Monday, February 29, 2016

ကျိုင်းတုံနှင့် တာချီလိတ်ဒေသ ငါးနှစ်တာကာလ ဖွံ့ဖြိုးရေးဆောင်ရွက်ခဲ့မှု ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေး


တာချီလိတ် ဖေဖော်ဝါရီ ၂၈
 
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဦးအုန်းမြင့်တို့သည် ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၄ နာရီတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ သို့ ရောက်ရှိပြီး ကျိုင်းတုံဒေသရှိ နိုင်ငံရေးပါတီများ၊
မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီနှင့် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များ၊ ဆရာ ဆရာမများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့မိမြို့ဖနှင့် ဒေသခံပြည်သူများအား ကျိုင်းတုံမြို့တော်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မိမိတို့အစိုးရ တာဝန်ယူစဉ်ကာလအတွင်း တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် ထောင့်စုံဘက်စုံ ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းပြည်ကို မည်သည့်အစိုးရ၊ မည်သည့် ပါတီဦးဆောင်သည်ဖြစ်စေ မိမိတို့ တိုင်းရင်းသား ညီအစ်ကိုများ စည်းလုံးညီညွတ်ကြ၍ နိုင်ငံသား တစ်ဦး၏ တာဝန်များ ကျေပွန်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရန် မိမိတို့အား လုံး တက်ညီ လက်ညီ ပူးပေါင်းဆောင် ရွက်ကြပြီး တီထွင်ကြံဆ စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ညီညွတ်ခြင်း အင်အားဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

မိမိတို့အစိုးရသည် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး နှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တစ်ပြိုင်တည်း စတင်ပြုပြင်ပြောင်း လဲ ဆောင်ရွက်ခဲ့ပါကြောင်း၊ အထူးသဖြင့် ပညာရေးကဏ္ဍနှင့် ကျန်းမာရေး ကဏ္ဍပြုပြင်ပြောင်း လဲမှုများကို ထင်ရှားစွာ မြင်တွေ့ကြရမည်ဖြစ် ပါကြောင်း၊ အခြေခံပညာ မူလတန်းအဆင့်မှ အထက်တန်းအဆင့်ထိ အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးဆောင်ရွက်နိုင်ခဲ့ပြီး တက္ကသိုလ်များတွင် လည်း စကောလားရှစ်နှင့် စတိုင်ပင်များ လုံလောက်အောင် ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ပြည်သူတို့၏ ပညာရေး အရည်သွေးနှင့် အရည်အချင်း မြင့်မားမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်၊ လူ့အဖွဲ့ အစည်းတိုးတက်မည်၊ တီထွင်ကြံဆတတ်မည်၊ ပျော်ရွှင် သည့် မိသားစု ဘဝများကို တည်ဆောက်နိုင်မည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ပညာရေးကဏ္ဍတွင် နိုင်ငံဘဏ္ဍာ ငွေများကို တိုးမြှင့်သုံးစွဲခဲ့ပါကြောင်း၊ စီးပွားရေးတွင် ဈေးကွက်စီးပွားရေး စနစ်ကို ပီပြင်သည်ထက် ပီပြင်အောင် ပြောင်းလဲကျင့်သုံးခဲ့ကြောင်း၊ မိမိတို့ တိုင်းရင်းသား ညီအစ်ကိုများ၏ အရည်အချင်း အရည်အသွေးများကို မြှင့်တင်ပေးကြရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေး ကဏ္ဍတွင်လည်း နိုင်ငံ ဘဏ္ဍာငွေများတိုးမြှင့်သုံးစွဲခြင်း၊ အဆင့် မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းများကို မြင်တွေ့ကြရမည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ယခု ငါးသန်းကျော် အထိ တိုးတက်မြင့်မားလာပါကြောင်း၊ အုပ်ချုပ်ရေး ကဏ္ဍတွင် ယခင်က အထက်မှပေးသည့်အမိန့်ဖြင့် ဆောင်ရွက်ခဲ့ ကြသော်လည်း ယခုအ ထက်နှင့်အောက် ပေါင်းစပ်ဆောင် ရွက်သည့်စနစ်ကို ကျင့်သုံး ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ပြည်သူများ ရုံးလုပ်ငန်းဆောင်ရွက်မှု အဆင်ပြေ ချောမွေ့နိုင်ရန် ပြည်သူ့ဝန်ဆောင်မှုရုံးများကို ဖွင့်လှစ်ခဲ့ပါ ကြောင်း၊ ပြည်သူများအားလုံးက တိုင်းပြည်ကို ထာဝရ ချစ်မြတ်နိုးသည့် စိတ်ဖြင့် တက်ညီလက်ညီ ဆက်လက် တည်ဆောက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က နိုင်ငံတော်အစိုးရအနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးအတွက် မွေးမြူရေး ကဏ္ဍ၊ ရေလုပ်ငန်းကဏ္ဍနှင့် ကျေးလက်ဒေသများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို မဟာဗျူဟာများ၊ အစီအစဉ်များ ရေးဆွဲချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း။

အသား ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် အသားထုတ်လုပ်မှု တိုးတက်ရေး ရည်မှန်းချက်များဖြင့် တိရစ္ဆာန်မျိုးကောင်း မျိုးသန့်များအခမဲ့ဖြန့်ဝေခြင်း၊ အရည်အသွေးမြင့်မျိုးများကို ပြည်ပမှတင်သွင်း၍ မျိုးမြှင့်တင်ခြင်း၊ မွေးမြူရေးခြံများ အဆင့်မြှင့်တင်ခြင်း၊ တိရစ္ဆာန်ဆေးဝါးနှင့် အစာဖြန့်ဖြူးခြင်း တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ကူးစက်ရောဂါထိန်းချုပ်နိုင် ရေးအတွက် အဆင့်မြင့်ဓာတ်ခွဲခန်းများ တည်ဆောက် ခြင်း၊ အရည်အသွေး စစ်ဆေးခြင်း၊ ရောဂါကာကွယ်ကုသ ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ မွေးမြူ ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားစီး ပွားရေး လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် ကျောင်းနေအရွယ်ကလေးများ နို့တိုက် ကျွေးခြင်းကို ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေးနှစ်မှစတင်၍ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့ပါကြောင်း။

ငါးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ငါး၊ ပုဇွန်၊ ကဏန်းကန်များတိုးချဲ့မွေးမြူခြင်း၊ ငါးမျိုးများစိုက်ထည့် ပေးခြင်း၊ ငါးမွေးတောင်သူများကို ငါး၊ ပုဇွန်သားပေါက်များ ဖြည့်ဆည်းပေးခြင်း၊ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ငါးမွေးမြူရေးဆိုင်ရာ ဥပဒေနှင့် ပင်လယ်ငါးလုပ်ငန်း ဥပဒေများကို ပြင်ဆင် ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း။

ကျေးလက်ဒေသများ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးဖော်ဆောင်နိုင်ရန် ကျေးလက်အသက်မွေး ဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် မိသားစုဝင်ငွေ တိုးပွားရေးအတွက် မြစိမ်းရောင်စီမံကိန်း၊ လူထုဗဟိုပြုစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်း စီမံကိန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျေးလက်လမ်းအရှည် (၄၇၄ဝ၈/၃)မိုင်၊ ကျေးလက်တံတား ၂၂၃၃၉၅ ပေ၊ ကျေးလက်ဒေသ သန့်ရှင်းသည့်သောက်သုံးရေရရှိရေးလုပ်ငန်း ၂၃၃၅၃ ခု၊ ကျေးလက်မီးလင်းရေးလုပ်ငန်း ၃၅၉၅၇၈ ခုနှင့် ကျေးလက် အိမ်ရာလုပ်ငန်း ၆ဝ၃၃ ခုတို့ကို တည်ဆောက်ပေးနိုင်ခဲ့ ပါကြောင်း၊ ကျေးရွာများ၏ ပကတိလိုအပ်ချက်များ ကို ဒေသခံရွာသူရွာသားများကိုယ်တိုင် ဆန်းစစ်ဖော်ထုတ် ရေးဆွဲဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းများကို မြို့နယ် ၃၄ မြို့နယ် ရှိ ကျေးရွာ ၁၇ဝ ၌ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံတကာ အဖွဲ့အစည်း ၃၁ ဖွဲ့ဖြင့် စီမံကိန်း ၃၅ ခုကို နိုင်ငံတစ်ဝန်း အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြည်ထောင်စုဝန်ကြီးများသည် မိုင်းဖြတ်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တာဝန်ရှိသူ များနှင့် တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို မှာကြားသည်။ ယင်းနောက် ကျိုင်းလပ်မြို့နယ်ရှိ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေး တံတားအား ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ မဲခေါင်မြစ်ပေါ်ရှိ ဝမ်ပုံဆိပ်ကမ်း စစ်ဆေးရေးစခန်းအား ကြည့်ရှုစစ်ဆေးပြီး ရေလမ်း ထိန်းသိမ်းရေး လုပ်ငန်းများ၊ ရေလမ်း လုံခြုံရေးဆိုင်ရာ ကိစ္စ ရပ်များကို တာဝန်ရှိသူများအား မှာကြားကာ ရွှေတြိဂံ ဒေသကို ကြည့်ရှုလေ့လာကြသည်။


No comments:

Post a Comment