Monday, February 29, 2016

ကမ္ဘာ့ကင်းထောက်အဖွဲ့နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ ကင်းထောက်ချုပ်နှင့်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး


ရန်ကုန် ဖေဖော်ဝါရီ ၂၈

မြန်မာနိုင်ငံအား ကမ္ဘာ့ ကင်းထောက်အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ အဖြစ် အဆိုပြုဝင်ရောက်နိုင်ရေး အတွက် ကမ္ဘာ့ကင်းထောက်အဖွဲ့ နှင့် အာရှပစိဖိတ်ဒေသ ဆိုင်ရာ ကင်းထောက်အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ Mr.Paul.D.Parkison နှင့်အဖွဲ့၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာ တင်ညို နှင့်အဖွဲ့ တို့ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်က မင်္ဂလာတောင်ညွန့်မြို့ နယ် မြန်မာ နိုင်ငံ ကင်းထောက်အဖွဲ့ချုပ်ရုံး၌ ကျင်းပခဲ့သည်။


အဆိုပါ ကင်းထောက်အဖွဲ့ချုပ် ဥက္ကဋ္ဌ Mr.Goran Hagerdal နှင့် အဖွဲ့ဝင်များ သည် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၉ နာရီတွင် ပညာရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်းအား ရန်ကုန်စိန်ရတု ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပြီး ကမ္ဘာ့ကင်းထောက်အဖွဲ့၊ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက် အဖွဲ့ချုပ်အနေဖြင့် ပညာရေးဝန်ကြီး ဌာန၊ အခြေခံပညာကျောင်းများ နှင့် တက္ကသိုလ်များတွင် ကင်းထောက် လှုပ်ရှားမှုများအား ကူညီဆောင်ရွက် ပေးနိုင်မည့် နည်းလမ်းများနှင့် မြန်မာ နိုင်ငံအား ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်ခွင့်ရရှိရေးအတွက် ကြိုးစားဆောင်ရွက်မည့် အခြေအနေ များကို တင်ပြဆွေးနွေးသည်။

ဆက်လက်၍ ရန်ကုန်စိန်ရတု ဆွေးနွေးပွဲခန်းမ၌ ကမ္ဘာ့ကင်းထောက် အဖွဲ့နှင့် အာရှပစိ ဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အမျိုးသား ကင်းထောက်ချုပ် ဒေါက်တာတင်ညို နှင့် ကင်းထောက်ကြီးများသည် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ လှုပ်ရှားဆောင်ရွက်ခဲ့မှုများ၊ ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များ၊ ကမ္ဘာ့ကင်းထောက်အဖွဲ့၊ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက် အဖွဲ့ချုပ်တို့ ကူညီထောက်ပံ့မည့် အစီအစဉ်များ၊ မြန်မာနိုင်ငံအား ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင်နိုင်ငံ အဖြစ် ၂ဝ၁၇ ခုနှစ် ကင်းထောက် ညီလာခံတွင် ပါဝင်နိုင်ရေးအတွက် လိုအပ်မည့် လှုပ်ရှားဆောင်ရွက်မှု များကို ဆွေးနွေးကြသည်။

ထို့နောက် ကမ္ဘာ့ကင်းထောက် အဖွဲ့နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက် အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များသည် ကမာရွတ်မြို့နယ် အမှတ်(၂) အခြေခံပညာ အထက် တန်းကျောင်းတွင် အခြေခံပညာ အဆင့် ကင်းထောက်လှုပ်ရှားမှုများနှင့် ကျောင်းတွင် ဖွင့်လှစ်ထားသည့် ကင်းထောက်ခန်းကို ကြည့်ရှုလေ့လာ ကြသည်။


ဆက်လက်၍ စမ်းချောင်းမြို့နယ် ရှိ ဒဂုံစင်တာတွင် ဖွင့်လှစ်ထားသည့် ကင်းထောက် ပစ္စည်း အရောင်းပြခန်း ကို လေ့လာကြည့်ရှုကြကြောင်း သိရသည်။

No comments:

Post a Comment