝ၇ ဦးနှင့် ပြင်ပဖြေဆိုသူ ၂၆၄၇၂၄ ဦး စုစုပေါင်း ၆၇၁၄၃၁ ဦးတို့ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးထားကြောင်း သိရသည်။

ကျောင်းသား ကျောင်းသူများအနေဖြင့် စာမေးပွဲဝင်ခွင့်ကတ်ပြားများကို ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ စာစစ်ဌာနကြီးကြပ်ရေးမှူး များ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့ တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

No comments:

Post a Comment