Tuesday, February 23, 2016

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့် သံအမတ်ကြီးများအား သီးခြားစီ လက်ခံတွေ့ဆုံ




နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
 
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ နိုင်ငံ သံအမတ်ကြီး H. E. Mr. Nicholas Coppel အား ယနေ့မွန်းလွဲ ၂ နာရီတွင် လည်းကောင်း၊
မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး H. E. Mr. Robert Chua အား မွန်းလွဲ ၃ နာရီတွင် လည်းကောင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Mr. Lee Baek – soon အား မွန်းလွဲ ၃ နာရီခွဲတွင် လည်းကောင်း နေပြည်တော် ရှိ လွှတ်တော် အဆောက် အအုံ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment