နေပြည်တော် - အောက်တိုဘာ ၃၁
မည်သည့်နိုင်ငံရေးစနစ်ဖြစ်စေကာမူ တပ်မတော်၏တာဝန်မှာ နိုင်ငံတော် ကာကွယ်ရန် နှင့်
နိုင်ငံကပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်ရန်ပင်ဖြစ် ကြောင်း၊ ယင်းတာဝန်များကို
ထမ်းဆောင်နိုင်ရန် အမှန်တကယ် စွမ်းရည်ရှိသောတပ် များဖြစ်ရန်ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
စွမ်းရည်ရှိသောတပ်၊ နိုင်ငံတော်မှ အားထားရသည့်တပ်၊ ပြည်သူက အားကိုးရသည့်တပ်များဖြစ်ရန်
မလွဲမသွေ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်က မြိတ်တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားများနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။