Wednesday, December 30, 2015

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲ အခမ်းအနား တက်ရောက်

နေပြည်တော် ၊  ဒီဇင်ဘာ- ၃၀
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် ရန်ကုန်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနား တက်ရောက်

နေပြည်တော် ၊  ဒီဇင်ဘာ - ၃၀
မိမိနိုင်ငံသမိုင်းတွင် မြန်မာအမျိုးသမီးများသည် အမျိုးဂုဏ်၊ ဇာတိ ဂုဏ်မြင့်မားပြီး မျိုးချစ်စိတ်ဓာတ်နှင့်အတူ စစ်သွေးစစ်မာန်များ အစဉ် ထက်မြက်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာ တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့ တိုင်းရင်းသားများသည် ယောက်ျား/ မိန်းမ မခွဲခြားဘဲ မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေး၊ ဇာတိမာန်များ အစဉ်ကိန်းအောင်းလျက်ရှိကြောင်း၊ ၁၉၅၄ ခုနှစ်တွင် နိုင်ငံတော်ကာကွယ်ရေးအတွက် အမျိုးသမီး စစ်ဝန်ထမ်းတပ်ဖွဲ့များကို ဖွဲ့စည်းခဲ့ရာ ထူးချွန်ပြောင်မြောက်သည့် အမျိုးသမီး စစ်မှုထမ်းများစွာလည်း ပေါ်ပေါက်ခဲ့ပြီး တပ်မတော် (ကြည်း၊ရေ၊လေ)တွင် အဆင့်၊ ရာထူး အမျိုးမျိုးနှင့် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြကြောင်း၊ ယခုသင်တန်း ဆင်းများအနေဖြင့်လည်း ပေးအပ်လာမည့် တာဝန်များကို ကျေပွန်အောင် ကြိုးပမ်းထမ်းဆောင်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စစ်ရေးပြကွင်း၌ ကျင်းပသော ဘွဲ့ရအမျိုးသမီး  ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် ထည့်သွင်း ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၂၂ ရက် မြောက်နေ့ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၃၀
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ (၁)နာရီခွဲတွင် ကျင်းပပြီး ဥပဒေကြမ်း(၁)ခု အတည်ပြုခြင်းနှင့် ဥပဒေကြမ်း(၃)ခုနှင့် စပ်လျဉ်းသည့် အစီရင်ခံစာ ၃ ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

ပြည်သူ့ လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၂၃ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၃၀
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီတွင် ကျင်းပရာ မေးခွန်း ၅ ခု မေးမြန်းဖြေ ကြားခြင်းနှင့် ဥပဒေကြမ်း(၄)ခု အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၁၈ ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ဒီဇင်ဘာ  ၃၀
ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၁၈ ရက် မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီတွင် ကျင်းပရာ သဝဏ်လွှာ(၁)ခု မှတ်တမ်းတင်ခြင်း၊ အစီရင်ခံစာတစ်ခု အတည်ပြုခြင်းနှင့် အစီရင်ခံစာ (၅)ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက် ကြသည်။

အဖိုးမဖြတ်နိုင်သည့် မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပြည်သူများ၏ ကျန်းမာရေးမြှင့်တင်နိုင်ခြင်းမှသည် အာဆီယံတိုင်းရင်းဆေးဈေးကွက်အထိထိုးဖောက်ရန် တိုင်ရင်းဆေးဆရာများ ကြိုးပမ်းသွားကြမည်




နေပြည်တော် ဒီဇင်ဘာ ၂၉

မြန်မာ့တိုင်းရင်းဆေးလောက ဘက်စုံအဆင့်အတန်းမြင့်မားရေးနှင့် မြန်မာ့တိုင်းရင်းဆေးပညာ အရည်အသွေး တိုးတက်ရေး၊ မြန်မာ့တိုင်းရင်းဆေးဆရာများ၏ ကျင့်ဝတ်သိက္ခာမြင့်မားရေးနှင့် မြန်မာ့ တိုင်းရင်းဆေးပညာဖြင့် ပြည်သူများ ကျန်းမာရေးပိုမိုစောင့်ရှောက်နိုင်ရေး၊ အထူးသဖြင့် အာဆီယံ တိုင်းရင်းဆေးဈေးကွက်သို့ မြန်မာ့တိုင်းရင်းဆေးများ ဖြန့်ဖြူးရောင်းချနိုင်ရေးကို ရှေးရှုကာ မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံကို နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပလျက်ရှိရာ တိုင်းရင်းဆေးထုတ်လုပ်သူများနှင့် သမားတော်များ၏ မြန်မာ့တိုင်းရင်းဆေးလောက တိုးတက်မှုဖြစ်စဉ်များနှင့် ဆောင်ရွက်နေသည့် လုပ်ဆောင်ချက်များကို မေးမြန်းခဲ့ပါသည်။

ရန်ကုန်မြို့၏ယာဉ်ကြောပိတ်ဆို့မှုကို ခေတ်မီမီးပွိုင့် ၁၅ဝ ကျော်တပ်ဆင်၍ အလိုအလျောက် ထိန်းချုပ်မှုစနစ် အသုံးပြုကာ ခြောက်လအတွင်း ဖြေရှင်းမည်


ရန်ကုန် ဒီဇင်ဘာ ၂၉

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု များကိုဖြေရှင်းနိုင်ရန်အတွက် နည်းလမ်းများ ရှာဖွေလျက်ရှိရာ ရန်ကုန်မြို့တွင်းရှိ မီးပွိုင့် ၁၅၄ ခုကို ခေတ်မီ မီးပွိုင့်များတပ်ဆင်ကာ တစ်နေရာတည်းမှနေ၍ ထိန်းချုပ်မည့်စနစ်ကို ခြောက်လအတွင်းအကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Common Center (ထိန်းချုပ်မှု စင်တာ)၏ အကြံပေးဖြစ်သူ ဒေါက်တာ မောင်အောင်ထံမှ သိရသည်။
ခေတ်မီမီးပွိုင့်များတပ်ဆင်ရန်နှင့် တစ်နေရာတည်းမှနေ၍ မီးပွိုင့်များကို ထိန်းချုပ်ပေးသွားမည့်(Common Center)ကို လုပ်ဆောင်နိုင်ရန်အတွက် ပုဂ္ဂလိကကုမ္ပဏီများအား နိုဝင်ဘာ နောက်ဆုံးပတ်အထိ တင်ဒါများ ခေါ်ယူခဲ့သည်။ ယခုအခါ အဆိုပါလုပ်ငန်း လုပ်ကိုင်နိုင်ရန် အတွက် ကုမ္ပဏီလေးခုကို စိစစ်ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။

စင်ကာပူ-မြန်မာ အထူးကုဆရာဝန်ကြီးများ ဇမ္ဗူသီရိအထူးကုဆေးရုံကြီး၌ အခမဲ့ခွဲစိတ်ကုသ


နေပြည်တော် ဒီဇင်ဘာ ၂၉

နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဇမ္ဗူသီရိအထူးကုဆေးရုံကြီးနှင့် ဇမ္ဗူသီရိဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဇမ္ဗူသီရိ အထူးကုဆေးရုံ ကြီး၌ ယမန်နေ့နံနက်ပိုင်းမှစတင်၍ စင်ကာပူနိုင်ငံ Mount Elizebath Hospital မှ နား၊ နှာခေါင်းနှင့် လည်ချောင်း အထူးကုဆရာဝန်ကြီး Dr. Goh Yau Hong ၊ ဆီးနှင့် ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန် ကြီး Dr. Sam Peh နှင့် အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဆရာဝန်ကြီး Dr. Lui Hock Foong နှင့် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ အထူး ကုဆရာဝန်ကြီးများအဖွဲ့တို့ ပူးပေါင်း၍ နား၊ နှာခေါင်းနှင့် လည်ချောင်း ဝေဒနာရှင်များ၊ ဆီးနှင့်ကျောက်ကပ် ဝေဒနာရှင်များနှင့် အစာအိမ်နှင့် အူလမ်းကြောင်း ဝေဒနာရှင်များကို ဒီဇင်ဘာ ၂၇ ရက်မှစတင်၍ စမ်းသပ် စစ်ဆေးကုသပေးလျက်ရှိသည်။

ဒုတိယအကြိမ်သက်တမ်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်မည်

နေပြည်တော် ဒီဇင်ဘာ ၂၉


၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ် ရေး ဥပဒေနှင့်အညီ ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ရွေးချယ် တာဝန်ပေးအပ်ထားပြီး ဖြစ်သည်။ ယင်း ဥပဒေပုဒ်မ ၉ တွင် ''ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး၏ သက်တမ်းသည် ပြည်သူ့ လွှတ်တော်၏ သက်တမ်းနှင့်အညီ ဖြစ်သည်'' ဟု ပြဋ္ဌာန်းထားရှိသော ကြောင့် လက်ရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ သက်တမ်းသည် ၂ဝ၁၆ ခုနှစ် ဇန်န ဝါရီလကုန်ပိုင်းတွင် သက်တမ်းကုန် ဆုံးတော့မည် ဖြစ်သည်။

သံအမတ်ကြီး ဦးသာအောင်ညွန့် ခန့်အပ်လွှာပေးအပ်

နေပြည်တော် ဒီဇင်ဘာ ၃ဝ


မောရစ်ရှပ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသာအောင်ညွန့်သည် ၄င်း၏ခန့်အပ်လွှာကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ပေါ့(ထ်)လူးဝစ်မြို့၌ မောရစ်ရှပ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် အမီနာ ဂူရစ်ဘ်-ဖာကမ်ထံပေးအပ်ခဲ့ပြီးဖြစ်သည်။

Tuesday, December 29, 2015

သေဒဏ်ချမှတ်ခံရသည့် မြန်မာနိုင်ငံသား(၂)ဦးအတွက် ထိုင်းနိုင်ငံ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့် အယူခံဝင်သွားမည်

နေပြည်တော် ဒီဇင်ဘာ ၂၉


မြန်မာနိုင်ငံသားနှစ်ဦးအား ပြစ်ဒဏ်ချမှတ်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mr. Pisanu Suvanajata အား   ယနေ့ နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ တွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံစဉ် ထိုင်းနိုင်ငံ၊ ကော့စမွီ တရားရုံး၌ ဒီဇင်ဘာ ၂၄ ရက် တွင် သေဒဏ်ချမှတ်ခံခဲ့ရသည့် မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့ (၂)ဦးအတွက် ထိုင်း နိုင်ငံ၏ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့် အယူခံဝင်သွားမည် ဖြစ်ကြောင်း၊ ဤကိစ္စနှင့် ဆက်စပ်၍ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံ သားများပေါ်သို့ ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှု မရှိစေလိုပါကြောင်းနှင့်‌ မြန်မာနိုင်ငံ သားများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ထိုင်းအစိုးရအနေဖြင့် ဦးစားပေးဆောင်ရွက် စေလိုပါကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၊ ထိုင်းနိုင်ငံရှေ့နေများ ကောင်စီတို့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ထိုင်းနိုင်ငံအစိုးရ၏ ပူးပေါင်း ပါဝင်မှုကိုပါ လိုလားပါကြောင်း၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးကိုအခြေခံ၍ ယခုကိစ္စအပေါ် ဥပဒေနှင့် အညီ မျှမျှတတ ဖြစ်စေရေးအတွက် ဆက်လက်၍ ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက   ဆွေးနွေးပြောကြားခဲ့ကြောင်း သိရ သည်။

မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရမှုကျူးလွန်သူကို အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်ချမှတ်


ရန်ကုန်- ဒီဇင်ဘာ (၂၉)        
                           
သတင်းနှင့် ဓာတ်ပုံ- ဇော်ကြီး (ပဏီတ)

မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ကို ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းခရိုင်တရားရုံးက  အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်သည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အမျိုးသားမြေအရင်းအမြစ်စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


နေပြည်တော် ဒီဇင်ဘာ ၂၉

အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးကို  ယနေ့ မွန်းလွဲ ၁ နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် အမှာစကားပြောကြားသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း (၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား




နေပြည်တော် ဒီဇင်ဘာ ၂၉

(၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက် ရောက် အမှာစကားပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ ကျင်းပ




နေပြည်တော် ဒီဇင်ဘာ ၂၉

ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၁ ရက်မြောက် နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျောက်ဖြူအထူးစီးပွားရေးဇုန် သတ်မှတ်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ အထူးကုန်စည်ခွန် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ရှင်းလင်းခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်းတို့ ဆောင်ရွက်သည်။

(၁၆)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော် များညီလာခံကျင်းပ


နေပြည်တော်  ဒီဇင်ဘာ၂၉

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ (၁၆)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော် များညီလာခံ နံနက်ပိုင်းအစီအစဉ်ကို ယနေ့နံနက် ၁၀) နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင် တက်ရောက် အားပေးသည်။

ညီလာခံနံနက်ပိုင်းအစီအစဉ်တွင် သဘာပတိအဖြစ် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့်၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းမှ တိုင်းရင်းဆေး သမားတော်ကြီးများ ဖြစ်ကြသော ဦးမောင် ဥာဏ်၊ ဦးသန်းညွန့်နှင့်  ဦးပေါညိမ်းတို့က ဆောင်ရွက်ကြသည်။

စက်မှုနှင့်သက်မွေးပညာ ကာလတို(၃)လသင်တန်းအမှတ်စဉ်(၃)သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ


နေပြည်တော် ဒီဇင်ဘာ ၂၉

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုတွင် အခြေခံကျသော စက်မှုကျွမ်းကျင် လုပ်သားလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရွေ့လျားသင်တန်းများအစီအစဉ်ဖြင့် စက်မှုနှင့်အသက်မွေးပညာရပ်များကို ကျေးလက်ဒေသများ အရောက် လိုက်လံဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ အလားတူ  အမှတ်(၁) စက်မှုသင်တန်းကျောင်း(ဆင်တဲ)တွင် ကာလတို(၃)လ သင်တန်း အမှတ်စဉ်(၃)အား ဒီဇင်ဘာ ၂၈ ရက်တွင် နံနက်(၉)နာရီတွင် သင်တန်းဖွင့်ပွဲ အခမ်းအနားအား သင်တန်းကျောင်းရှိ စုဝေးခန်းမတွင် ကျင်းပသည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် အမှတ်(၁၃) အကြီးစား စက်ရုံခွဲ (မြင်းခြံ)နှင့် အမှတ်(၂၅) အကြီးစားစက်ရုံ(မြိုင်)တို့အား ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဒီဇင်ဘာ (၂၉)

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ဒီဇင်ဘာ(၂၈)ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကုက္ကဲကျေးရွာအနီးတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အမှတ်(၁၃)အကြီးစား စက်ရုံခွဲ၊ ကုန်တင်ယာဉ်ဘီးဝင်ရိုး ထုတ်လုပ်မှုစီမံကိန်း(မြင်းခြံ)သို့ ရောက်ရှိပြီး စီမံကိန်း ရှင်းလင်းဆောင်၌ အထွေထွေမန်နေဂျာ ဦးကံချွန်က စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်း လိုအပ်ချက်များကို မှာကြားပြီး Forging Shop အတွင်း စက်များတပ်ဆင်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ (၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၂ဝ၁၅ ခုနှစ်တွင် ကျင်းပသည့် (၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံသို့ တက်ရောက် လာကြပါသော တိုင်းရင်းဆေးသမားတော်များနှင့် တိုင်းရင်းဆေးပညာရှင်အပေါင်းတို့ ခင်ဗျား။

ခရစ်နှစ် ၂ဝဝဝ ပြည့်နှစ်မှစတင်၍ နှစ်စဉ်မပျက်မကွက်ကျင်းပလာခဲ့သော မြန်မာ့တိုင်းရင်းဆေးသမား တော်များညီလာခံကြီးသည် ယခုနှစ်တွင် (၁၆)ကြိမ်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ယခုအကြိမ်ဆိုလျှင် နိုင်ငံတစ်ဝန်းလုံးမှာ ရှိကြသော တိုင်းရင်းဆေးပညာရှင်ကြီးများအချင်းချင်းနှင့် မျိုးဆက်သစ် တိုင်းရင်းဆေးပညာရှင်တို့ ရင်းနှီးချစ်ကြည်စွာ တွေ့ဆုံ၊ ဆွေးနွေး၊ နှီးနှောဖလှယ်ခွင့် ရရှိခဲ့ကြသည်မှာ ဆယ်စုနှစ်တစ်ခုခွဲပင် ကျော်လွန်လာခဲ့ပြီ ဖြစ်ပါသည်။ ယခုကဲ့သို့ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံ အခါသမယတွင် ညီလာခံကိုယ်စားလှယ်တော်ကြီးများ အားလုံးကို ဝမ်းမြောက်ဂုဏ်ယူစွာ နှုတ်ခွန်းဆက်သအပ် ပါသည်။

စာဖြေသံဃာများနှင့် စာထောက်စာမ ဆရာတော်ကြီးများအား ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ကြည်ညို


ရန်ကုန် ဒီဇင်ဘာ ၂၈
သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး ကျင်းပသည့် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကို ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ ဒီဇင်ဘာ ၂၇ ရက်မှ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်အထိ ကျင်းပလျက်ရှိသည်။

ထီးချိုင့်၊ ကသာ၊ ရေးနှင့် မုံရွာ ရုပ်သံထပ်ဆင့်လွှင့်စက်ရုံများမှ FM စနစ်ဖြင့် စတင်၍ စမ်းသပ်ထုတ်လွှင့်

နေပြည်တော် ဒီဇင်ဘာ ၂၈

မြန်မာ့အသံနှင့်ရုပ်မြင့်သံကြားသည် မြန်မာ့အသံ FM ရေဒီယိုလွှင့်စက်များ တိုးချဲ့တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်တွင် စက်ရုံ ၁၉ ရုံကိုလည်းကောင်း၊ ဒုတိယအဆင့်တွင် စက်ရုံ ၃၅ ရုံကိုလည်းကောင်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်သည်။

(၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဂုဏ်ပြုဆုချီးမြှင့်


ရန်ကုန် ဒီဇင်ဘာ ၂၈

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကကျင်းပသည့် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်သိမ်းတက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်သိမ်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများဖြစ်ကြသော ဒေါ်စန်းစန်း နွယ်နှင့် ဒေါက်တာမြင့်သိန်း၊ မြန်မာ နိုင်ငံဓာတ်ပုံအသင်းဥက္ကဋ္ဌ ဦးထင်လင်း နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်တို့က ဆုရရှိကြသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။

(၁၆) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံ အကြိုညှိနှိုင်းဆွေးနွေးပွဲ နေပြည်တော်၌ ကျင်းပ


နေပြည်တော် ဒီဇင်ဘာ ၂၈
''အခုနှစ် အဆိုအထောက်တွေကို core-group ဖွဲ့ပြီး ဌာနတွင်း၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ပြည်နယ်၊ တိုင်းဒေသကြီးမှ ပညာရှင်တွေ၊ တိုင်းရင်းဆေးရုံ၊ ဆေးခန်းက ဆေးဆရာတွေနဲ့ ပြင်ပမှ ဆရာတွေပါဝင်ပြီး ရေးသားပြုစုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ဦးတစ်ယောက်တည်းရဲ့ သဘောမဟုတ်ဘဲ ဆေးဆရာအများစုရဲ့ဆန္ဒ၊ သဘောထား၊ အကြံပြု ထောက်ခံ ချက်တွေဖြစ်ပါတယ်'' ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့်က ညီလာခံနှင့် ပတ်သက်သော လုပ်ငန်းစဉ်များ အကြို ညှိနှိုင်း ဆွေးနွေးပွဲတွင် ပြောကြားသည်။

Monday, December 28, 2015

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံသို့ မေတ္တာရပ်ခံစာပေးပို့

နေပြည်တော် ဒီဇင်ဘာ ၂၈

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌမှ ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌထံသို့ ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ အလုပ်သမားနှစ်ဦးအား သေဒဏ် ချမှတ်ခဲ့ခြင်းအပေါ် အယူခံဝင်သည့်ကာလတွင် ၎င်းတို့နှစ်ဦး ရသင့်ရထိုက်သည့် ခံစား ခွင့်ရရှိရေးအတွက် ယနေ့ရက်စွဲဖြင့် မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့အစည်းအဝေး(၂/၂ဝ၁၅)ကျင်းပ ပြည်ပသို့ ရွှေ့ပြောင်းသွားလာကြသူများအတွက် လုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းသွားလာမှု ဖြစ်ရန် နည်းဗျူဟာများ ချမှတ်


နေပြည်တော် ဒီဇင်ဘာ ၂၈

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး(၂/၂ဝ၁၅)ကိုယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်ထဲရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာလူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္က ဌပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ယခုနှစ်သည် လူကုန်ကူးမှု တိုက်ဖျက် ရေးဆိုင်ရာ ဒုတိယ(၅)နှစ်စီမံကိန်း၏ စတုတ္ထနှစ်သို့ ရောက်ရှိလာပြီဖြစ်၍ ၂၀၁၆ ခုနှစ် တတိယ(၅)နှစ် စီမံကိန်းကိုဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခင်နှစ်များက ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့်သာ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင် နိုင်ခဲ့သော်လည်းယခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ အစိုးရနှင့် ပူးပေါင်း၍ လူကုန်ကူး ခံရသူများပြန်လည် ပို့ဆောင်ရေးနှင့် လူကုန်ကူးသူများအား တရားစွဲဆိုရေးဆိုင်ရာ ကိစ္စရပ်များကို ချိတ်ဆက်လုပ်ဆောင် နိုင်ခဲ့ကြောင်း၊ လူကုန်ကူးမှုဆန့်ကျင်ရေး အာဆီယံကွန်ဗင်းရှင်းကို မလေးရှားနိုင်ငံ၌ ပြုလုပ်သည့်ASEAN SUMMIT ၌ အာဆီယံခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့ကြ ပါကြောင်း။

မြန်မာနိုင်ငံသား မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့နှစ်ဦးအတွက် ဥပဒေဘောင် အတွင်းမှ အယူခံဝင်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးအား ထောက်ရှု၍ ပြစ်ဒဏ် လျော့ပေါ့ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်


နိုင်ငံတော်သမ္မတကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အနေဖြင့် ထိုင်းဝန်ကြီးချုပ် အပါအဝင် ထိုင်းနိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံသည့်အခါတိုင်း ဤအမှုနှင့်ပတ်သက်၍ တရားဥပဒေကြောင်းအရ မှန်မှန်ကန်ကန်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပြောကြားခဲ့

ဦးစိန်ဦး ညွှန်ကြားရေးမှူးချုပ်
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန

ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်း အပန်းဖြေစခန်းတစ်ခုတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာ(၁၂)ရက်နေ့က ဗြိတိန်နိုင်ငံသား(၂)ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာ နိုင်ငံသား မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့နှစ်ဦးအား ထိုင်းနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီး အမှုစွဲတင်စစ်ဆေးပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ(၂၄)ရက်နေ့တွင် ကော့စမွီတရားရုံးက စွဲချက် (၇)ခုဖြင့် စီရင်ချက်ချမှတ်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကျင်းပ




နေပြည်တော် ဒီဇင်ဘာ  ၂၈

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၀ ရက် မြောက်နေ့ကို ယနေ့နံနက်(၁၀)နာရီတွင် အစီအစဉ် ၁၃ခု ဖြင့်ကျင်းပရာ ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မြေစာတောင်ပြိုမှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မကြာခဏဆုံးရှုံးမှု ဖြစ်ပေါ်နေခြင်း၊ ဖားကန့်ဒေသသို့ ရောက်ရှိနေသော စွမ်းအားကြီးမား သည့် မြေသယ်ယာဉ်ကြီးများ ရောက်ရှိနေခြင်းနှင့် သဘာဝ သယံဇာတများ ထုတ်လုပ် နေခြင်းတို့အပေါ် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အမြန်ဆုံး ရှင်းလင်းဖြေကြားပေးရန် ကိစ္စ နှင့် နိုင်ငံတော်သမ္မတထံမှပေးပို့သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ် နိုင်ရေးကိစ္စ တို့အား ရှင်းလင်းဆွေးနွေးခြင်း၊ ဥပဒေကြမ်း ၄ ခု ကို ဖတ်ကြားဆွေးနွေး အတည်ပြုခြင်း တို့ကို ဆောင်ရွက်ကြသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် အမျိုးသား စီမံခန့်ခွဲမှုပညာ ကောလိပ်တွင် ခရီးသွားလုပ်ငန်း (ဝိဇ္ဇာဘွဲ့)ပညာ သင်ကြားနေသော ကျောင်းသား/သူများနှင့် တွေ့ဆုံ


၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၈

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် ယနေ့နံနက်ပိုင်း၌ ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းရှိ အမျိုးသား စီမံခန့်ခွဲမှုပညာကောလိပ်တွင် ခရီးသွားလုပ်ငန်း (ဝိဇ္ဇာဘွဲ့)ပညာ သင်ကြားနေသော ပထမ နှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသား/သူများနှင့် တွေ့ဆုံ၍ အားပေး စကားပြောကြားခဲ့ပါသည်။

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား တရုတ်နိုင်ငံ၊ CATIC Beijing Co., Ltd. ၏ Vice President ဖြစ်သူ Mr. Wang Guangjun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ


နေပြည်တော်၊ ဒီဇင်ဘာ(၂၈)

စက်မှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်အားတရုတ်နိုင်ငံ၊ CATICBeijing Co., Ltd. ၏ Vice President  Mr. Wang Guangjun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့၊ နံနက်(၈) နာရီတွင် စက်မှုဝန်ကြီးဌာန၌ လာရောက်တွေ့ဆုံပြီးစက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် Automobile Mould& Die Manufacturing Project နှင့် Truck Axle Manufacturing Project တို့အား၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ဖွင့်လှစ်နိုင်ရေး၊စာချုပ်ပါ စည်းကမ်း များအတိုင်းစက်ပစ္စည်းအစိတ်အပိုင်း (၁၄) မျိုးအားစမ်းသပ် ထုတ်လုပ် နိုင်ရေး၊ စမ်းသပ်ထုတ်လုပ်မှုအောင်မြင်ပါက Final Acceptance Certificate(FAC) ပေးနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲများသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Sunday, December 27, 2015

နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများနှင့်စပ်လျဉ်းသည့် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်စာထုတ်ပြန်

ဗန်ကောက် ဒီဇင်ဘာ ၂၆
ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနအမိန့် ခေါင်းစဉ်ဖြင့် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် ရက်စွဲဖြင့် ထိုင်းအစိုးရ ထုတ်ပြန်ကြေညာချက် စာအမှတ် ၁/၂၅၅၈ တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အမိန့်စာပါအကြောင်းအရာများမှာ တချို့သောနိုင်ငံခြားသားများ ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခွင့်တားမြစ်ခြင်း ဟု ရေးသားထားကြောင်း၊ ထိုင်းနိုင်ငံ၌ နေထိုင်အလုပ်လုပ်ကိုင်သောနိုင်ငံခြားသားများ ဗီဇာသက်တမ်းကုန်ပါက ထိုင်းနိုင်ငံအတွင်း ဆက်လက်နေထိုင်လိုလျှင် ထိုင်းနိုင်ငံ၏တည်ငြိမ်အေးချမ်းရေးနှင့် ထိုင်းပြည်သူဘဝလုံခြုံရေးကို ထိခိုက်စေနိုင်သဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအလို့ငှာ ပြည်ထဲရေးဝန်ကြီးဌာနမှ သာသနာသက္ကရာဇ် ၂၅၂၂ ခုနှစ်က ပြဋ္ဌာန်းထားသော ဥပဒေပုဒ်မ(၁၆)ကို ကျင့်သုံးကာ တချို့သောနိုင်ငံခြားသားများ ထိုင်းနိုင်ငံသို့ ပြန်ဝင် လာခွင့်ကို တားမြစ်သည့် သတ်မှတ်ချက်နှင့် အချိန်ကာလတို့ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဘားအံမြို့၌ ပြည်ထောင်စုရိပ်သာဖွင့်လှစ်


ဘားအံ ဒီဇင်ဘာ ၂၆
ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်ထောင်စုရိပ်သာဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါရိပ်သာ မျက်နှာစာ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦအောင်းမင်း၊ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ကရင်ပြည်နယ် ခေတ္တဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။

Thursday, December 24, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် တက်ရောက်အမှာ စကား ပြောကြား

နေပြည်တော် ၊  ဒီဇင်ဘာ - ၂၄
ကာကွယ်ရေး စနစ်ဆိုသည်မှာ တပ်မတော် (ကြည်း၊ရေ၊လေ)  ပေါင်းစည်း ဆောင်ရွက်ရကြောင်း၊ ရေတပ်ဖွဲ့၏ ရေပြင်ကိုကာကွယ် နိုင်သည့် စွမ်းပကားများအား ဝေဟင်ကာကွယ်ရေး စွမ်းအားများနှင့် ပေါင်းစပ်အားဖြည့်ခြင်းဖြင့် မြန်မာ့ပင်လယ် ကာကွယ်နိုင်မှုကို စိတ်ချရသည့် အနေအထား ရောက်အောင် ကြိုးစားလုပ်ဆောင် သွားရမည်ဖြစ်ကြောင်း(၆၈)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်မတော်(ရေ)ဝတ်စုံအား ဂုဏ်ပြု ဝတ်ဆင်၍ တက်ရောက်အမှာ စကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

နိုင်ငံတော် သမ္မတ၊ ဇနီးနှင့် မိသားစုတို့အား ခရစ်ယာန် လူငယ်များ ဓမ္မတေးအဖွဲ့က ခရစ်တော် မွေးနေ့အကြို လာရောက် မေတ္တာပို့ဆုတောင်း ကောင်းချီးပေး




နေပြည်တော် ဒီဇင်ဘာ ၂၄
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဇနီး ဒေါ်ခင်ခင်ဝင်းနှင့် မိသားစုတို့အား ခရစ်တော် မွေးနေ့အကြိုအဖြစ် မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီမှ အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရ ဆရာ စောရွှေလင်းနှင့် တိုင်းရင်းသား လူငယ်များ ပါဝင် သော ငြိမ်းချမ်းရေး အတွက် ခရစ်ယာန် လူငယ်များ ဓမ္မတေးအဖွဲ့က ယနေ့ညနေ ၇ နာရီ ၁၅ မိနစ်တွင် နိုင်ငံတော် သမ္မတ အိမ်တော်၌ လာရောက်ဆုတောင်း ကောင်းချီးပေးကြ သည်။
ဆုတောင်းပွဲတွင် နော်တာဟေညောနှင့် ဦးလင်းထက်ထက်ဦးတို့ ဦးဆောင်သည့် တိုင်းရင်းသားလူငယ်များပါဝင်သော ငြိမ်းချမ်းရေးအတွက် ခရစ်ယာန် လူငယ်များ ဓမ္မတေး အဖွဲ့က နှုတ်ခွန်း ဆက်သပြီး ဓမ္မတေး သီချင်းများသီဆို၍ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်နှင့် နိုင်ငံတော် သမ္မတတို့အတွက် မေတ္တာပို့ ဆုတောင်းကောင်းချီး ပေးကြသည်။
ထို့နောက် မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီမှ သိက္ခာတော်ရ ဆရာ စောဒိုးဒိုဝါးက နိုင်ငံတော် သမ္မတ၊ ဇနီးနှင့် မိသားစု တို့အတွက် မေတ္တာပို့ ဆုတောင်း ကောင်းချီးပေးသည်။
ထို့အတူ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီမှ အထွေထွေအတွင်း ရေးမှူး သိက္ခာတော်ရဆရာ စောရွှေလင်းက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွက် မေတ္တာပို့ ဆုတောင်း ကောင်းချီးပေးသည်။
ယင်းနောက် နိုင်ငံတော် သမ္မတနှင့် ဇနီးတို့က သိက္ခာတော်ရ ဆရာ စောရွှေလင်း နှင့် တိုင်းရင်းသား လူငယ်များပါဝင်သော ငြိမ်းချမ်းရေး အတွက် ခရစ်ယာန် လူငယ်များ ဓမ္မတေးအဖွဲ့အား ဆုတောင်းစကား ပြန်လည်ပြောကြားသည်။
ထို့နောက် နိုင်ငံတော် သမ္မတ၊ ဇနီးနှင့် မိသားစုတို့အား ဓမ္မတေးအဖွဲ့မှ ကလေးငယ် တစ်ဦးက ခရစ္စမတ် လက်ဆောင် ပစ္စည်း ပေးအပ်သည်။
ထို့နောက် နိုင်ငံတော် သမ္မတ၊ ဇနီးနှင့် မိသားစုတို့က ငြိမ်းချမ်းရေး အတွက် ခရစ်ယာန် လူငယ်များ ဓမ္မတေး အဖွဲ့အား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ပြီး စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

Wednesday, December 23, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ စီတစ်အုပ်စု ဥက္ကဋ္ဌ မစ္စတာ ချန်ဇန်းမင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံ တွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ  ၂၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ စီတစ်အုပ်စု ဥက္ကဋ္ဌ မစ္စတာ ချန်ဇန်းမင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၁နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေ စည်သူ မင်းအောင်လှိုင် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ် (၁၃) သင်တန်း ဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနား တက်ရောက် အမှာစကား ပြောကြား

နေပြည်တော် ဒီဇင်ဘာ ၂၃
တပ်မတော်သားများနှင့် မိသားစုဝင်များ အတွက် ရောဂါပြုစု ကုသရေး၊ ရောဂါ ရှာဖွေရေး၊ ရောဂါတားဆီး ကာကွယ် နှိမ်နင်းရေး၊ ကျန်းမာရေး မြှင့်တင်မှုနှင့် လူနာများ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များတွင် စံပြုထိုက်သည့် သူနာပြုများ၊ ဆေးဘက် ပညာသည်များ ဖြစ်စေရန် တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေး အတွက်လည်း အထောက် အကူပြု နိုင်သည်များ ဖြစ်စေရန်နှင့် အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များတွင် လူပုဂ္ဂိုလ် တစ်ဦးချင်း၊ မိသားစု တစ်စုချင်းမှသည် ဒေသအလိုက် တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကိုလည်း ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ကြရန် လိုကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေ စည်သူ မင်းအောင်လှိုင်က ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်မြို့ တပ်မတော် ဆေး တက္ကသိုလ် စစ်ရေးပြကွင်း၌ကျင်းပသည့် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၁၃) သင်တန်း ဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနားတွင် ထည့်သွင်းပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မင်္ဂလာဒုံ တပ်နယ်ရှိ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း တာယာ စက်ရုံ (ရွာမ)သို့ သွားရောက် စစ်ဆေး

နေပြည်တော်  ဒီဇင်ဘာ ၂၃
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံ တပ်နယ်ရှိ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း တာယာစက်ရုံ (ရွာမ)သို့ သွားရောက်  စစ်ဆေးသည်။

ပြည်ထောင်စု လွှတ်တော် ပုံမှန် အစည်းအဝေး ၁၉ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၃
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီတွင် ကျင်းပရာ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေ ကြမ်းအပါအဝင် ဥပဒေကြမ်း ၄ ခုကို မှတ်တမ်းတင်ခြင်းနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက် ကြသည်။

အထူး ကုန်စည်ခွန် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် ပူးပေါင်း ကော်မတီ နှစ်ရပ် အစည်းအဝေး ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၃
ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းသည့် အထူးကုန်စည်ကုန် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်၊ ဥပဒေကြမ်း ပူးပေါင်း ကော်မတီနှင့် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီတို့၏ ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စု လွှတ်တော် (D-ဆောင်)၊ ဒုတိယထပ် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေကြမ်း ပူးပေါင်း ကော်မတီနှင့် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပူးပေါင်း ကော်မတီ နှစ်ရပ်မှ ဒုတိယ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန် ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း


မြန်မာနိုင်ငံ ယစ်မျိုးအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း


မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း


Tuesday, December 22, 2015

ပထမအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကျင်းပ



နေပြည်တော် ဒီဇင်ဘာ ၂၂
ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၇ ရက် မြောက်နေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပရာ အမျိုးသား လွှတ်တော် မဟာဗျူဟာလေ့လာရေးနှင့် သုတေသနကော်မတီ၏ အစီ ရင်ခံစာ အပါအ၀င် အစီရင်ခံစာ နှစ်ခုဖတ်ကြားတင်သွင်းခြင်းနှင့် ပညာရေးကဏ္ဍဆိုင်ရာ မေးခွန်းနှစ်ခု မေးမြန်း ဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကျင်းပ



နေပြည်တော် ဒီဇင်ဘာ ၂၂
ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၂၂ ရက်မြောက် နေ့ကို ယနေ့ နံနက် (၁၀)နာရီတွင် ကျင်းပပြီး ဥပဒေကြမ်း ၃ခု နှင့်စပ်လျဉ်းသည့် အစီရင်ခံစာ ၃ ခုကို ဖတ်ကြား ရှင်းလင်း ကြသည်။

(၃၄) ကြိမ်မြောက် မြန်မာ့ပုလဲ ရောင်းချပွဲ ကျင်းပ


နေပြည်တော် ဒီဇင်ဘာ ၂၂
သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၏ (၃၄)ကြိမ်မြောက် မြန်မာ ကျပ်ငွေဖြင့် မြန်မာ့ပုလဲရောင်းချပွဲကို ယနေ့ နံနက်ပိုင်းမှစ၍ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ စတင်ကျင်းပသည်။

ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကျင်းပ


နေပြည်တော် ဒီဇင်ဘာ ၂၂
ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ယနေ့ မွန်းတည့်(၁၂)နာရီတွင်ကျင်းပပြီး ဥပဒေကြမ်း(၂)ခု အတည်ပြုခြင်း၊ ဥပဒေကြမ်း(၂)ခု တင်သွင်းခြင်းနှင့် ဥပဒေ ကြမ်း(၁)ခု ရှင်းလင်းခြင်းတို့ ဆောင်ရွက်ကြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ ကိုယ်စားလှယ်များ မိုင်းလား အထူးဒေသ(၄) ဥက္ကဋ္ဌနှင့်အဖွဲ့အား မိုင်းလားမြို့၌တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆွေးနွေး


နေပြည်တော် ဒီဇင်ဘာ ၂၂
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် မော်တော်ယာဉ်များဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းလားမြို့သို့ ရောက်ရှိကြရာ မိုင်းလားအထူးဒေသ (၄) ဥက္ကဋ္ဌ ဦးစိုင်းလင်း၊ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ နှင့်တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ မြင်းခြံ အကျဉ်းထောင်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်

နေပြည်တော် ဒီဇင်ဘာ ၂၂
မြင်းခြံ အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြသူ အကျဉ်းသား နှစ်ဦးအပေါ် ပြုမူဆက်ဆံမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး စစ်ဆေး တွေ့ရှိချက်နှင့် အကြံပြု ချက်များကို ယနေ့ ရက်စွဲပါ သတင်းထုတ်ပြန်ချက်အမှတ်(၁၇/၂၀၁၅)ဖြင့် ထုတ်ပြန်ခဲ့သည်။