Tuesday, February 23, 2016

ပြည်ထောင်စု လွှတ်တော် နာယက၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်း သံအမတ်ကြီး များအား သီးခြားစီ လက်ခံတွေ့ဆုံ



နေပြည်တော် ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စု လွှတ်တော် နာယက၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် မြန်မာနိုင်ငံ ဆိုင်ရာ စင်ကာပူ သံအမတ်ကြီး H.E. Mr. Robert Chua အား ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပညာရေးဆိုင်ရာ စွမ်းရည်မြှင့်တင်မှု အစီအစဉ်နှင့် လွှတ်တော် အချင်းချင်း ချစ်ကြည်ရင်းနှီးရေးဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးကြသည်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး H.E. Mr. Nicholas Coppel အား ယနေ့မွန်းလွဲ(၃)နာရီတွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့ ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတကာ ဆက်ဆံရေး လွှတ်တော်ချင်း ချစ်ကြည် ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့ငွေစာရင်း ကော်မတီ အတွင်းရေးမှူး နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

No comments:

Post a Comment