Wednesday, September 30, 2015

ပေါက်ခေါင်းမြို့နယ် ညောင်ဝန်းကျေးရွာတွင် ကလေးငယ်တစ်ဦး သေဆုံးခဲ့မှုအတွက် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ

နေပြည်တော် စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် ညောင်ဝန်းကျေးရွာရှိ ဘုရားကျောင်းတွင် နေထိုင်သူ မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့မှုအတွက် ပြစ်မှုကျူးလွန်သူ ၎င်းကျောင်းမှ ယောက်ျားလေး တစ်ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းနှင့် မလိုလား အပ်သောပြဿနာများ ထပ်မံမဖြစ်ပွားစေရေး တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေး ထိန်းသိမ်းဆောင် ရွက်လျက်ရှိသည်။ 

Tuesday, September 29, 2015

ကချင်ပြည်နယ်၊ မံစီဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းစဉ် ကေအိုင်အေအဖွဲ့များဖြင့် ထိတွေ့တိုက်ပွဲဖြစ်



နေပြည်တော်  စက်တင်ဘာလ ၂၉
ကချင်ပြည်နယ်၊ မံစီမြို့နယ် လျှပ်စစ်ဦးစီးမှူးရုံး ခြံစည်းရိုးဝင်ပေါက် အနီး၌ သြဂုတ် ၁၅ ရက် နံနက်ပိုင်းက တစ်ကြိမ်၊ မြို့မရဲစခန်းဝင်ပေါက်အနီး၌ သြဂုတ် ၃၀ ရက် ညပိုင်းက တစ်ကြိမ်နှင့် မံစီမြို့အနောက်မြောက်ဘက် ဗန်းမော်-မန္တလေးသွားကားလမ်းဘေး၌ ဇွန် ၅ ရက် ညနေပိုင်းကတစ်ကြိမ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်းဆက် ဖော်ထုတ်ခဲ့ရာ ကေအိုင်အေအဖွဲ့က ပြုလုပ်ခြင်းဖြစ်ကြောင်း၊

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်ဥက္ကဋ္ဌ Mr. Alexander Vasillievich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်၊  စက်တင်ဘာ - ၂၉
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်ဥက္ကဋ္ဌ Mr. Alexander Vasillievich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး မဲခေါင်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ဆွေးနွေး


နေပြည်တော် စက်တင်ဘာ၂၉
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုသည် ထိုင်းနိုင်ငံ တရားရေး ဝန်ကြီးဌာန ဝန်ကြီး H.E General Paiboon Koomchaya  ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၈)၊ ပြည်ထဲရေး ဝန်ကြီးဌာနရှိ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

Integrated Urban and Infrastructure Planning အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 
နေပြည်တော် စက်တင်ဘာ ၂၉
ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် စင်္ကာပူနိုင်ငံ Surbana Temsek Foundation Singapore Cooperation Enterprise (SCE) တို့ ပူးပေါင်း၍ Urban and Infrastructure Planning အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန စု‌ဝေးခန်းမဆောင်၌ ကျင်းပသည်။

၂ဝ၁၆ ခုနှစ်တွင် တာဝါတိုင်အားလုံးကို 3G အဆင့် တိုးမြှင့်မည် ယခုနှစ်ကုန်တွင် တစ်နိုင်ငံလုံးဖုန်းသုံးစွဲသူ ရာခိုင်နှုန်း ၉ဝ မျှော်မှန်း


ရန်ကုန် စက်တင်ဘာ ၂၈
မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်ဒေသများ အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာ MPT ဖုန်းသုံးစွဲ နေကြသော အများပြည်သူများ အဆင်ပြေစေရေးအတွက် ၂ဝ၁၆ ခုနှစ်တွင် တာဝါတိုင်များအားလုံးကို ၃ွ အဆင့်ဖြစ်စေရန် ဆောင်ရွက် နေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ သိရသည်။

ဂျပန်နိုင်ငံမှ ပေးပို့လှူဒါန်းသည့် ရထားတွဲဆိုင်း ရန်ကုန်-ကြည့်မြင်တိုင်-ပဲခူးလမ်းပိုင်းအား စတင်စမ်းသပ်ပြေးဆွဲ


ရန်ကုန် စက်တင်ဘာ ၂၈
ဂျပန်နိုင်ငံ East Japan Railway ကုမ္ပဏီမှ မြန်မာ့မီးရထားသို့ ပေးပို့လှူဒါန်းသည့် ဂျပန် ယန်း ၁ဝဝ တန် RBE ( DMUs) ခြောက်စီးပါ RBE ရထားတွဲဆိုင်းမှာ ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်-ကြည့်မြင်တိုင်-ပဲခူး လမ်းပိုင်းအား ခရီးသည်မတင်ဆောင်ဘဲ စတင်စမ်းသပ်ပြေးဆွဲခဲ့သည်။

Monday, September 28, 2015

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး


ရန်ကုန်-  စက်တင်ဘာ  ၂၈
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်းထားသည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ အမှတ်(၅၉)ရှိ လွှတ်တော်ရုံးခွဲ(ရန်ကုန်)၌ ကျင်းပသည်။

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ရုရှား-မြန်မာ ပူးတွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော် စက်တင်ဘာ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ရုရှား-မြန်မာ ပူးတွဲကော်မရှင်ဥက္ကဋ္ဌ မစ္စတာ အလက်ဇန်ဒါ ဖိုမင် ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ ပီစနု စူဗန်နဂျာတာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၁) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။

ကျား မ တန်းတူရည်တူရှိရေးနှင့် အမျိုးသမီးများ စွမ်းဆောင်ရည်ြမှင့်တင်မှုဆောင်ရွက်ရန် ကမ္ဘာ့ ခေါင်းဆောင်များ ကတိက၀တ်ပြု

နေပြည်တော် စက်တင်ဘာ ၂၈
 နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် စက်တင်ဘာ ၂၇ ရက်  နံနက် (၉)နာရီတွင် ကုလသမဂ္ဂ ဌာနချုပ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် UN Women တို့မှ ကြီးမှူးသည့် ကျား/မ တန်းတူ ရည်တူရှိရေးနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်မှု အကောင်အထည်ဖော် ဆောင်ရွက်ရန် ကမ္ဘာ့ ခေါင်းဆောင်များ၏ ကတိကဝတ်ပြုသည့် အခမ်းအနားသို့ တက်ရောက်သည်။

နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး





နေပြည်တော် စက်တင်ဘာ ၂၈
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်သည် တာဝန် ရှိသူများနှင့်အတူ စက်တင်ဘာ (၂၇)ရက် မွန်းလွဲပိုင်းတွင် ဆေးတက္ကသိုလ်(၁)ရန်ကုန်၌  ဂျပန်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အလုပ်သမားရေး ရာဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Mr.Kawasaki Jiro ဦးဆောင်သည့် အဖွဲ့အား တွေ့ဆုံကာ နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးသည်။

ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ အမျိုးသားအဆင့် အသက်အန္တရာယ် အကဲဖြတ်ခြင်းကိစ္စဆွေးနွေး



 
နေပြည်တော် စက်တင်ဘာ၂၈
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကိုကိုသည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန် ပုံငွေ အဖွဲ့ (IMF) ၏ ဌာနေကိုယ်စားလှယ် Mr. Yasuhisa Ojima ဦးဆောင်သောIMF ဥပဒေပညာရှင် များနှင့်အဖွဲ့အားယနေ့နံနက်(၁၀)နာရီ အချိန်တွင် နေပြည်တော်၊ရုံးအမှတ်(၁၀)၊ ပြည်ထဲရေး ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

( ၅၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြု စုပေါင်း သန့်ရှင်းရေး လုပ်အားဒါန ပေးလှူ



ကော့သောင်း ၊ စက်တင်ဘာ ၂၇ ရက်
အောက်တိုဘာလ(၁) ရက်နေ့တွင် ကျရောက်မည့် (၅၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ် အဖြစ် ကော့သောင်းခရိုင်၊ ရဲတပ်ဖွဲ့မှ စက်တင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက ကော့သောင်း မြို့၊ ရွှေပြည်သာ ရပ်ကွက် ၊ ပတ္တမြား ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း စုပေါင်းသန့် ရှင်းရေး ဆောင်ရွက်၍ လုပ်အား ဒါန ပေးလှူကြကြောင်း သိရသည်။

အင်္ဂပူမြို့တွင် ဝိတိုရိယအထူးကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက အခမဲ့လာရောက်ဆေးဝါးကုသပေး






အင်္ဂပူ စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့တော်ခန်းမတွင် ဝိတိုရိယ အထူးကုဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီး များ က အခမဲ့ဆေးကုသခြင်းကို စက်တင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

မြောင်းမြခရိုင်တွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆွေးနွေး


မြောင်းမြ စက်တင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ၂၀၁၅-ခုနှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်၊ ဧရာဝတီ တိုင်းဒေသကြီး တာဝန်ခံ ဦးဝင်းကိုသည် ဧရာဝတီ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့်အတူ စက်တင်ဘာ (၂၇) ရက်နေ့က မြောင်းမြမြို့သို့ ရောက်ရှိ လာရာ မြောင်းမြမြို့နယ် ကွယ်လွယ်ကျေးရွာ မြစန္ဒာရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင်  မဲဆန္ဒရှင်ပြည်သူ များ၏ မဲစာရင်းကပ်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌဦးရွှေကြိုင်က မဲစာရင်း အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

မြန်မာ့အသံချစ်သူများအဖွဲ့ အဖွဲ့ဝင်များ တွေ့ဆုံပွဲ ကျိုင်းတုံ၌ ကျင်းပ


ကျိုင်းတုံ စက်တင်ဘာ ၂၇
သောတရှင်များ၊ အချင်းချင်း ကြားတွင်လည်းကောင်း၊ သောတရှင်များနှင့် မြန်မာ့အသံဝန်ထမ်းများအကြားတွင် လည်းကောင်း၊ ရင်းနှီး ခင်မင်စွာ အဆက်အသွယ်များ ရရှိနိုင်စေရန်၊ အင်တာနက်နှင့် အခြားအရင်းအမြစ်များမှ ရရှိလာ သည့် သတင်း အချက်အလက်များ မှန်/မမှန် အတည်ပြုပေးနိုင်မည့် အမာခံ ဒေသခံများရရှိစေ ရန်၊ မြန်မာ့အသံ အတွက် ဒေသဆိုင်ရာ

၂၀၁၅ ခုနှစ်အလွန် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံ အတည်ပြု


နယူးယောက် စက်တင်ဘာ ၂၇
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပလျက်ရှိသော အကြိမ်(၇၀)မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း စက်တင်ဘာ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပလျက်ရှိသော “ ၂၀၁၅ ခုနှစ် အလွန် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို” အတည်ပြုချက် ချမှတ်ရန် ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံ ထိပ်သီး မျက်နှာစုံညီ အစည်းအဝေး၏ ပထမနေ့ အစီအစဉ်များအား ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံကတညီ တညွတ်တည်း အတည်ပြုခဲ့ကြ သည်။

လူးသားအားလုံးပါဝင်နိုင်မည့် Global Citizens ဖြစ်လာစေရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်

 
''အားလုံး တစ်သားတည်းဖြစ်ဖို့ ဆိုတာအခက်အခဲတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့အားလုံး တစ်ယောက်မှာရှိတဲ့ အခက်အခဲတွေကို ကျန်တဲ့ လူတွေက ကူညီဖြေရှင်း ပေးကြမယ်၊ ဒါမှမဟုတ် မျှဝေပေးကြ မယ်ဆိုရင် အရာခပ်သိမ်း တူညီမှုတွေ ကိုခံစားကြရမယ်လို့ ယုံကြည်ပါတယ်'' ဟု အိန္ဒိယနိုင်ငံမှ ကလေးငယ် တစ်ဦး၏ ပြောကြားချက်ကို လူပေါင်း   ခြောက်သောင်းကျော်က တစ်ခဲနက် လက်ခုပ်တီး ကြိုဆိုကြသည်။

Sunday, September 27, 2015

တောင်သမန်းအင်းအတွင်း ငါးသေဆုံးမှုဖြစ်စဉ်မှာ သမားရိုးကျသေဆုံးခြင်းမဟုတ်သဖြင့် စစ်ဆေးဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်



မန္တလေး စက်တင်ဘာ ၂၆
မန္တလေး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအတွင်း စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက ငါးသေဆုံးမှု ဖြစ်ပွားခဲ့ရာ သမားရိုးကျသေဆုံးမှုဖြစ်ပွား ခြင်းမဖြစ်နိုင်ကြောင်း ဒေသခံများ၊ တောင်သမန်အင်းရေဝင်ရောက်မှု၊ ငါး သေဆုံးမှုအခြေအနေ တို့ကို တိုင်းတာစစ်ဆေးဓာတ်ခွဲသည့် ပညာရှင်များ၏ သုံးသပ်ချက်များအရ သိရသည်။

Saturday, September 26, 2015

တပ်မတော်တွင်ရှိပြီးဖြစ်သည့် စည်းကမ်းများ အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ ပြည်သူက ယုံကြည်အားကိုးသည့် တပ်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် တန်ဖိုးရှိသည့် အမျိုးသားနိုင်ငံ ရေးတာဝန်ထမ်းဆောင်မှုဖြစ်စေလို




နေပြည်တော် စက်တင်ဘာ ၂၆
တပ်မတော်အစိုးရလက်ထက်တွင် တပ်မတော်အနေဖြင့် နိုင်ငံ့အရေးကိစ္စအားလုံးတွင် ပါဝင်ဆောင်ရွက် ခဲ့သော်လည်း ယနေ့နိုင်ငံရေးစနစ်တွင် နိုင်ငံတော်ကာကွယ်ရေး တာဝန်နှင့် အမျိုးသားနိုင်ငံရေး တာဝန်ထမ်း ဆောင်မှုအရ မိမိနှင့်သက်ဆိုင်သည့် အပိုင်းများတွင်သာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ လုပ်ဆောင်ရာတွင် တပ်မတော်တွင်ရှိပြီးဖြစ်သည့် စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ ပြည်သူက ယုံကြည်အားကိုးသည့် တပ်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် တန်ဖိုးရှိသည့် အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်မှုဖြစ်စေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့နံနက် ၈ နာရီတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမ၌ တောင်ကြီးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ပြောကြား ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် တွေ့ဆုံ




နေပြည်တော် စက်တင်ဘာ ၂၆
အကြိမ်(၇၀)မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့၌ ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် စက်တင်ဘာ(၂၄) ရက် မွန်းလွဲပိုင်းက နယူးယောက်မြို့အခြေစိုက် နိုင်ငံခြားဆက်ဆံရေးကောင်စီနှင့် ယင်းအဖွဲ့အစည်း၏ ဌာနချုပ်၌ တွေ့ဆုံဆွေး နွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။ ယင်းတွေ့ဆုံမှုတွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ ဆက်ဆံရေး၊

ပြောလည်း ပြောချင်တယ်၊ ပြောလည်း မပြောရဲဘူး


ကြေးမုံသတင်းစာတွင် လူမှုဘဝသရုပ်ဖော်ရသစာပေများကို အလျဉ်းသင့်သလို့ ဖော်ပြပေးလျက်ရှိပါသည်။ ထို့သို့ ဖော်ပြပေးရာ တွင် စာဖတ်ပရိသတ်၏ နှလုံးသားတွင် စွဲထင်ကျန်ရစ်စေမည့် လူမှုဘဝဖြစ်ပျက်ပုံများကို ရသပေါ်လွင်အောင်ရေး သားကြသည့် ထင်ရှားသော စာရေးဆရာများအား ရွေးထုတ်ဖော်ပြပေးလျက်ရှိပါသည်။ ယခု အပတ်စဉ် စနေနေ့တိုင်းတွင် ''ပြောလည်း ပြောချင်တယ်၊ ပြောလည်းမပြောရဲဘူး'' ကဏ္ဍသစ်ကို ဖွင့်လှစ်၍ စာဖတ်ပရိသတ်အား အသိပညာမျှဝေပေး ထားပါသည်။ ထိုကဏ္ဍတွင် စာရေး ဆရာ ဆူဒိုနင်၏ လူမှုဘဝအထွေထွေအပေါ် ရှုမြင်ချက်များကို ကြေးမုံသတင်းစာဖတ် ပရိသတ်များ ပွင့်လင်းမြင် သာစွာ ဖတ်ရှုနိုင်ရန်အတွက် အပတ်စဉ်ဖော်ပြပေးခြင်းဖြစ်ပါသည်။ (စာတည်း)

Friday, September 25, 2015

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း အတွက် ဖက်စပ် လုပ်ငန်း သဘောတူစာချုပ် လက်မှတ်ရေးထိုး


နေပြည်တော်  စက်တင်ဘာ ၂၅
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းနှင့် စင်္ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် Puma Energy Group Pte. Ltd. တို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရှိ မင်္ဂလာဒုံလေယာဉ်ဆီဌာနခွဲ၏ လေယာဉ် ဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း အတွက် စက်တင်ဘာ ၂၄ ရက် ညနေ ၆ နာရီခွဲက နေပြည်တော် ဟိုတယ်ဇုန်ရှိ Kempinski ဟိုတယ်၌ ဖက်စပ်လုပ်ငန်း သဘောတူ စာချုပ် Joint Venture Agreement ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေး Konrad Adenauer Stiftung က ကျင်းပသည့် Election and Ethics Conference သို့ တက်ရောက် အမှာစကားပြောကြား


နေပြည်တော်  စက်တင်ဘာ  ၂၅
Konrad Adenauer Stiftung က ကျင်းပသည့် Election and Ethics Conference ကို နေပြည်တော်ရှိ  Kempinski  ဟိုတယ်၌ ယနေ့ မွန်းလွဲ  ၁ နာရီတွင်ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံရေးပါတီများမှ လွှတ်တော် ကိုယ်စားလှယ် လောင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမည့် အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများမှ တာဝန်ရှိသူများ၊ နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများနှင့် Konrad Adenauer Stiftung မှ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ တက္ကသိုလ်နှင့် အခြေခံပညာ ကျောင်းများအတွက် ကွန်ပျူတာများ ပေးအပ်လှူ ဒါန်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေး အတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း


ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ရန် ပညာတတ်များစွာ လိုအပ်သဖြင့် ပညာရေး မြှင့်တင်မှု လုပ်ငန်းများအား မဖြစ်မနေ ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ရောက်ရှိရာ ဒေသတိုင်းတွင် မိမိတို့ အနေဖြင့် ပညာရေး မြှင့်တင်ရေး အတွက် တတ်နိုင်သည့် ဘက်မှ ဝိုင်းဝန်းဆောင်ရွက် နေကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ နံနက် ၈ နာရီခွဲတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ပြုလုပ်သော ရှမ်းပြည်နယ်ရှိ တက္ကသိုလ်၊ အခြေခံပညာ ကျောင်းများအတွက် ကွန်ပျူတာ များ၊ ကျောင်းသုံး ဗလာစာအုပ်များနှင့် ဒေသဖွံ့ဖြိုးရေး အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားတွင် အမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်၊ ဟိုပုံးမြို့ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ အခြေခံပညာ ကျောင်းများအတွက် ကွန်ပျူတာများ ပေးအပ်လှူ ဒါန်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေး အတွက် ထောက်ပံ့ ငွေများ ပေးအပ်လှူဒါန်း


နေပြည်တော် ၊ စက်တင်ဘာ ၂၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့ရှိ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ရုံးသို့ ရောက်ရှိကြရာ ဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများက ခင်မင်ရင်းနှီးစွာ ကြိုဆို နှုတ်ဆက် ကြသည်။

သီတဂူဆရာတော်ကြီးနှင့် သီတဂူသာသနာပြုအဖွဲ့ဖလမ်းမြို့၌ သဘာဝရေဘေးသင့် ပြည်သူများအား အလှူ ငွေနှင့် ပစ္စည်းများ လှူဒါန်း


နေပြည်တော် စက်တင်ဘာ ၂၄
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဥာဏိဿရသည် စက်တင်ဘာ ၂၃ ရက်တွင် ဖလမ်းမြို့သို့ ရောက်ရှိပြီး ဖလမ်းခရိုင် ပြည်သူ့ဆေးရုံကြီးအတွင်း လှည့်လည် ကြည့်ရှု၍ ဆေးရုံအတွက် လိုအပ်သည့် ခွဲစိတ်ကိရိယာ ပစ္စည်းများ ပေးပို့လှူဒါန်းမည့် အစီအစဉ်များကို ရှင်းလင်း မိန့်ကြားခဲ့သည်။ ထို့နောက် ဖလမ်းမြို့ အမျိုးသမီး အိမ်တွင်းသက်မွေးပညာ သင်ကျောင်းခန်းမ၌ ပြုလုပ်သော သဘာဝဘေးဒဏ်သင့်ပြည်သူများအား အလှူငွေ နှင့် ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်လှူဒါန်း ပွဲသို့ ကြွရောက်၍ သြဝါဒစကားမြွက်ကြား ချီးမြှင့်သည်။

ဘူဆန်ပန်းပုပွဲတော်သို့ မြန်မာနိုင်ငံမှ ပန်းပုဆရာနှစ်ဦး သွားရောက်မည်


ရန်ကုန် စက်တင်ဘာ ၂၄
နိုင်ငံတကာမှ ပန်းပုပညာရှင်များစွာ လာရောက်ပြသမည့် ဘူဆန်ပန်းပုပွဲတော်သို့ မြန်မာနိုင်ငံမှ ပန်းပုပညာရှင် နှစ်ဦးဖြစ်သည့် ဦးချမ်းအေးနှင့် ဦးမင်းဆွေတို့မှလည်း ယင်းတို့၏ ပန်းပုလက်ရာများကို သွားရောက်ပြသမည် ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုအချိန်ကြာမြင့်ခဲ့ပြီး ကျပ်သိန်းတစ်ထောင်ကျော် ဆုံးရှုံးခဲ့သည့် မင်္ဂလာဒုံ ကိုကာကိုလာ ကုန်ကြမ်း ဂိုဒေါင် မီးလောင်


ရန်ကုန် စက်တင်ဘာ ၂၄
ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဥယျာဉ် ဝင်းအတွင်း ရန်ကုန် စက်မှုဇုန်ရှိ ကိုကာကိုလာဘူးခွံ ကုန်ကြမ်း ဂိုဒေါင်၌ ယနေ့နံနက် ၆ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ရှန်ဟိုင်းမြို့ရှိ ရေတပ်စခန်းဌာနချုပ်နှင့် ဖွံ့ဖြိုးတိုးတက် မှုများ ကြည့်ရှုလေ့လာ


နေပြည်တော် စက်တင်ဘာ ၂၄
တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့သည် စက်တင်ဘာ ၂၃ ရက် ဒေသ စံတော်ချိန် နံနက် ၉ နာရီခွဲတွင် ရှန်ဟိုင်းမြို့စောင့် ရေတပ်စခန်း (Shanghai Garrison Naval Port) သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်မဲပေးခြင်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်း အဝေးကျင်းပ


နေပြည်တော် စက်တင်ဘာ ၂၄
သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်မဲပေးခြင်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပ ရာ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကာကွယ် ရေး ဝန်ကြီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့မှ တာဝန်ရှိသူများ၊ ကော်မရှင်အတွင်း ရေးမှူးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။

Thursday, September 24, 2015



ယာဉ်/လမ်းစည်းကမ်းစစ်ဆေးခြင်းဆောင်ရွက်နေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ကို ဓားဖြင့်ထိုးသူအား ဖမ်းဆီးအရေးယူ
နေပြည်တော်၊ စက်တင်ဘာ ၂၄
စက်တင်ဘာ ၂၄ ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၁၉×၆၆ လမ်းဆုံတွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပူးပေါင်းအဖွဲ့သည် ယာဉ်/လမ်း စည်းကမ်းစစ်ဆေးစဉ် မတ္တရာမြို့နယ်၊ ကျောက်တံတားရွာနေ လှမျိုးထွန်း(၂၀)နှစ် စီးနင်းလာသော KENBO-125 CZI ဖြူ/နက်ကြား ရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်လိုင်စင်မပါသဖြင့် ရဲတပ်သား ကျော်ဇင်ဦး က ယာဉ်မောင်းလိုင်စင်အား သိမ်းယူပြီး ပြေစာယူရန် ပြောဆိုနေစဉ် လှမျိုးထွန်းမှ ပြေစာမယူဘဲ ဆိုင်ကယ်အား မောင်းနှင် ထွက်ခွာသွားခဲ့ကြောင်း၊  နံနက် ၁၀ နာရီခန့်တွင် လှမျိုးထွန်းနှင့် ၎င်း၏အစ်ကိုဖြစ်သူ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်အပိုင်း(က)နေ လှစိုးထွန်း(၃၀)နှစ်တို့ ပြန်လည်ရောက်ရှိလာစဉ် ရဲတပ်သား ကျော်ဇင်ဦးမှ  ပြေစာယူရန်ပြောဆိုနေစဉ် လှစိုးထွန်းမှ လက်သီးနှင့်ထိုးပြီး   ခါးကြားတွင် ဝှက်ယူလာသည့် အရိုးအသွား(၁၁)လက်မခန့်ရှိ ဓားဖြင့်ထပ်မံထိုးသဖြင့် အနီးရှိ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးထိန်းသိမ်းခဲ့ရာ လှစိုးထွန်းအား ဦးခေါင်းပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး   ရဲတပ်သား ကျော်ဇင်ဦးမှာ ဒဏ်ရာများရရှိခဲ့သဖြင့်  မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ်   နံနက် ၁၀ နာရီ မိနစ်၂၀ ခန့်တွင် သေဆုံးသွားခဲ့သဖြင့် လှမျိုးထွန်းနှင့် လှစိုးထွန်းတို့  နှစ်ဦးအား အမှတ်(၁)နယ်မြေ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆီဆိုင်နှင့် ဘန်းယဉ်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံအမှာစကား ပြောကြား


နေပြည်တော်၊ စက်တင်ဘာ ၂၄
တပ်မတော်အနေဖြင့် အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရင်း အမျိုးသားနိုင်ငံရေး တာဝန်များကိုပါ ထမ်းဆောင်လျှက်ရှိကြောင်း၊ သမိုင်းကြောင်းကို ပြန်ကြည့်ပါက နိုင်ငံ့သမိုင်းနှင့် တပ်မတော်သမိုင်း ခွဲခြား၍ မရသကဲ့သို့ ပြည်သူနှင့်တပ်မတော်သည်လည်း ခွဲခြား၍မရပါကြောင်း  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆီဆိုင်နှင့် ဘန်းယဉ်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြား သည်။    

တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လွိုင်ကော် မြို့ ဘာသာရေးအဖွဲ့အစည်း များနှင့်တွေ့ဆုံ



နေပြည်တော်၊ စက်တင်ဘာ ၂၄
ကယားပြည်နယ် လွိုင်ကော်မြို့၌ ရောက်ရှိနေသော တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော် မြို့ရှိ သီရိမင်္ဂလာတောင်တော်၊ တောင်ကွဲစေတီသို့သွားရောက်ပြီး  စေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုကြသည်။ ယင်းနောက် ဂေါပကအဖွဲ့ဝင်များထံ အလှူငွေများပေးအပ်လှူဒါန်းပြီး စေတီတော်အား လှည့်လည်ကြည်ညိုကြသည်။

ကမ္ဘာ့ဘဏ်နှင့် ပူးတွဲဆောင်ရွက် သည့် ရေဘေး သင့်ဒေသ များ ပြန်လည် ထူထောင်ရေးဆိုင်ရာ ဘေးလွန်ကာလ လိုအပ်ချက်များ ဆန်းစစ်ချက် အလုပ် ရုံဆွေးနွေး ပွဲသို့ ဒုတိယသမ္မတဦးဉာဏ်ထွန်း တက်ရောက် အမှာ စကား ပြောကြား


နေပြည်တော် စက်တင်ဘာ ၂၄

ကမ္ဘာ့ဘဏ်နှင့် ပူးတွဲဆောင်ရွက် သည့် ရေဘေးသင့်ဒေသ များ ပြန်လည်ထူထောင်ရေး ဆိုင်ရာ ဘေးလွန်ကာလ လိုအပ်ချက်များ ဆန်းစစ်ချက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပရာ အမျိုးသား သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်အမှာစကား ပြောကြားသည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီး(၆၆)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲသို့ တက်ရောက်


နေပြည်တော် စက်တင်ဘာ ၂၄
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နှင့်ဇနီး ဒေါ်နန်းရွှေမှုန်တို့သည် ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ Banquet Hall ၌ ကျင်းပသည့်  (၆၆)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနား သို့ တက်ရောက်သည်။
ရှေးဦးစွာ ဒုတိယသမ္မတသည် (၆၆)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဓာတ်ပုံပြခန်းအား ကြည့်ရှုလေ့လာသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း စင်ကာပူနိုင်ငံမှ MBA ကျောင်းသား ကျောင်းသူများအား လက်ခံတွေ့ဆုံ


နေပြည်တော်  စက်တင်ဘာ  ၂၄
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာ ကြသည့် စင်ကာပူနိုင်ငံ National University of Singapore မှ Master of Business Administration (MBA) ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည် တော်ရှိလွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတော်အစိုးရအနေဖြင့် နောက်ဆုံးအချိန်အထိ ဇွဲ၊ လုံ့လ စိုက်ထုတ် ကြိုးပမ်းသွားမည်


နေပြည်တော် စက်တင်ဘာ ၂၄
ပြုပြင်ပြောင်းလဲရေးဦးဆောင်ကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်အမှာစကား ပြောကြားသည်။

ဒုတိယဝန်ကြီးပြောင်းလဲတာဝန်ပေးခြင်း



ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၂၂/၂၀၁၅
၁၃၇၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်
(၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)
ဒုတိယဝန်ကြီးပြောင်းလဲတာဝန်ပေးခြင်း
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆ ၊ ပုဒ်မခွဲ (ခ) ၊ ပုဒ်မခွဲငယ် (၉) တို့ပါ ပြဌာန်းချက်များအရ သမ္မတရုံး ဝန်ကြီးဌာန (၄) ဒုတိယဝန်ကြီး ဦးအောင်သိမ်းအား ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်သည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်