နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
ပြည်ထောင်စုဝန်ကြီး
ဒေါက်တာကံဇော်သည် ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၆ ရက် အထိ အာဆီယံ-အမေရိကန် အထူးထိပ်သီး အစည်းအဝေးသို့
တက်ရောက် ခဲ့ပြီး ဖေဖော်ဝါရီလ ၁၇ ရက်မှ ၁၈ ရက်အထိ
အာဆီယံ စီးပွားရေးဝန်ကြီးများ အမေရိကန်
ပြည်ထောင်စုခရီးစဉ် (2016 ASEAN Economic Ministers Roadshow to United States) သို့
တက်ရောက်ရန် ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဖရန်စစ္စကို မြို့သို့ သွားရောက် ခဲ့ပါသည်။
ရှေးဦးစွာ
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အာဆီယံ-အမေရိကန် စီးပွားရေး ကောင်စီ အစည်းအဝေး၊ အာဆီယံ-အမေရိကန်
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ် ပူးတွဲကော်မတီ အစည်းအဝေး၊ Auto Desk
Gallery၊ Silicon Valley ရှိ Silver Spring Networks၊ Google နှင့် Prospect တို့သို့
သွားရောက်လေ့လာသည်။
ဖေဖော်ဝါရီ
၁၇ ရက်တွင် အာဆီယံ-အမေရိကန် အထူးထိပ်သီး အစည်းအဝေး၌ ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့်
ရလဒ်များအရ အာဆီယံ-အမေရိကန် စီးပွားရေး ကောင်စီမှ ကျင်းပသည့် အာဆီယံ စီးပွားရေး အသိုက်အဝန်း၏
၂၀၁၆ ခုနှစ်အတွင်း ဆောင်ရွက်မည့် ကိစ္စများနှင့် ၂၀၂၅ ခုနှစ် မျှော်မှန်းချက် တို့နှင့်
စပ်လျဉ်း၍ အာရှ၏ အကောင်းဆုံး ထိန်းသိမ်းရမည့် အာဆီယံ စီးပွားရေး အသိုက်အဝန်း
(Asia’s Best Kept Secret: The ASEAN Economic Community) ဆွေးနွေးပွဲသို့ တက်ရောက်
ဆွေးနွေးသည်။ အဆိုပါဆွေးနွေးပွဲ သို့ အင်ဒိုနီးရှားနိုင်ငံသမ္မတ Joko Widodo နှင့် ဆန်ဖရန်စစ္စကို
မြို့တော်ဝန် Edwin M. Lee တို့ တက်ရောက်၍ နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။
ဆက်လက်၍
အာဆီယံ-အမေရိကန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးတွဲကောင်စီ အစည်းအဝေးတွင်
အာဆီယံ-အမေရိကန် ကုန် သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင် သဘောတူ စာချုပ် အကောင်အထည်ဖော်ရန်
လုပ်ငန်း အစီအစဉ် တိုးတက်မှုနှင့် စီးပွားရေးပူးပေါင်းမှု ချဲ့ထွင်မည့် လုပ်ငန်းများ၏
တိုးတက်မှု အခြေအနေတို့ကို ဆွေးနွေးသည်။
နေ့လည်ပိုင်းတွင်
Autodesk Gallery ၌ မြို့ပြအင်ဂျင်နီယာ၊ ဗိသုကာ အင်ဂျင်နီယာ၊ အဆောက်အအုံ ဒီဇိုင်း၊
စက်မှုအင်ဂျင်နီယာ၊ ဖျော်ဖြေရေး ဆိုင်ရာ ဒစ်ဂျစ် တယ် နည်းပညာများ၊ မိုဘိုင်းဖုန်းအသုံးပြုမှု
နည်းပညာများနှင့် ပတ်သက်၍ လေ့လာခဲ့ပြီး Green Cities စားပွဲဝိုင်း ဆွေးနွေးပွဲ တွင်
ပြည်ထောင်စု ဝန်ကြီးမှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။
ညပိုင်းတွင်
အမေရိကန်-အာဆီယံ ကုန်သည်ကြီးများအသင်းမှ တည်ခင်းသည့် ညစာစားပွဲသို့ တက်ရောက် သည်။
ဖေဖော်ဝါရီ
၁၈ ရက် နံနက်ပိုင်းတွင် Silicon Valley သို့ သွားရောက်၍ Silver Spring Networks ရှိ
အဆင့်မြင့် နည်းပညာဖြင့် ထိန်းချုပ်သည့် စွမ်းအင် အသုံးပြုမှု ဆိုင်ရာများ၊ လိုအပ်သည့်
နေရာသို့ လျှပ်စစ်ဓာတ်အား ပြတ်တောက် မှုမရှိဘဲ ထောက်ပံ့နိုင်သည့် နည်းပညာများ၊
Smart Electricity, Gas, Water and other Utility Network နှင့် ပတ်သက်သည့် ဆန်းသစ်သော
ဖြေရှင်းဆောင်ရွက်မှုများကို လေ့လာသည်။
ဆက်လက်၍
ဖွံ့ဖြိုးဆဲမြို့ပြလမ်း စစ်ဆေးမှု နည်းပညာများ၊ မိုးပျံ ပူဖောင်းများ အသုံးပြု၍
Internet သုံးစွဲနိုင်ရေး နည်းပညာများ၊ သယ်ယူ ပို့ဆောင်ရေးဆိုင်ရာ နည်းပညာများ၊ စွမ်းအင်
သိုလှောင် အသုံးပြုမှု နည်းပညာများ၊ သဘာဝအလင်း ထုတ်လွှတ်မှု ဆိုင်ရာ နည်းပညာများ ကို လေ့လာသည်။
၎င်းနောက်
မော်တော်ယာဉ် မောင်းနှင်ထိန်းသိမ်းမှုများ၊ ယာဉ်အန္တရာယ် ကင်းရှင်းစွာ မောင်းနှင်သုံးစွဲနိုင်ရေး
ဆိုင်ရာ စမ်းသပ်လေ့လာမှုများ အား လေ့လာသည်။
ဖေဖော်ဝါရီ
၁၉ ရက်တွင် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များအသင်း၊ အမေရိကန် နိုင်ငံ အခြေစိုက်
GE Group မှ President & CEO (ASEAN) ဖြစ်သည့် Wouter Van Wersch ဦးဆောင်သည့် အဖွဲ့မှ
လာရောက် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်း များနှင့်
ပတ်သက်သည့် ကိစ္စရပ်များအား ဆွေးနွေးသည်။
ယင်းနောက်
ဆန်ဖရန်စစ္စကိုမြို့ ရေပေးဝေမှုနှင့် ရေသိုလှောင် ထိန်းသိမ်းမှုများအား လည်းကောင်း၊ ဆန်ဖရန်စစ္စကို
မြို့တော်ခန်းမနှင့် Regional Center တို့သို့ သွားရောက်၍ Call Socket နှင့်
Runway နည်းပညာ ကုမ္ပဏီ၏ အိုင်တီ နည်းပညာ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် ထားရှိမှုတို့ကို
လေ့လာကြည့် ရှုခဲ့ကြောင်း သိရသည်။
No comments:
Post a Comment