Tuesday, February 23, 2016

အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပ




နေပြည်တော် ဖေဖော်ဝါရီ ၂၃
 
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးဒသမနေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပရာ ပြည်သူတို့၏ တိုင်ကြားစာ ဆိုင်ရာကော်မတီကို လွှတ်တော် က အတည်ပြု ဖွဲ့စည်းခြင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေ လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဖွဲ့ စည်းရေးတို့ကို ဆောင်ရွက်ကြသည်။


အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လည်းကောင်း၊ ကော်မတီဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေ သကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်၊ အတွင်းရေး မှူးအဖြစ် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်းတို့အပါအ၀င် အဖွဲ့ဝင် ၁၅ ဦးဖြင့်လည်းကောင်း ဖွဲ့စည်းခြင်းကို လွှတ်တော် က အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁) မှ ဒေါက်တာ ခွန်ဝင်းသောင်းက ကော်မတီ၏ တာဝန်၊ လုပ်ပိုင် ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်း တို့ကို လွှတ်တော်သို့ ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၌ ကော်မတီဥက္ကဋ္ဌအဖြစ် ကချင်ပြည် နယ်မဲဆန္ဒနယ်အမှတ် (၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊ အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁) မှ ဒေါက်တာဝင်းမြင့်တို့ အပါအ၀င် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းရန် လျာထားကြောင်း လွှတ်တော်သို့ အသိပေးကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးဒသမနေ့ကို နံနက် (၁၀)နာရီ မိနစ်(၂၀)တွင် ရပ်နားလိုက်ပြီး ပုံမှန်အစည်း အဝေး (၁၁) ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၂၄ရက်တွင် ဆက်လက်ကျင်းပ သွားရန် လျာထားကြောင်း သိရှိရသည်။

No comments:

Post a Comment