Sunday, January 31, 2016

MNA လေကြောင်းလိုင်းမှ ရန်ကုန်-ဗန်ကောက်-ရန်ကုန် ခရီးစဉ် မကြာမီ စတင်ပျံသန်းပြေးဆွဲမည်


ရန်ကုန် ဇန်နဝါရီ ၃ဝ
မြန်မာအမျိုးသားလေကြောင်းလိုင်း MNA(Myanmar National Airlines)မှ တတိယအကြိမ်မြောက် ပြည်ပ ခရီးစဉ် တစ်ခုဖြစ်သည့် ရန်ကုန်-ဗန်ကောက်- ရန်ကုန် ခရီးစဉ်ကို ဖေဖော်ဝါရီ ၂ဝ ရက်မှ စတင်ကာ ပျံသန်း ပြေးဆွဲ မည်ဖြစ်ကြောင်း သိရသည်။

လားရှိုး-မူဆယ်လမ်းပိုင်း ယာဉ်ကြောပိတ်ဆို့မှုလျော့နည်းရေး ကုန်တင် ယာဉ်ကြီးများအား ဖြတ်သန်း သွားလာချိန် သတ်မှတ်


လားရှိုး ဇန်နဝါရီ ၃ဝ
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်ရှုခင်းသာ နမ့်ဖတ်ကာလမ်းပိုင်းတွင် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၂၃၀ ကေဗွီ ပုသိမ်(ကန်ကြီးထောင့်) ပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်



ရန်ကုန် ဇန်န၀ါရီ ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးအုန်းမြင့်၊ ဦးရဲထွဋ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်အောင်ကျော်ဇော၊ ဒုတိယ၀န်ကြီး ဦးခင်ဇော်နှင့် တာဝန် ရှိသူများအတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တပ်မတော်အထူး လေယာဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့သို့ရောက်ရှိကြရာ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်တေဇကျော်နှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက် ကြသည်။

Saturday, January 30, 2016

တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

တက္ကသိုလ်ဝင်စာမေးပွဲအတွက် အင်္ဂလိပ်စာဘာသာရပ်အတွက် စာကိုကျက်မှတ်ရာမှာ ပြဋ္ဌာန်းထားတဲ့ Grade 11 English Text ကို သေသေချာချာလေ့လာကြဖို့ လိုပါတယ်။ ပြဋ္ဌာန်းထားတဲ့ English Text မှာ Unit (၁၄)ခု ပါရှိပါတယ်။

Friday, January 29, 2016

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော် ကိုယ်စားလှယ်များအား ဂုဏ်ပြုကြိုဆိုသည့် နေ့လည်စာ စားပွဲ အခမ်းအနား တက်ရောက်



နေပြည်တော် ဇန်နဝါရီ ၂၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့မွန်းတည့် (၁၂)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၌ ကျင်းပသည့် ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော် ကိုယ်စားလှယ်များအား ဂုဏ်ပြု ကြိုဆိုသည့် နေ့လည်စာ စားပွဲသို့ တက်ရောက်သည်။

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သတင်း မီဒီယာများအား တွေ့ဆုံ



နေပြည်တော် ဇန်နဝါရီ ၂၉
ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်တွင်း သတင်းဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပ သတင်းဌာနများနှင့် ပြည်တွင်း သတင်းစာ၊ ဂျာနယ်များမှ အယ်ဒီတာနှင့် သတင်းထောက်များအား ယနေ့ ညနေ (၃) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် မီဒီယာခန်း၌ တွေ့ဆုံသည်။

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး



နေပြည်တော် ဇန်နဝါရီ ၂၉
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၄၁ ရက်မြောက်နေ့ကို ယနေ့နံနက်(၁၀)နာရီတွင်ကျင်းပရာ လွှတ်တော်သက်တမ်းကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက အကြံပြု ဆွေးနွေးခြင်း ကို ဆောင်ရွက်ကြသည်။

ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်များအား ဂုဏ်ပြုကြိုဆိုသည့် နေ့လယ်စာစားပွဲ အခမ်းအနား ကျင်းပခြင်း



နေပြည်တော် ဇန်နဝါရီ ၂၉
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၄၁)ရက်မြောက် အစည်းအဝေးပြီးနောက် မွန်းတည့်(၁၂)နာရီတွင် လွှတ်တော် အဆောက်အဦ ထမင်းစားခန်းမဆောင်ကြီး၌ ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်များအား ဂုဏ်ပြုကြိုဆိုသည့် နေ့လယ်စာစားပွဲ အခမ်းအနား ကျင်းပသည်။

President U Thein Sein’s State of the Union Address to the Pyidaungsu Hluttaw



I would like to extend well wishes and good health to respected Chairman of the Pyidaungsu Hluttaw, Chairman of the Amyotha Hluttaw and members of the Hluttaw.

မိုးပွင့် အထူးစီမံချက်(အပိုင်း-၂)ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်



ထားဝယ်     ဇန်န၀ါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်နှင့် ၀န်ထမ်းများသည် Norwegian Refugee Council (NRC) နှင့်ပူးပေါင်း၍ ဇန်န၀ါရီ (၂၇)ရက်နေ့ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ အ.ထ.က(ခွဲ) ကျောင်းရှိ ကျောင်းသား/ကျောင်းသူ များအား အသက် (၁၀)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မိုးပွင့်အထူးစီမံချက် (အပိုင်း-၂) ဖြင့် နေ့ချင်းပြီး ကွင်းဆင်း ဆောင် ရွက် ပေး သည်။

(၆၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ် တံတားသစ်ဖွင့်လှစ်

ထားဝယ် ဇန်န၀ါရီ ၂၈
(၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် မိကျောင်းအိုင် (၁၄၀)ပေ ကွန်ကရစ်တံတားသစ်ဖွင့်ပွဲကို ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၉ နာရီက ကံပေါက် ကျေးရွာကျင်းပသည်။

အမျိုးသားဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များနှင့်အရည်အသွေးပြည်ဝသော စွမ်းအင်ဝန်ဆောင်မှုများ


လူဦးရေနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စွမ်းအင်လိုအပ်ချက်သည် လိုက်ပါမြင့်တက်လျက်ရှိသည်။ လိုအပ်သောစွမ်းအင်ကို အပြည့်အဝဖြည့်ဆည်းနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင် နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြင့် နိုင်ငံ၏ စွမ်းအင်သယံဇာတအရင်းအမြစ်များကို ထိရောက်စွာအသုံးချနိုင်ရန် လိုအပ်ပေသည်။

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သိမှတ်ဖွယ်ရာ စိတ်ကြိုက်မြန်မာစာ

မင်္ဂလာပါတပည့်တို့ -

ဒီကနေ့ပို့ ချရမှာကတော့ တက္ကသိုလ်ဝင်စာမေးပွဲမှာ စိတ်ကြိုက်မြန်မာစာဖြေဆိုကြမယ့် ကျောင်းသူကျောင်းသားများ အတွက် စိတ်ကြိုက်မြန်မာစာ မေးခွန်းလွှာဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဆွေးနွေးတင်ပြပါမယ်။ စိတ်ကြိုက် မြန်မာစာဘာသာရပ်ဟာ အဆင့်မြင့်မြန်မာစာလေ့လာနိုင်ရေးအတွက် လမ်းခင်းပေးနိုင်တဲ့ဘာသာရပ် ဖြစ်ပါတယ်။ စိတ်ကြိုက်မြန်မာစာ ဘာသာရပ် ယူသူများဟာ မြန်မာစာအရေးအသား ပိုမိုကျွမ်းကျင်လာနိုင်ပါတယ်။

မြန်မာဝေါဟာရတွေကို ပိုင်ပိုင်နိုင်နိုင်သုံးတတ်လာနိုင်ပါတယ်။ မြန်မာစာပေ မြန်မာစကားပြေကဗျာတွေကို ဝေဖန်အကဲဖြတ်လာနိုင်ပါမယ်။ မြန်မာစာပေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအစဉ်တွေကို သိလာနိုင်ပါမယ်။ မြန်မာ့ယဉ်ကျေးမှု မြန်မာ့ဓလေ့ထုံးစံတွေကို တန်ဖိုးထားတတ်လာပါလိမ့်မယ်။

ဒီလိုအကျိုးသက်ရောက်မှုနက်ရှိုင်းတဲ့ စိတ်ကြိုက်မြန်မာစာမှာ မြန်မာဝတ္ထုတိုနဲ့ မြန်မာပြဇာတ် လက်ရွေးစင်၊ သံဝရပျို့၊ မြန်မာကဗျာဖွဲ့နည်းနဲ့ မြန်မာစာပေသမိုင်းဆိုတဲ့ စာအုပ်(၄)အုပ် ပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းစာ တွေကို လေ့လာကျက်မှတ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသူ ကျောင်းသားများအတွက် မှတ်သားသိရှိသင့်တာတွေကို ဆွေးနွေးပို့ချပါမယ်။

စိတ်ကြိုက်မြန်မာစာမေးခွန်းလွှာမှာ မေးခွန်းကြီး(၄)ပုဒ် မေးပါမယ်။ အဲဒီမေးခွန်း (၄)ပုဒ်မှာ မြန်မာဝတ္ထုတိုနဲ့ မြန်မာပြဇာတ်တစ်ပုဒ်၊ သံဝရပျို့တစ်ပုဒ်၊ မြန်မာကဗျာဖွဲ့နည်းတစ်ပုဒ်နဲ့ မြန်မာစာပေသမိုင်း တစ်ပုဒ်တို့ ပါဝင်ပါတယ်။ (၃)နာရီမေးခွန်းလွှာဖြစ်ပြီးတော့ မေးခွန်းအပုဒ်တိုင်းမှာ အပုဒ်ခွဲများ ပါဝင်ပါတယ်။

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သိမှတ်ဖွယ်ရာမြန်မာစာ

မင်္ဂလာပါတပည့်တို့-
ယခုဆွေးနွေးပို့ချမယ့် ပို့ချချက်ကတော့ တက္ကသိုလ်ဝင်စာမေး ပွဲ ဖြေဆိုကြမယ့် ကျောင်းသူ ကျောင်းသားများ အတွက် “မြန်မာစာ ဘာသာရပ် မေးခွန်းလွှာဆိုင်ရာ သိမှတ်ဖွယ်ရာများ ဖြစ်ပါတယ်။ ဒီပို့ချချက်ဟာ ကျောင်းသူ ကျောင်းသားများအတွက် မြန်မာစာပြဋ္ဌာန်းစာတွေကို လေ့လာကျက်မှတ်ရာမှာ အထောက်အကူ ပြုနိုင်ဖို့နဲ့ မြန်မာစာ ဘာသာရပ်ကို ထူးချွန်ပေါက်မြောက်စွာ ဖြေဆိုစေနိုင်ဖို့ ရည်ရွယ်ပါတယ်။

အမျိုးသားပြတိုက်(နေပြည်တော်)တည်ဆောက်ပြီးစီးမှုအခြေအနေများ ကြည့်ရှု


နေပြည်တော် ဇန်နဝါရီ ၂၈

အမျိုးသားပြတိုက် (နေပြည်တော်)၏ တည်ဆောက်ရေး ပြီးစီးမှုအရ မြန်မာ့လက်မှု အနုပညာပြခန်းနှင့် အာဆီယံပြခန်းများကို ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ တတိယပတ်တွင် လည်းကောင်း၊ သီဟာသနပလ္လင် ပြခန်းနှင့် ကလေးသူငယ်ပညာပေး ပြခန်းများကို မတ်လပထမပတ်တွင် လည်းကောင်း အပြီးသတ် ခင်းကျင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ထုတ်ပြန်

နေပြည်တော် ဇန်နဝါရီ ၂၈

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် စီးပွားရေးလုပ်ငန်းများ အပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်းများကြောင့် ပတ်ဝန်းကျင် နှင့် လူမှုရေးအပေါ် သိသာထင်ရှားသော ဆိုးကျိုးသက်ရောက်မှုများ မဖြစ်ပေါ်စေရေးနှင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးသက်ရောက်မှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်အရ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ ၂၉-၁၂-၂ဝ၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၆၁၆/၂ဝ၁၅ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။


အဆိုပါ လုပ်ထုံးလုပ်နည်းများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သော www. ecd.gov.mm တွင် ဝင်ရောက်ဖတ်ရှု လေ့လာနိုင်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွား စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးရေးကို ဟန်ချက်ညီညီပေါင်းစပ်ပေးသည့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအပါအဝင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း သတင်းရရှိသည်။

Thursday, January 28, 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား




နေပြည်တော် ဇန်န၀ါရီ ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၄၀)ရက်မြောက်နေ့သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနား တက်ရောက်


နေပြည်တော် - ဇန်နဝါရီ ၂၈

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ ပြုလုပ်သည့် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနား တက်ရောက်သည်။

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ၄၀ ရက်မြောက်နေ့ကျင်းပ




နေပြည်တော် ဇန်န၀ါရီ ၂၈

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၄၀ ရက် မြောက်နေ့ကို ယနေ့နံနက်(၁၀)နာရီတွင်ကျင်းပရာ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့ သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း အပါအ၀င် ဥပဒေကြမ်း ၂ ခု ဆွေးနွေးခြင်း၊ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

ပထမအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး




နေပြည်တော် ဇန်န၀ါရီ ၂၈

ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၈ ရက် မြောက်နေ့ကို ယနေ့မွန်းလွဲ(၁)နာရီခွဲတွင် ကျင်းပရာ မေးခွန်း(၄)ခုမေးမြန်းဖြေကြားခြင်းကို ဆောင်ရွက်ကြသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပပြီးစီး




နေပြည်တော် ဇန်န၀ါရီ ၂၈

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၁)ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ(၁)နာရီတွင် ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် လွှတ်တော်ကိုယ်စားလှယ်များက နှုတ်ဆက်အမှာစကားများ ပြောကြားကြသည်။

(၆၈)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲအောင်စာရင်းထုတ်ပြန်

နေပြည်တော် - ဇန်နဝါရီ ၂၈


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သာသနာရေးဝန်ကြီးဌာန သာသနာရေး ဦးစီးဌာန တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့က ၁၃၇၇ ခုနှစ် နတ်တော်လပြည့်ကျော်(၁)ရက် (၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်)မှ ပြာဆိုလပြည့်ကျော်(၂)ရက် (၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်)အထိ ကျင်းပခဲ့သော (၆၈)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် သဘော ရေးဖြေနှင့် အာဂုံပြန် အောင်မြင်တော်မူကြသော သံဃာတော် အရှင်သူမြတ်များ၏ စာရင်းကို သာသနာရေးဦးစီးဌာနက ယနေ့ထုတ်ပြန် ကြောင်း သတင်းရရှိသည်။

အတွေ့အကြုံများကို အခြေခံ၍ အမျိုးသမီးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်း ဆောင်ရွက်သွားရမည်


နေပြည်တော် ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ၂၀၁၅ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ရှိ သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်အဆောင်နေ ကျောင်းသား/ သူများအတွက် ဗဟိုစားချက်ဆောင်နှင့် စားရိပ်သာများဖွင့်လှစ်





နေပြည်တော်၊ ဇန်နဝါရီ ၂၈ 

နိုင်ငံတော်၏သားငါးကဏ္ဍဖွံ့ဖြိုးရေး၊ ဘေးအန္တရာယ်ကင်းရှင်းသော အစားအစာများ မွေးမြူ ထုတ်လုပ်နိုင်ရေးနှင့် ကျေးလက်လူမှုစီးပွားဘဝများ တိုးတက်မြင့်မားရေးတို့အတွက် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးလျက်ရှိသော နိုင်ငံတော်၏ တစ်ခုတည်းသော မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် (ရေဆင်း) ၏ အဆောင်နေ ကျောင်းသား/သူများအတွက် ဗဟိုစားချက်ဆောင် သစ်နှင့် စားရိပ်သာသစ်များ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ (၂၇) ရက် ညနေ (၄) နာရီခွဲတွင်   ဇေယျာသီရိမြို့နယ်၊ ရေဆင်းမွေးမြူရေးဆိုင်ရာဆေး တက္ကသိုလ်ရှိ ဗဟိုစားချက်ဆောင်သစ်နှင့် စားရိပ်သာသစ်များတွင် ကျင်းပ သည်။

ကျေးလက်ရေရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေး မဟာဗျူဟာမူဘောင်နှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ် ရေးဆွဲခြင်းဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ




နေပြည်တော် ဇန်နဝါရီ ၂၈

ဘူမိရူပအနေအထားအရ အချို့ဒေသများတွင် သန့်ရှင်းသော သောက်သုံး ရေကို လွယ်ကူစွာရရှိနိုင်သော်လည်း အချို့ဒေသများတွင်မူ ရေရရှိရေးအတွက် အခက်အခဲများစွာ ရှိနေဆဲ ဖြစ်ကြောင်းဖြင့် ယနေ့ နံနက် (၈) နာရီခွဲအချိန်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် ကျေးလက်ရေရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေး မဟာဗျူဟာမူဘောင်နှင့် ရင်းနှီး မြှုပ်နှံမှုအစီအစဉ် ရေးဆွဲခြင်းဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောကြားသည်။

သူနာပြုသားဖွားဝတ်စုံများ ဖြည့်စွက်ပြင်ဆင်သတ်မှတ်နိုင်ရေးစည်းဝေး


နေပြည်တော် ဇန်နဝါရီလ (၂၈)ရက်

မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုပိုမိုအားကောင်း၍ မြင့်မားလာစေရေးဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ထမ်းအားလုံး မိမိကျရာတာဝန်ကို တက်ညီလက်ညီဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ လုပ်ငန်းကျွမ်းကျင်မှု ဥာဏ်ပညာဗဟုသုတပြည့်စုံကြွယ်ဝမှု၊ တာဝန်သိစိတ်ရှိမှု၊ မိမိနှင့်မိမိအဖွဲ့အစည်း တိုးတက်လိုစိတ်ရှိမှုတို့လည်း လိုအပ်ပါ ကြောင်းဖြင့် ဇန်နဝါရီ (၂၈)ရက် နံနက်(၉)နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသော ''သူနာပြု-သားဖွားဝတ်စုံများ ဖြည့်စွက်ပြင်ဆင် သတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး'' တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ပြောကြားသည်။
မြန်မာနိုင်ငံရှိ သူနာပြုရာထူးအသီးသီးအတွက် အထူးသဖြင့် အမျိုးသမီးသူနာပြုများအတွက် ကာလအတန်ကြာ အစဉ်အဆက်သတ်မှတ်ထားခဲ့သည့် ဝတ်စုံသည်ကောင်းမွန်သော်လည်း ယခုအခါခေတ်နှင့် လျော်ညီစွာပြုပြင် ပြောင်းလဲရန်လိုအပ်လာပါကြောင်း၊ တစ်နှစ်ထက်တစ်နှစ်ပိုမိုပြင်းထန်လာသည့် ရာသီဥတုများနှင့်ကိုက်ညီ၍ ဝတ်ဆင်ရာတွင် သက်တောင့်သက်သာရှိစေမည့် သူနာပြု-သားဖွားဆရာ/ ဆရာမများ၏ ဝတ်စုံများကို ပြောင်းလဲရန် လေ့လာသုံးသပ် ခဲ့ပါကြောင်း၊

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၄၀ ရက်မြောက်နေ့ သို့တက်ရောက်ပြောကြားခဲ့သည့်မိန့်ခွန်း


နေပြည်တော် ဇန်န၀ါရီ ၂၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ် မြောက် ပုံမှန်အစည်းအဝေး ၄၀ ရက်မြောက်နေ့သို့တက်ရောက်ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ မှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ် စားလှယ်များနှင့် တက်ရောက် လာကြတဲ့ အကြီးအကဲများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြ ပါစေကြောင်း ဆုမွန်ကောင်း တောင်း အပ်ပါတယ်။

Wednesday, January 27, 2016

အမျိုးသားပြတိုက်(နေပြည်တော်)တည်ဆောက်ပြီးစီးမှု အခြေအနေများကြည့်ရှု


ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူသည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ(၂၆)ရက် နံနက် ပိုင်းက အမျိုးသားပြတိုက်(နေပြည်တော်)  အဆောင် C ရှိ သီဟာ သနပလ္လင်ပြခန်း ခင်းကျင်းခြင်းနှင့် တည်ဆောက်ခြင်း၊ အဆောင်(C)နှင့် အဆောင် (E)တို့၏ တည်ဆောက်ရေးလုပ်ငန်းများပြီးစီးမှု အခြေ အနေများ၊ အဆောင် D ရှိ ပြခန်းများဖြစ်သော မြန်မာ့လက်မှုအနုပညာပြခန်း (D1)၊ အာဆီယံပြခန်း(D2)၊ ကလေး သူငယ်ပြခန်း (D3)နှင့် အထူးပြပွဲ(D4)တို့၏ ပြခန်းများခင်းကျင်းပြသခြင်းနှင့် တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးမှု များကို ကြည့်ရှုစစ်ဆေးသည်။

ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၃၀ ရက်မြောက်နေ့ကျင်းပ


နေပြည်တော် ဇန်န၀ါရီ  ၂၇
ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၃၀ ရက်မြောက် နေ့ကို ယနေ့ နံနက်(၁၀) နာရီတွင် ကျင်းပရာ ပြည်သူ့လွှတ်တော်ကော်မတီများနှင့် ကော်မရှင်တို့က ပထမအကြိမ် ပြည်သူ့ လွှတ်တော် သက်တမ်းအတွင်း ဆောင်ရွက်ခဲ့မှု သုံးသပ်အကြံပြုချက်များနှင့် အစီရင်ခံစာများကို လွှတ်တော်သို့ တင်ပြကြသည်။

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ၃၉ ရက်မြောက်နေ့ကျင်းပ


နေပြည်တော် ဇန်န၀ါရီ ၂၇
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၉ ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ(၁)နာရီခွဲတွင်ကျင်းပရာ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ အပါအ၀င် အစီ ရင်ခံစာ ၃ ခု ဆွေးနွေးအတည်ပြုခြင်းနှင့် ဥပဒေကြမ်း ၂ ခု ဆွေးနွေး အတည်ပြုခြင်း တို့ကို ဆောင်ရွက်ကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တက်ရောက် မိန့်ခွန်းပြောကြားမည်

နေပြည်တော် ဇန်န၀ါရီ ၂၇

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇန်န၀ါရီ ၂၈ ရက်တွင် ကျင်းပမည့် ပထမ အကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး အဆိုပါအခမ်းအနားအား နံနက် ၉ နာရီ မိနစ် ၅၀ တွင် မြန်မာ့ရုပ်မြင်သံကြား News Channel ၊ လွှတ်တော် Channel နှင့် မြန်မာ့ အသံရေဒီယိုအစီအစဉ်တို့မှ တိုက်ရိုက် (Live)ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

“ဒို့ကျေးရွာအလှ ရှုမ၀” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုရရှိသူများစာရင်း ထုတ်ပြန်ကြေညာ



ရန်ကုန်၊ ဇန်နဝါရီ ၂၆
ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ဝန်ထမ်းများအား ဓာတ်ပုံပညာ တိုးတက်မြင့်မား လာစေရန် ရည်ရွယ်၍ “ဒို့ကျေးရွာအလှ ရှုမ၀” ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ ကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဓာတ်ပုံပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၁၆၇) ဦးက ဓာတ်ပုံပေါင်း (၃၆၆) ပုံ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိခဲ့ကြသည့် အမည် စာရင်းအား ပြိုင်ပွဲစိစစ် အကဲဖြတ် အဖွဲ့ က ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ပါသည်။

Tuesday, January 26, 2016

လမ်း၊ တံတားနှင့် မြို့ပြအိမ်ရာ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး


နေပြည်တော်  ဇန်နဝါရီ ၂၆
ဆောက်လုပ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင် သည် မြန်မာ - ဂျပန် တတိယ အကြိမ် ဒုတိယ ဝန်ကြီးအဆင့် Infrastructure Development အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာသည့် ဂျပန်နိုင်ငံ Ministry  of Land Infrastructure and Transport ,  Vice - Minister for Engineering Affairs , Ph.D. Koji IKEUCHI ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဇန်နဝါရီ (၂၆) ရက် နံနက် (၉)နာရီ အချိန်တွင် နေပြည်တော်ရှိ   ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံသည်။

မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့အစည်းအဝေး (၁/၂၀၁၆) ကျင်းပ



နေပြည်တော် ဇန်နဝါရီ ၂၆ ရက်

မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့ (Myanmar Parliamentary Union) အစည်းအဝေး (၁/၂၀၁၆)ကို ဇန်နဝါရီ(၂၅)ရက် နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် အပြည်ပြည် ဆိုင်ရာ ဥပဒေ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (IDLO)တို့ အကြား MoU နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲ အခမ်းအနားကျင်းပ



နေပြည်တော် ဇန်န၀ါရီ ၂၆
ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် အပြည်ပြည် ဆိုင်ရာ ဥပဒေ ဖွံ့ဖြိုးတိုးတက် ရေး အဖွဲ့အစည်း (IDLO) တို့အကြား ဥပဒေ ပညာ ဖွံ့ဖြိုး တိုးတက်ရေး အကူအညီ ပေးရေးအတွက် MoU သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ The Lake Garden ၌ ကျင်းပသည်။

၃၆ ကြိမ်မြောက် မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်ညီလာခံ ဖွင့်ပွဲကျင်းပ




ရန်ကုန်၊ ဇန်နဝါရီ  ၂၆
(၃၆)ကြိမ်မြောက် မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆရာဝန် ညီလာခံ ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၊ သံသုမာလမ်းရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ရန်ကုန်တွင် ယနေ့ နံနက်(၈)နာရီတွင် ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းအောင် နှင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြင့်ဆွေတို့ တက်ရောက်သည်။

စစ်ကိုင်း တိုင်းဒေသကြီး အတွင်းရှိ ညောင်ကန် ကြေးခေတ် နေရာတွင် ရှေးဟောင်းသုတေသန တူးဖော်မှု လုပ်ငန်းများ ဆောင်ရွက်




နေပြည်တော်  ဇန်နဝါရီ ၂၆.
ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူသည် စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ညောင်ကန် ကျေးရွာနှင့် အုတ်အိုင် ကျေးရွာများရှိ ကြေးခေတ် ယဉ်ကျေးမှု သုတေသန တူးဖော်ရေး လုပ်ငန်းခွင်များသို့ ဇန်နဝါရီ(၂၄)ရက်က သွားရောက်လေ့လာ ကြည့်ရှု စစ်ဆေးသည်။

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နှစ်ပတ်လည်အခမ်းအနားကျင်းပ




နေပြည်တော် ဇန်နဝါရီ ၂၆
မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ၂၀၁၅ ခုနှစ် နှစ်ပတ်လည် အစည်း အဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်ရှိ သီရိရတနာခန်းမ၌ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ဇနီး ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်ခင်ဝင်း၊ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ဇနီး ဂုဏ်ထူးဆောင်နာယက ဒေါ်နန်းရွှေမှုန် တို့ တက်ရောက် ချီးမြှင့်ကြသည်။

ရွေ့လျားဆေးကုရေးယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိ



နေပြည်တော်၊ ဇန်န၀ါရီ  ၂၆
 
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ၊ လူမှုဖူလုံရေး အဖွဲ့နှင့် သုခမင်္ဂလာ Medical and Diagnostic Center တို့ အကျိုးတူ ပူးပေါင်း၍ လူမှုဖူလုံရေး အာမခံထားရှိသူ ၀န်ထမ်း လုပ်သားများအား ရွှေ့လျား ဆေးကုသရေးယာဉ် ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့ ဒီဇင်ဘာ ၂၆ ရက်တွင် ပြန်ကြားရေး ၀န်ကြီးဌာန၌ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်ဇနီး အိန္ဒိယသမ္မတနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲသို့တက်ရောက်



ရန်ကုန် - ဇန်နဝါရီ ၂၆
 ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည့် ၆၇ နှစ်မြောက် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။

နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနှင့် NLD ပါတီ အသွင် ကူးပြောင်းရေး အဖွဲ့ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေး ကျင်းပ





နေပြည်တော်  ဇန်နဝါရီ  ၂၆
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ၊ နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက် အကူပြု ကော်မတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အသွင် ကူးပြောင်းရေး အဖွဲ့တို့ အကြား ဒုတိယ အကြိမ် ညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ ရုံးအမှတ်(၁၈)၊ အစည်းအဝေး ခန်းမတွင် ကျင်းပ သည်။

Monday, January 25, 2016

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီး Myanmar National Symphony Orchestra Concert- 2016 တေးဂီတဖျော်ဖြေပွဲ တက်ရောက် ကြည့်ရှုအားပေး



နေပြည်တော် ဇန်နဝါရီ ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့်ဇနီး ဒေါ်နန်းရွှေမှုန်တို့သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂  ၌ကျင်းပသည့် ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်းနှင့် ဂျပန်နိုင်ငံမှ တေးဂီတပညာရှင် ဂီတမှူး မစ္စတာ ယူနိုစုခဲ ယာမာမိုတို ဦးဆောင်သော အနုပညာရှင် အဖွဲ့တို့ ပူးပေါင်း ဖျော်ဖြေသည့် Myanmar National Symphony Orchestra Concert- 2016  ဂီတဖျော်ဖြေပွဲသို့ တက်ရောက် ကြည့်ရှု အားပေးသည်။

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ဒေသ အတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အခြေအနေများ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း သွားရောက်စစ်ဆေး



ရန်ကုန် ဇန်နဝါရီ ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက်  ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်နှင့် ကျိုက်ထီးရိုးဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှု အခြေအနေများကိုစစ်ဆေးရန် ယနေနံနက်ပိုင်းတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကင်မွန်းစခန်းသို့ ရောက်ရှိသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး



နေပြည်တော်၊ ဇန်နဝါရီ ၂၅
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးကြသည်။

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ၃၇ ရက်မြောက်နေ့ကျင်းပ



နေပြည်တော် ဇန်နဝါရီ ၂၅
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၇ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ (၁)နာရီခွဲတွင်ကျင်းပရာ ပြည်ထောင်စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လ အစီရင်ခံစာ အပေါ် ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အပါအဝင် အစီရင်ခံစာ ၅ ခုကို ဖတ်ကြားတင်ပြခြင်းနှင့် ဆွေးနွေးခြင်းများကို ဆောင်ရွက် ကြသည်။

ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ကျင်းပ



နေပြည်တော် ဇန်နဝါရီ ၂၅
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၈ ရက် မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီခွဲတွင်ကျင်းပရာ လွှတ်တော်ကော်မတီ ၆ ခု၏ သုံးသပ် အကြံပြုချက်များ ဖတ်ကြားခြင်းနှင့် ဥပဒေကြမ်း တစ်ခု ဆွေးနွေးခြင်း တို့ကို ဆောင်ရွက် ကြသည်။

အမျိုးသားလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကျင်းပ



နေပြည်တော် ဇန်နဝါရီ ၂၅
အမျိုးသားလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၇ ရက်မြောက် နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများမေးမြန်းခြင်း၊ ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ဆွေးနွေးခြင်း၊ အစီရင်ခံစာတစ်ခုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေး ခြင်းနှင့် အတည်ပြုချက်ရယူခြင်းများ ဆောင်ရွက်ကြသည်။