Wednesday, February 24, 2016

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဟန်လင်းပျူမြို့ဟောင်းသို့ကြည့်ရှုစစ်ဆေးခြင်း


နေပြည်တော် ဖေဖော်ဝါရီ ၂၄
ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူသည် ဖေဖော်ဝါရီ ၂၃ရက်နံနက်ပိုင်းတွင် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်
တာဝန်ရှိသူများ လိုက်ပါလျက် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းဖြစ်သည့် ဟန်လင်းမြို့ဟောင်းသို့ ရောက်ရှိကာ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက Site Museum အဖြစ် ထိန်းသိမ်း စောင့်ရှောက်ထားသည့် တူးဖော်မှု ကုန်းအမှတ်(၉၊ ၁၇၊ ၂၂၊ ၂၆)၊ ဟန်လင်း ပျူကျောက်စာရုံနှင့် ဟန်လင်း ရှေးဟောင်း သုတေသနပြတိုက်သို့ ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စု ဝန်ကြီးက တူးဖော်တွေ့ရှိထားသည့် ရှေးဟောင်းပစ္စည်း များကို Site Museum အဖြစ် ထိန်းသိမ်းပြသထားသည့် အဆောက်အဦနှင့် ဝင်းခြံများကို လုံခြုံမှု ရှိစေရေးအမြန်ဆုံး ပြင်ဆင်ဆောင်ရွက်ရန်၊ ရှေးဟောင်းပစ္စည်းများ ပျောက်ဆုံးပျက်စီးမှု မရှိစေရေး လုံခြုံရေးစနစ်တကျ စောင့်ကြည့်ဆောင်ရွက်ရန်၊ ခင်းကျင်းပြသထားသည့် တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းများ (သမိုင်း တန်ဖိုးမြင့်မားသည့် ရှေးဟောင်း ပစ္စည်းများ) ကိုစနစ်တကျ မှတ်တမ်း တင်ခြင်းများ ပြုလုပ်ကာ ပိုမိုလုံခြုံသည့် ဟန်လင်းပြတိုက် တွင်ပြသခြင်း၊ ပုံစံတူပြုလုပ် ပြသခြင်း၊ မူရင်းပစ္စည်း များကိုလုံခြုံသည့် မီးခံသေတ္တာတို့တွင် ထည့်သွင်း ထိန်းသိမ်းခြင်းတို့ ဆောင်ရွက်ရန် မှာကြားခဲ့ပြီး၊ ဟန်လင်း ပျူကျောက်စာရုံနှင့် ပတ်သက်၍ ကျောက်စာချပ်များကို စနစ်တကျ ထိန်းသိမ်း ပြသရန်၊ လာရောက်ကြည့်ရှု လေ့လာသူများ အလွယ်တကူလက်ဖြင့် ကိုင်တွယ် ပွတ်သပ်ခြင်းကြောင့် စာကြောင်း၊ စာလုံးများ ပျက်စီး ပျောက်ကွယ်မှု မရှိစေရေး မှန်များ ကာရံ ထိန်းသိမ်းပြသရန် မှာကြားသည်။

No comments:

Post a Comment