Monday, February 29, 2016

ဘီလူးကျွန်းအနာဂတ်ကို လင်းလက်ဝေဖြာစေမည့် သံလွင်တံတား(ချောင်းဆုံ)



သတင်းဆောင်းပါး-မောင်မောင်မြင့်ဆွေ

ဓာတ်ပုံ-မောင်ချစ်ကြည်၊ ဆောက်လုပ်ရေး


တသွင်သွင်စီးဆင်းနေသော သံလွင်မြစ်၊ ရေစီးသန်သော သံလွင်မြစ်ပေါ် တွင် စုန်ဆန်ခုတ်မောင်းသွားလာနေသော ရေယာဉ်များ၊ ရေစီးသန်လွန်းသော အချိန်များတွင် စက်တပ်ရေယာဉ်များ ဖြတ်သန်းသွားလာရခက်ခဲသော သံလွင် မြစ်က ဘီလူးကျွန်း(ချောင်းဆုံမြို့နယ်)နှင့် မော်လမြိုင်မြို့ကို ပိုင်းခြားထားသည် မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ဖွံ့ဖြိုးတိုးတက်မှုနည်းပြီး အထီးကျန်စွာ ရပ်တည်ခဲ့ ရသော ဘီလူးကျွန်း၏ အနာဂတ်အလှကို တောက်ပစွာဖန်တီးပေးမည့် သံလွင် တံတား(ချောင်းဆုံ)ကို ယခုအခါ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက် ပေးနေပြီဖြစ်သည်။

ကမ္ဘာ့ကင်းထောက်အဖွဲ့နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ ကင်းထောက်ချုပ်နှင့်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး


ရန်ကုန် ဖေဖော်ဝါရီ ၂၈

မြန်မာနိုင်ငံအား ကမ္ဘာ့ ကင်းထောက်အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ အဖြစ် အဆိုပြုဝင်ရောက်နိုင်ရေး အတွက် ကမ္ဘာ့ကင်းထောက်အဖွဲ့ နှင့် အာရှပစိဖိတ်ဒေသ ဆိုင်ရာ ကင်းထောက်အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ Mr.Paul.D.Parkison နှင့်အဖွဲ့၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာ တင်ညို နှင့်အဖွဲ့ တို့ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်က မင်္ဂလာတောင်ညွန့်မြို့ နယ် မြန်မာ နိုင်ငံ ကင်းထောက်အဖွဲ့ချုပ်ရုံး၌ ကျင်းပခဲ့သည်။

ကျွန်တော်နဲ့ အိပ်(ခ်ျ)အာ ပြဿနာ


ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်
 
မြန်မာနိုင်ငံဟာ အိပ်(ခ်ျ)အာပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ ကျွန်တော်နဲ့ တွေ့ဆုံ သူတိုင်း ညည်းတွား ကြတယ်။ အကူအညီ တောင်းကြပါတယ်။ အထူးသဖြင့် လုပ်ငန်း အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေဟာ အိပ်(ခ်ျ)အာ ပြဿနာကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရတယ်လို့ ဆိုကြတယ်။ အမှန်တော့ နေရာတိုင်းလိုလိုမှာ ကြုံတွေ့နေ ရတာဖြစ်တယ်။ ယာဉ်မောင်း ကောင်းကောင်း ရှာမရတာတို့၊ အိမ် အဖော် အကူတွေကို မထိန်းသိမ်းတာတို့ ဒါတွေအားလုံးဟာ အိပ်(ခ်ျ)အာ ပြဿနာဖြစ်ပါ တယ်။

ရန်ကုန်မြို့နှင့်အနီးဆုံး အပန်းဖြေရေကူးဆိပ် ရန်ကင်းသာ သို့မဟုတ် ညောင်ချောင်းသာ



သတင်းဆောင်းပါး-မောင်စိန်လွင်(မြန်မာ့အလင်း) ၊ဓာတ်ပုံ-မင်းထက်

ရန်ကုန် ဖေဖော်ဝါရီ ၂၈

သက်တမ်းအားဖြင့် လေးနှစ်ကျော် ငါးနှစ်အတွင်းသို့ ရောက်ရှိနေပြီဖြစ်သော အပန်းဖြေ ကမ်းခြေရေကူးဆိပ်။ တစ်နည်းအားဖြင့် ပြောရလျှင် ရန်ကုန်မြို့နှင့် အနီးစပ်ဆုံးနှင့် ပြည်သူများသွားလာလည်ပတ်မှုအများဆုံး အပန်းဖြေရေကူးဆိပ် ရန်ကင်းသာ သို့မဟုတ် ညောင်ချောင်းသာ ------။

ကျိုင်းတုံနှင့် တာချီလိတ်ဒေသ ငါးနှစ်တာကာလ ဖွံ့ဖြိုးရေးဆောင်ရွက်ခဲ့မှု ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေး


တာချီလိတ် ဖေဖော်ဝါရီ ၂၈
 
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဦးအုန်းမြင့်တို့သည် ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၄ နာရီတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ သို့ ရောက်ရှိပြီး ကျိုင်းတုံဒေသရှိ နိုင်ငံရေးပါတီများ၊

Sunday, February 28, 2016

ပရိယတ္တိငွေပင်တော် သိန်း (၁၁၃၀)ပြည့် နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပ



မန္တလေး ဖေဖော်ဝါရီ ၂၈

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် မေဃ၀န် ကျောင်းတိုက် ပရိယတ္တိသာသနာဝေပုလ္လ ဓမ္မဗိမာန်တော်တွင်း ကျင်းပသည့် ပရိယတ္တိ ငွေပင်တော်သိန်း (၁၁၃၀)ပြည့်  ရေစက်ချပွဲ၊ သံဃဆေးရုံ ငွေပင်တော်လှူဒါန်းပွဲနှင့် ဘွဲ့ရ၊ စာချ၊ စာသင်၊ စာအောင်ဆရာတော်၊ သံဃာတော်များ ဂုဏ်ပြုပူဇော်ပွဲနှင့် တံတားဦးမြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ရေစက်ချ အခမ်းအနားသို့ တက်ရောက်ကြည်ညိုသည်။

ချက်သမ္မတနိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကုန်သည်ကြီးများအသင်းနှင့်မြန်မာနိုင်ငံ ကုန်သည် စက်မှုအသင်းချုပ်တို့ အကျိုးတူပူးပေါင်းမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး




ရန်ကုန် ဖေဖော်ဝါရီ ၂၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာလျူဘိုမီယာ ဇာအိုရာလတ်သည် ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်၌ ကျင်းပ သည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် ချက်သမ္မတနိုင်ငံ ကုန်သည်ကြီးများအသင်းတို့အကြား ရေးထိုးသည့် နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်ခဲ့


နေပြည်တော် ဖေဖော်ဝါရီ ၂၈

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ဖေဖော်ဝါရီ (၂၆) ရက်မှ (၂၇)ရက်အထိ ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

တတိယအကြိမ် မြန်မာနိုင်ငံ စာကြည့်တိုက်မှူးများ ညီလာခံဖွင့်ပွဲကျင်းပ




ရီရီမြင့်၊ ဥမ္မာသန့်
ရန်ကုန်  ဖေဖော်ဝါရီ ၂၈

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ စာကြည့်တိုက် အသင်းတို့ ပူးပေါင်းကျင်းပသည့် တတိယအကြိမ်  မြန်မာနိုင်ငံ စာကြည့်တိုက်မှူးများ ညီလာခံ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီခွဲက ရန်ကုန်မြို့ရှိ  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) ၌ ကျင်းပသည်။

Saturday, February 27, 2016

တပ်မတော်(ရေ)မှ စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise-Sea Shield 2016) ပြုလုပ်ဆောင်ရွက်



နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၇
မြန်မာနိုင်ငံသည် အာဆီယံ နိုင်ငံများတွင် အနောက်ဘက် အစွန်ဆုံး၌ ရှိပြီး အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံ အကြား တည်ရှိနေသဖြင့် မြေအနေအထားအရ မဟာ ဗျူဟာမြောက် အရေးပါကြောင်း၊ ရေပြင် အနေအထားအရ ကြည့်ပါကလည်း ဘင်္ဂလား ပင်လယ်အော်၊ အိန္ဒိယ သမုဒ္ဒရာတို့နှင့် ဆက်စပ်နေသည့် ရေပြင်ကို ပိုင်ဆိုင်ထားကြောင်း၊ ယင်းသို့ မြေအနေအထား၊ ရေပြင်အနေအထားများကြောင့် အရေးပါသော နိုင်ငံတစ်ခုဖြစ်၍ နိုင်ငံကာကွယ်ရေး အတွက် အမြဲသတိရှိရန်၊ ပြင်ဆင်ထားရန်လိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် လေ့ကျင့်ပြုလုပ်သော မြန်မာ့ရေပိုင်နက် (ကိုကိုးကျွန်း ဒေသ)၌ တပ်မတော်(ရေ)မှ စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise-Sea Shield 2016)တွင် ပါဝင်ခဲ့ကြသည့် စစ်ရေယာဉ်မှူးများနှင့် အရာရှိ၊ စစ်သည်များကို အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၂၃၀ ကေဗွီ ဂန့်ဂေါ- ကလေး မဟာ ဓာတ်အားလိုင်းနှင့် ၆၆/၁၁ ကေဗွီ ကလေး ဓာတ်အားခွဲရုံ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်



နေပြည်တော် ဖေဖော်ဝါရီ ၂၇
၂၃၀ ကေဗွီ ဂန့်ဂေါ-ကလေး မဟာ ဓာတ်အားလိုင်းနှင့် ၆၆/၁၁ ကေဗွီ ကလေး ဓာတ်အားခွဲရုံ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် စစ်ကိုင်းဒေသကြီး ကလေးမြို့၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်



နေပြည်တော် ဖေဖော်ဝါရီ ၂၇
ကျန်းမာရေးဝန်ကြီးဌာန ဆေးဘက်ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် စီမံခန့်ခွဲရေး ဦးစီးဌာန သူနာပြုနှင့် သားဖွား သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့ရှိ အဆိုပါ သင်တန်းကျောင်း ရှေ့မျက်နှာစာ၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်၍ ကမ္ဗည်း ကျောက်စာတိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် “တောင်သူလယ်သမားနေ့”ကို ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ် စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့ရှိ ရာဇဂြိုဟ် ရေလှောင်တမံ စီမံကိန်းနှင့် ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်



နေပြည်တော် ဖေဖော်ဝါရီ ၂၇
“တောင်သူလယ်သမားနေ့”ကို ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ် ရေလှောင်တမံ စီမံကိန်းနှင့် ရေအား လျှပ်စစ်ဓာတ် အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ် ရေလှောင်တမံ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ ကမ္ဗည်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများအတွက် တပ်မတော်မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိ ကိုကိုးကျွန်းအနေဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်မှုများ ရှိလာသည်ကို တွေ့မြင်ရ


နေပြည်တော် ဖေဖော်ဝါရီ ၂၆
မိမိအနေဖြင့် ကိုကိုးကျွန်းသို့ ၆ ကြိမ်မြောက် ရောက်ရှိခြင်းဖြစ်ပြီး ကိုကိုးကျွန်းအနေဖြင့် တစ်ကြိမ်ထက် တစ်ကြိမ် ပိုမိုဖွံ့ဖြိုးတိုးတက်မှုများ ရှိလာသည်ကို တွေ့မြင်ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ညနေပိုင်းတွင် ကိုကိုးကျွန်းရှိ တပ်မတော်(ရေ)တပ်စခန်းမှ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများအား သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

Friday, February 26, 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မြစ်သာမြစ်ကျဉ်းများ ချဲ့ထွင်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေး





နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးမြင့်လှိုင်၊ ဦးခင်မောင်စိုး၊ ဒေါက်တာသန်းအောင်၊ ဦးရဲထွဋ်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ တာဝန်ရှိသူများနှင့်အတူ မြန်မာအမျိုးသားလေကြောင်းဖြင့် ထွက်ခွာပြီး ယနေ့နံနက် ၁၀နာရီ မိနစ် ၄၀ တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ရောက်ရှိရာ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ ဌာနေကိုယ်စားလှယ် Mr. Giuseppe de Vincentiis အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ဌာနေကိုယ်စားလှယ် Mr. Giuseppe de Vincentiis အားယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၂၆
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့နံနက်(၁၀) နာရီတွင်ကျင်းပရာ အမျိုးသား လွှတ်တော်နှင့် ကမ္ဘောဒီးယား၊ ပြင်သစ်၊ ဘရူနိုင်း၊ လပ်ဗီးယား၊ ပိုလန်၊ ဘယ်လာရုစ် လွှတ်တော်များနှင့် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး အသင်း များ ပြင်ဆင်ဖွဲ့စည်းခြင်းကို အတည်ပြုဆောင် ရွက်ကြသည်။

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသစ် လျှောက်ထားခြင်းများနှင့် သက်တမ်းတိုးခြင်း များအား ခွင့်ပြုပေး နေမှုအခြေအနေ

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့် ခွဲရေးကော်မတီကပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်အသစ်လျှောက် ထားခြင်း၊ သက်တမ်းတိုးလျှောက်ထားခြင်း၊ လုပ်ငန်းအမည်ပြောင်း ခြင်းနှင့် ပုံနှိပ်သူ/ ထုတ်ဝေသူ အမည်ပြောင်း လျှောက်ထားခြင်းတို့ကို စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး များဖြင့် စိစစ်၍ ခွင့်ပြုပေးလျက်ရှိပါသည်။

နောင်အစိုးရအဖွဲ့ တာဝန်ယူစဉ် စဉ်းစားစီ မံဆောင်ရွက်နိုင် ရန် အချို့ကိစ္စရပ်များကို ဆိုင်းငံ့

နေပြည်တော် ဖေဖော်ဝါရီ ၂၅

၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားသည့် ကိစ္စရပ်များအနက်မှ အချို့ကိစ္စရပ် များကို နောင်အစိုး ရတာဝန်ယူစဉ် စဉ်းစားစီမံဆောင်ရွက်နိုင်ရန် အတွက် အကြောင်းအရာများအလိုက် ဆိုင်းငံ့ထား ကြောင်းနှင့် အဆိုပါ ကိစ္စရပ်များမှာ အောက်ပါ အတိုင်းဖြစ် ကြောင်းပြည်ထောင်စုအစိုးရအဖွဲ့မှ သိရသည်-

လက်ရှိ ပြည်ထောင်စုအစိုးရက ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရတာပါ။ အခု ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံခြင်း ရှိ၊ မရှိ ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသေအချာ ပြန်လည်သုံးသပ်ရမယ့်ကိစ္စပါ


ဦးရဲထွဋ် (ပြည်ထောင်စုဝန်ကြီး)
နေပြည်တော်  ဖေဖော်ဝါရီ  ၂၅
ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပသည့် ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင် က အရေးကြီးအဆိုကိုတင်သွင်းခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။

Thursday, February 25, 2016

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပရာ အရေးကြီးအဆိုတစ်ခု ဆွေးနွေးအတည် ပြုခြင်း၊ အရေးကြီးအဆိုတစ်ခု ထပ်မံတင်သွင်းခြင်း၊ ကော်မတီ ၃ ခု ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၂ရက်မြောက်နေ့ ကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပရာ အမျိုးသား လွှတ်တော်နှင့် သြစတြေးလျ၊ ကိုရီးယား၊ တရုတ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားလွှတ် တော်များနှင့် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း များ ပြင်ဆင်ဖွဲ့စည်းခြင်းကို အတည်ပြုဆောင်ရွက်ကြသည်။

(၁၅)ကြိမ်မြောက် အာဆီယံဒေသတွင်းဖိုရမ်၊ သဘာဝဘေးကယ်ဆယ်ရေးဆိုင်ရာအစည်းအ‌ဝေးကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၂၅
(၁၅)ကြိမ်မြောက်အာဆီယံဒေသတွင်းဖိုရမ်၏ သဘာဝဘေးကယ်ဆယ်ရေးဆိုင်ရာ အစည်း အ‌ဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)ခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး၊ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီးများ၊  ပူးတွဲဥက္ကဌများ ဖြစ်ကြသော တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်များ၊  အာဆီယံ ဒေသတွင်း ဖိုရမ် အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အသီးသီးမှ

Wednesday, February 24, 2016

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း (၈) ကြိမ်မြောက် အာရှပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား


နေပြည်တော် ဖေဖော်ဝါရီ ၂၄

(၈)ကြိမ်မြောက် အာရှပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေး ဆိုင်ရာ ညီလာခံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်အမှာစကား ပြောကြားသည်။

နိုင်ငံတော် အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အသွင် ကူးပြောင်းရေးအဖွဲ့ တတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြုကော်မတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ အသွင် ကူးပြောင်းရေးအဖွဲ့အကြား တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ ၌ ကျင်းပသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ ကျင်းပ




နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး(၁၁) ရက်မြောက် နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင်ကျင်းပရာ အယ်လ်နီညို ရာသီ ဥတုနှင့်ပတ်သက်၍ ဆက်လက် ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်း၊ အရေးကြီး အဆိုတင်သွင်းခြင်း ကော်မတီ(၂)ခုဖွဲ့စည်း ခြင်းတို့အား လွှတ်တော် ၏ အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဟန်လင်းပျူမြို့ဟောင်းသို့ကြည့်ရှုစစ်ဆေးခြင်း


နေပြည်တော် ဖေဖော်ဝါရီ ၂၄
ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူသည် ဖေဖော်ဝါရီ ၂၃ရက်နံနက်ပိုင်းတွင် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် အာဆီယံ စီးပွားရေးဝန်ကြီးများ အမေရိကန်ပြည်ထောင်စု (2016 ASEAN Economic Ministers Roadshow to United States) သို့ တက်ရောက်




နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
 
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၆ ရက် အထိ အာဆီယံ-အမေရိကန် အထူးထိပ်သီး အစည်းအဝေးသို့ တက်ရောက် ခဲ့ပြီး ဖေဖော်ဝါရီလ ၁၇ ရက်မှ ၁၈ ရက်အထိ

Tuesday, February 23, 2016

အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပ




နေပြည်တော် ဖေဖော်ဝါရီ ၂၃
 
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးဒသမနေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပရာ ပြည်သူတို့၏ တိုင်ကြားစာ ဆိုင်ရာကော်မတီကို လွှတ်တော် က အတည်ပြု ဖွဲ့စည်းခြင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေ လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဖွဲ့ စည်းရေးတို့ကို ဆောင်ရွက်ကြသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပ






နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
 
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးဒသမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင်ကျင်းပရာ သ၀ဏ်လွှာ ၂ ခုမှတ်တမ်းတင်ခြင်းနှင့် အယ်လ်နီညို ရာသီဥတုနှင့်ပတ်သက်သည့် အရေးကြီး အဆို အား ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ကြသည်။

ပြည်ထောင်စု လွှတ်တော် နာယက၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်း သံအမတ်ကြီး များအား သီးခြားစီ လက်ခံတွေ့ဆုံ



နေပြည်တော် ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စု လွှတ်တော် နာယက၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် မြန်မာနိုင်ငံ ဆိုင်ရာ စင်ကာပူ သံအမတ်ကြီး H.E. Mr. Robert Chua အား ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ရာဇဂြိုလ်ရေလှောင် တမံ မကြာမီ ဖွင့်လှစ်တော့မည်


နေပြည်တော် ဖေဖော်ဝါရီ ၂၃ 
 
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် တာဝန်ရှိသူများ လိုက်ပါ လျက် ဖေဖော်ဝါရီ (၂၁)ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တိုင်းအဆင့် ညွှန်ကြားရေး မှူးများ၊

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့် သံအမတ်ကြီးများအား သီးခြားစီ လက်ခံတွေ့ဆုံ




နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
 
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ နိုင်ငံ သံအမတ်ကြီး H. E. Mr. Nicholas Coppel အား ယနေ့မွန်းလွဲ ၂ နာရီတွင် လည်းကောင်း၊

လူငယ်နှင့် အပြုသဘောစိတ်ထား




ချစ်နိုင် (စိတ်ပညာ)

တုံ့ပြန်ကြပုံမတူ
နေ့စဉ်နှင့်အမျှ အမှုကိစ္စအဝ၀ကို အဆက်မပြတ် ကြုံတွေ့ဖြတ်သန်းနေကြသော လူများတွင် အချို့က ပေါ့ပေါ့ပါးပါး ကြည်ကြည်လင်လင်၊ အချို့က ညစ်ညူးမှိုင်းပျ၊ စိတ်ဓာတ်ကျလျက်၊ အချို့က ဆူပူမာန်မဲ ခက်ထန်ရန်လိုစွာ၊ တုံ့ပြန်ပုံ အခြေအနေချင်း မတူညီ ကြပါ။ စာဖတ်သူလည်း သတိပြုမိပါလိမ့်မည်။ နေ့စဉ် မြင်တွေ့ကြရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘရူနိုင်းနိုင်ငံ အမျိုးသားနေ့သ၀ဏ်လွှာပေးပို့



နေပြည်တော် ဖေဖော်ဝါရီ ၂၃

၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် ကျရောက်သော ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၏ (၃၂)နှစ်မြောက် အမျိုးသားနေ့အခါ သမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ဘရူနိုင်းဒါရူဆလမ်နိုင်ငံဘုရင်၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ဘဏ္ဍာ ရေးဝန်ကြီး၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး ဆူလတန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာထံသို့ ဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးပို့သည်။

(သတင်းစဉ်)

ရန်ကုန်တိုင်းဒေသကြီးမှအပ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ခွင့်ကတ်ပြားများ စတင်ထုတ်ပေး ရီရီမြင့်၊ ဥမ္မာသန့်

ရန်ကုန် ဖေဖော်ဝါရီ ၂၂

၂ဝ၁၆ ခုနှစ် မတ် ၉ ရက်မှ ၁၈ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် တင်ထားကြပြီး စာစစ်ဌာနအသီးသီး တွင် ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဝင်ခွင့်ကတ်ပြား များကို ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီးမှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စတင်ထုတ်ပေးနေပြီ ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကျောင်းသား ကျောင်းသူများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ခွင့်ကတ်ပြားများကိုမူ ဖေဖော်ဝါရီ ၂၄ ရက်(ဗုဒ္ဓဟူးနေ့)မှစ၍ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဘရုနိုင်းဒါရူဆလမ်နိုင်ငံ အမျိုးသားနေ့သ၀ဏ်လွှာပေးပို့

နေပြည်တော် ဖေဖော်ဝါရီ ၂၃

၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် ကျရောက်သော ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၏ (၃၂)နှစ်မြောက် အမျိုးသားနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံမှ ဘရူနိုင်းဒါရူဆလမ်နိုင်ငံဘုရင်၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ဘဏ္ဍာရေး ဝန်ကြီး၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီး ဆူလတန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

(သတင်းစဉ်)

ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရား၊ပုထိုး၊စေတီ ပစ္စယံများပေါ်သို့ မတ်လ ၁ ရက်နေ့မှစ၍ တက်ရောက်ခွင့်ပြုတော့မည်မဟုတ်ကြောင်း ထုတ်ပြန်

နေပြည်တော် ဖေဖော်ဝါရီ ၂၂

လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့ပြီး မြန်မာတစ်မျိုးသားလုံးနှင့် ဆက်နွှယ်နေသည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသတစ်ခုဖြစ်သည့်အတွက် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရား၊ ပုထိုး၊ စေတီ ပစ္စယံများပေါ်သို့ မတ်လ ၁ ရက်နေ့မှစ၍ တက်ရောက်ခွင့်ပြုတော့မည်မဟုတ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ယနေ့ ထုတ်ပြန် သည်။

ယခုအခါ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ဘုရား၊ ပုထိုး၊ စေတီ၊ အုတ်ကျောင်း စသည့် ရှေးဟောင်းအဆောက်အအုံပေါင်း ၃ဝဝဝ ကျော်ရှိကြောင်း သိရှိရပြီး နှစ်ကာလရှည်ကြာလာသည့် အဆောက်အအုံတို့သည် ခံနိုင်ရည်လျော့နည်းလာသည့်အပြင် လူအများအပြား တက်ရောက်မှုအတွက် ဘုရားများ၊ ရှေးဟောင်း အဆောက်အအုံများ၏ ရေရှည်တည်တံ့မှုကို အန္တရာယ်ဖြစ်စေကြောင်း၊ တက်ရောက်သူတို့အတွက်လည်း အန္တရာယ်များလာကြောင်း၊ ထို့အပြင် တက်ရောက်သူလူအများ၏ မလျော်ကန်သည့် ဝတ်စားဆင်ယင်မှု၊ ကခုန်သီဆိုမှု၊ ဘုရားပေါ်တွင် အိပ်စက်ခြင်းစသည့် ယဉ်ကျေးမှုဖြစ်စဉ်ကို ထိခိုက်ယိုယွင်းစေသည့် အပြုအမူအဖြစ်အပျက်တို့သည် သတိပေး တားမြစ်သည့်ကြားကပင် မလိုလားအပ်သည့်ဖြစ်စဉ်မျိုး မကြာခဏ ဖြစ်ပွားလျက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထား သည်။


ရှင်မင်း

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ အစည်းအဝေးကျင်းပ




ရန်ကုန် ဖေဖော်ဝါရီ ၂၂

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟို အဖွဲ့ (၁/၂ဝ၁၆) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။