Monday, August 31, 2015

ယခုနှစ်တွင် ကမ္ဘာ့လှည့်ခရီးသည် ၅ သန်းအထိ လာရောက်မည်ဟု မျှော်မှန်း


နေပြည်တော်  သြဂုတ် ၃၁
ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် သြဂုတ် (၂၈)ရက် ညနေပိုင်းတွင် မန္တလေးမြို့Mandalay Hill Resort တွင် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ မန္တလေးဒေသ၏ ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ မှာကြားသည်။

ရေဘေးသင့်ပြည်သူများအတွက် အလှူပစ္စည်းများလက်ခံရရှိ

နေပြည်တော် သြဂုတ် ၃၁
ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူးရုံး၊ နေပြည်တော်ရုံးများသို့ အလှူရှင်များက လာရောက်လှူဒါန်း လျှက်ရှိ

အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသန ဗဟိုဌာနနှင့် နှစ်ဖက် နားလည်မှု စာချွန် လွှာ လက်မှတ်ရေးထိုး

နေပြည်တော်။      သြဂုတ်(၃၁)
ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာဆန်စပါးသုတေသနအဖွဲ့ IRRI (အီရီ) နှင့်  ရေဆင်းစိုက်ပျိုးရေးသုတေသနတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက် အကောင်အထည်ဖော်ရန် နှစ်ဖက် သဘောတူညီချက်နှင့် IRRI နှင့် ရေဆင်းစိုက်ပျိုးရေး သုတေသနတို့အကြား လူသားအရင်းအမြစ်နှင့် ပညာရှင်များ ပူးပေါင်းလေ့ကျင့် မွေးထုတ် ပေးရန် အပြန်အလှန် လက်မှတ်ရေးထိုး သဘောတူညီချက်အား ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီက ကျင်းပသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြန်မာ့ အနုပညာဗဟိုဌာန (မန္တလေး) အဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်


နေပြည်တော် သြဂုတ် ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအုန်းမြင့်၊ ဦးစိုးဝင်း၊ ဒုတိယ၀န်ကြီးများ၊ တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက (၈) နာရီတွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း နှင့် ၇၈ လမ်းကြား၊ မင်္ဂလာမန္တလေးစီမံကိန်း (တောင်ဘက်) တွင် တည်ဆောက်မည့် မြန်မာ့ အနုပညာဗဟိုဌာန (မန္တလေး) အဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်သည်။

ဒုတိယသမ္မတဦးဥာဏ်ထွန်း မြန်မာ-ထိုင်းချစ်ကြည်ရေး ကော့ကရိတ်-သင်္ဃန်း ညီနောင်-မြ၀တီ လမ်းလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားနှင့် မြ၀တီ-မဲဆောက် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား အမှတ်(၂) ပန္နက်တင် အခမ်းအနားများသို့ တက်ရောက်


ဘားအံ သြဂုတ် ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးဥာဏ်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေး ကော့ကရိတ်-သင်္ဃန်းညီနောင်-မြ၀တီလမ်း (၄၅ ဒသမ ၄၅) ကီလိုမီတာ လွှဲပြောင်းပေးအပ်ပွဲနှင့် မြ၀တီ-မဲဆောက် ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ် (၂) ပန္နက်တင် အခမ်းအနားများသို့ တက်ရောက်ကြသည်။

လက်ရှိတွင် သီလဝါအထူးစီးပွားရေးဇုန်၌ လုပ်ဆောင်လျက်ရှိသည့် ဟက်တာ ၄ဝဝ အပြင် ၁ဝ ဟက်တာ တိုးချဲ့လုပ်ဆောင်မည်


သတင်း - ရဲခေါင်ညွန့်၊ ဓာတ်ပုံ - ဖိုးထောင်
သီလဝါအထူးစီးပွားရေးဇုန်အား လက်ရှိတွင် အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိသည့် ဟက်တာ ၄ဝဝ အပြင် ၁ဝ ဟက်တာ တိုးချဲ့လုပ်ဆောင်မည်ဟု သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ သန်းသန်းသွယ်ထံမှ သိရသည်။

မြန်မာ့ကမ်းလွန်ပြင်အတွင်း ကမ်းလွန်ရေနံရှာဖွေခြင်းလုပ်ဆောင်မည်

ရန်ကုန် ဩဂုတ် ၃၀
မြန်မာနိုင်ငံမှ eni နှင့် petro ဗီယက်နမ်တို့ အကျိုးတူပူးပေါင်း၍ မြန်မာ့ကမ်းလွန်ပင်လယ်ပြင် ကမ်းလွန်ရေနံ ရှာဖွေခြင်းလုပ်ငန်း လုပ်ကွက် အမှတ် MD2ကို ၂၀၁၆ ခုနှစ်အတွင်း ပြုလုပ်သွားမည်ဟု သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မလေးရှာနိုင်ငံလွတ်လပ်ရေးနေ့ သ၀ဏ်လွှာများပေးပို့

နေပြည်တော် သြဂုတ် ၃၁
၂ဝ၁၅ ခုနှစ် သြဂုတ် ၃၁ ရက်တွင်ကျရောက်သော မလေးရှားနိုင်ငံ၏ (၅၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံမှ မလေးရှားနိုင်ငံ ဘုရင်ဆူလတန် အဗ္ဗဒူဟာလင်မ် မူအက်ဒ်ဇမ်ရှားထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

Sunday, August 30, 2015

ရန်ကုန် စတော့အိတ်ချိန်းရာနှုန်းပြည့်ပြင်ဆင်ပြီးစီး၍ ဒီဇင်ဘာလတွင် ဖွင့်လှစ်ရန် ရည်ရွယ်ထား



ရန်ကုန်  သြဂုတ်  ၂၉
ရန်ကုန် စတော့အိတ်ချိန်း ဖွင့်လှစ်နိုင်ရန် ရာနှုန်းပြည့် ပြင်ဆင်ပြီးစီးနေပြီ ဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ် ထားကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း၏ ပြောကြားချက်အရ သိရသည်။ ယခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ခဲ့သည့် ရန်ကုန်စတော့ အိတ်ချိန်းကို ၂၀၁၂ ခုနှစ်က စတင်၍ အဆင့်ဆင့်ကြိုးပမ်းဆောင် ရွက်ခဲ့ပြီး လက်ရှိတွင် စတော့အိတ်ချိန်း စတင်လည်ပတ်ရန် အဆင်သင့်ဖြစ်နေသော အနေ အထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဩဂုတ် ၂၉ ရက်က ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ရန်ကုန်စတော့ အိတ်ချိန်း ဖွင့်လှစ်မည့် အဆောက်အအုံ(ယခင်-ဗဟိုဘဏ်နှင့် မြ၀တီဘဏ် ဆောင်ရွက်ခဲ့သည့် အဆောက်အအုံ)တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ဒုတိယဝန်ကြီး ကပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံရှိ Ancient City အတွင်း လှည့်လည်ကြည့်ရှုလေ့လာ




နေပြည်တော် သြဂုတ် ၂၉
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံမှူးနှင့် ထိုင်းဘုရင့်တပ်မတော် မှ Lt. Gen. Boonchu Kird တို့နှင့်အတူ သြဂုတ် ၂၉ ရက် ဒေသခံတော်ချိန် နံနက် ၈ နာရီ မိနစ် ၂၀ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Wat Phra Kaew (မြဘုရားကျောင်း) သို့ရောက်ရှိကြပြီး မြဘုရားကျောင်းဆောင်အတွင်း ဆွမ်း၊ ရေချမ်းနှင့်ပန်းများ ဆက်ကပ် လှူဒါန်းသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အား ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုညစာတည်ခင်း




နေပြည်တော် သြဂုတ် ၂၉
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့အား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Dusit Thani  Hotel ရှိ Napalai  Ballroom ၌ သြဂုတ် ၂၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီခွဲတွင် ထိုင်းနိုင်ငံ ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Worapong  Sanganetra က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

Saturday, August 29, 2015

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းရန်ကုန်မြို့ ကန်တော်ကြီးရေပြင်၌ စက်လှေများဖြင့်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြသမှု၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံး ဖွင့်လှစ်ထားရှိမှုနှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ ကမ်းထိန်း ကျောက်စီမြေနံရံဆောင်ရွက် ပြီးစီးမှုအခြေအနေနှင့် ရေဘုတ်ရေလှောင်တမံအကူ ရေပိုလွဲတည်ဆောက်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး



ရန်ကုန် - ဩဂုတ် ၂၉
အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ပြည်ထောင်စု ဝန်ကြီးဦးကျော်လွင်၊  ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ကန်တော်ကြီး သဘာဝဥယျာဉ်သို့ေ ရာက်ရှိပြီး ကန်တော်ကြီး ရေပြင်၌ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ရှာဖွေ ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ  လက်တွေ့သရုပ်ပြသမှုကို ကြည့်ရှုစစ်ဆေး သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အစည်းအဝေးကျင်းပမှုအား တက်ရောက်အားပေး


နေပြည်တော်- သြဂုတ် ၂၉
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့နံနက် ၁၀ နာရီခွဲတွင် လွှတ်တော် အဆောက်အအုံ၊ လွှတ်တော်ရေး ရာဆောင်အမှတ်(အိုင်-၂) ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်း ကော်မတီ၌ ကျင်းပပြုလုပ်လျက်ရှိသော အနုညာတစီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ ဥပဒေကြမ်း ညှိနှိုင်း အစည်းအဝေး ကျင်းပမှုအား တက်ရောက်အားပေးသည်။

ဟားခါးမြေပြိုမှုဖြစ်စဉ် သစ်တောပြုန်းတီးမှုနှင့် မိုးများမှုတို့ ပါဝင်



ချင်းပြည်နယ် ဟားခါးမြို့၌ ဇူလိုင်တတိယပတ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ကာ လူနေအိမ်၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံနှင့် လမ်း၊ တံတားများ ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

နတ်မောက်မြို့နယ်အတွင်းမှ တောင်ဆင်ရိုင်းအုပ်မထွက်ခွာသေး



နတ်မောက် သြဂုတ် ၂၈
ပဲခူးရိုးမဆီမှ ရေကြည်ရာမြက်နုရာ စားကျက်မြေ နေရာရှာဖွေရင်း မိုင်ပေါင်းရာချီခရီးကို နေခိုချိန်မှ လွှဲ၍ မရပ်မနား သွား လာနေကြသော်လည်း ၎င်းတို့ဘဝဟာ သာယာစွာ အသက်ရှင် နေနိုင်ရေးလမ်းစမှာ တစ်ပတ် ကျော် ကြာလာသည့် တိုင်အောင် ရှာမတွေ့သေးသည့်အပြင် သြဂုတ် ၂၈ ရက် ညပိုင်းအထိ နတ်မောက်မြို့နယ် အတွင်းမှ ထွက်ခွာခြင်းမရှိသေးဘဲ နားခိုလျက် ရှိကြောင်းသိရသည်။

Friday, August 28, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 3rd Thailand-Myanmar High Level Committee အစည်းအဝေးတက်ရောက်




နေပြည်တော်၊ ဩဂုတ်-၂၈
မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အားလျော်စွာ ရှည်ကြာသော ဆက်ဆံရေး သမိုင်းအစဉ်အလာ ရှိသည့် နိုင်ငံများဖြစ်ကြောင်း၊ ယခု မျက်မှောက်ကာလသည် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးအကောင်းဆုံး အချိန်အခါဖြစ်ပါကြောင်း၊ တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီး အစည်းအဝေး များ၊ ဒေသအဆင့် နယ်ခြားကော်မတီ အစည်းအဝေးများနှင့် မြို့နယ်အဆင့် နယ်ခြား ကော်မတီအစည်းအဝေးများ ပုံမှန်ဆောင်ရွက်ခြင်းဖြင့် အပြန်အလှန်ယုံကြည်မှုနှင့် ချစ်ကြည် ရင်းနှီးမှုကို ပိုမိုခိုင်မာအောင် တည်ဆောက်လျက် ရှိပါကြောင်း၊ ယခု အစည်းအဝေးမှတစ်ဆင့် တပ်မတော် နှစ်ရပ်အကြား အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ ပိုမိုအားကောင်း လာစေရန် တည်ဆောက်နိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Dusit  Thani  Hotel ရှိ  Vimansuriya Room ၌ ယနေ့ဒေသစံတော်ချိန် နံနက် ၉ နာရီ ၂၅ မိနစ်တွင် ကျင်းပပြုလုပ်သော 3rd Thailand-Myanmar High  Level  Committee  Meeting တွင် ထည့်သွင်းပြောကြားသည်။

ချင်းပြည်နယ် တွန်းဇွန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ် (၆၀)ခန့် ရေစီးဖြင့် မျောပါခဲ့သော်လည်း လူနှင့် တိရိစ္ဆာန်များ အသေအပျောက်မရှိ

နေပြည်တော် သြဂုတ် ၂၈

ချင်းပြည်နယ် တွန်းဇန်မြို့နယ်တစ်ဝိုက်တွင် ယနေ့နံနက် ၃ နာရီခန့်မှ စ၍ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီး ဆင်းမှုကြောင့် နတ်မြောင်ချောင်းရေ လေးပေခန့် မြင့်တက်ကာ တွီးခိန်ဇန်ကျေးရွာအပေါ်ရှိ တောင်ပေါ်ရေကန် ကျိုးပေါက်ခဲ့၍ ၎င်းရွာ တောင်ဘက် အပိုင်းရှိ ဟားခါးလေးရွာသို့ ရေ၀င်ရောက်ခဲ့ပြီး အိမ်ခြေ ၅၉ လုံးမှာ ရေစီးဖြင့် မျောပါခဲ့ကြောင်း၊ ၎င်းနေအိမ်များမှ လူဦးရေ ၃၀၀ ခန့်မှာ နန်ကျင်းဆောင်းရွာအနီး ဖွင့်လှစ်ထားသော ယာယီ ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းခဲ့ရကြောင်း၊ ၎င်းဖြစ်စဉ်တွင် လူနှင့် တိရိစ္ဆာန်များ အသေ အပျောက်မရှိကြောင်း သိရသည်။

ရေဘေးသင့်ဒေသများသို့ လေယာဉ်များဖြင့် ကယ်ဆယ်ရေးပစ္စည်းများပို့ဆောင်ထောက်ပံ့

နေပြည်တော် သြဂုတ် ၂၈

သဘာဝဘေးအန္တရာယ် ကြုံတွေ့နေ့ရသည့် ရေဘေးသင့်ဒေသရှိ ပြည်သူများ ထံသို့ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်နိုင်ရန် ပြည်တွင်းလေကြောင်းလိုင်း များမှ လေယာဉ်များဖြင့် ဆက်လက်ပေးပို့လျက်ရှိသည်။

အနည်းဆုံး အခကြေးငွေ ထုတ်ပြန်ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ
(အမိန့်ကြော်ငြာစာအမှတ်၊ ၂ /၂၀၁၅)
၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက်
(၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်)
အနည်းဆုံး အခကြေးငွေ ထုတ်ပြန်ကြေညာခြင်း

၁။ မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရန် ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၇ အဖြစ် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့၌ပြဋ္ဌာန်းပေးခဲ့ပြီး အနည်းဆုံးအခကြေးငွေနည်းဥပဒေများကိုလည်း ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr. Gautam Mukhopadhaya အား လက်ခံတွေ့ဆုံ


နေပြည်တော် သြဂုတ် (၂၈)

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E.Mr. Gautam Mukhopadhaya အား ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။`         

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဂျပန်အာကာသယာဉ်မှူးအား လက်ခံတွေ့ဆုံ




နေပြည်တော် သြဂုတ် ၂၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သည် အာကာသစူးစမ်းလေ့လာရေးအသင်း ဥက္ကဋ္ဌနှင့် Japan Aerospace Exploration Agency (JAXA) ဂျက်ဆာအာကာသယာဉ်မှူးအဖွဲ့၏ အကြီးအကဲဖြစ်သူ ဂျပန်အာကာသယာဉ်မှူး Mr. Soichi Noguchi အား ယနေ့နံနက်(၉)နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး



နေပြည်တော် သြဂုတ်  ၂၈
ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၈၃)ရက် မြောက်နေ့ကို ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပခဲ့ရာ ညနေပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးသည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ သဘာဝဘေးဒဏ်သင့် ဒေသများရှိ ပြည်သူများအတွက် ထောက်ပံ့ ပစ္စည်းများ ပေးပို့လှူဒါန်း


နေပြည်တော် သြဂုတ် ၂၈
သဘာဝ ဘေးဒဏ်သင့် ဒေသများရှိ ပြည်သူများအတွက် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ ထောက်ပံ့ ပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် Ilyushin- 76 လေယာဉ် ၂ စီးဖြင့် နေပြည်တော်လေဆိပ်သို့ လာရောက် လှူဒါန်းသည်။

ဒဂုံတက္ကသိုလ်အားကစားနှင့် ပညာရေးလှုပ်ရှားမှုများ ဆောင်ရွက်



ရန်ကုန် သြဂုတ် ၂၈

၂၀၁၄-၂၀၁၅ ပညာသင်နှစ် ဒဂုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ နေ့သင်တန်း တက် ကျောင်းသား ကျောင်းသူများ၏ မီနီမာရသွန် (ကျား၊မ)ပြိုင်ပွဲကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံတက္ကသိုလ်၌ ကျင်းပသည်။

ထိုင်းတက္ကသိုလ်မှ မြန်မာစာသင်ကျောင်းသားများ သင်တန်းဆင်း



ရန်ကုန် သြဂုတ် ၂၈

ထိုင်းနိုင်ငံ Kamphaeng Phet Rejabhat University (KPRU)မှ ဒဂုံတက္ကသိုလ်၌ မြန်မာစာလာရောက်သင်ကြားသော ကျောင်းသားကျောင်းသူများ သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။

အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ အစည်းအဝေး (၃/၂၀၁၅) ကျင်းပ


နေပြည်တော်၊ ဩဂုတ်လ ၂၈

မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ အစည်းအဝေး(၃/၂၀၁၅) ကို ယနေ့နံနက်ပိုင်း ၁၀ နာရီတွင် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်အစည်းအဝေးခန်းမ၌ ကျင်းပရာ အဆိုပါ အစည်းအဝေးသို့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ASCC ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးက ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ Focal များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီများ၊ ကလေးသူငယ်များ အခွင့်အရေးအတွက် လှုပ်ရှား ဆောင်ရွက်နေသူများ၊ မီဒီယာများနှင့် UNICEF တို့အကြား ကလေးသူငယ်များဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ


ရန်ကုန်  သြဂုတ် ၂၈   
                  
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ ကလေးသူငယ်များ အခွင့်အရေး အတွက် လှုပ်ရှားဆောင်ရွက်နေသူများ၊ မီဒီယာများနှင့် UNICEF တို့အကြား ကလေးသူငယ်များဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ  Park Royal  ဟိုတယ်၌ ယနေ့ နံနက်       ၉ နာရီတွင် ကျင်းပရာ   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြား သည်။အဆိုပါအခမ်းအနားသို့   ကော်မရှင် အဖွဲ့ဝင်များနှင့် အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲ အရာရှိ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများနှင့်  လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမသစ်ဖွင့်ပွဲနှင့် ဂျပန်နိုင်ငံသား အာကာသယာဉ်မှူး ၏ အာကာသဆိုင်ရာ အတွေ့အကြုံ ဟောပြောပွဲ ပြုလုပ်


မိတ္ထီလာ  သြဂုတ် ၂၈

 မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် တည်ရှိသည့် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ဖွင့်ပွဲနှင့် ဂျပန်နိုင်ငံသား အာကာသယာဉ်မှူး၏ အာကာသဆိုင်ရာ အတွေ့အကြုံ ဟောပြောပွဲကို သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန်က ပင်မစာသင်ဆောင် ( ဦးခေါင်းပိုင်း ) တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဟောင်းသမိုင်းဝင် တန့်ကြည့်တောင် ဘုရားပွဲတော်အတွက် အထူးရထားပြေးဆွဲပေး


ဆိပ်ဖြူ သြဂုတ် ၂၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင် တန့်ကြည့်တောင် စွယ်တော်မြတ် စေတီ ဗုဒ္ဓပူဇနိယ ပွဲတော်ကို နှစ်စဉ် ၀ါခေါင်လတွင် ကျင်းပလျက်ရှိရာ မြန်မာ့မီးရထား တိုင်းအမှတ်(၁၀) ပခုက္ကူ က ဘုရားပွဲတော် စည်ကားသိုက်မြိုက်ရေး၊ ဘုရားဖူး ခရီးသွားပြည်သူ အများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ပခုက္ကူဘူတာမှ တန့်ကြည့်တောင် ဘူတာသို့ လည်းကောင်း၊ ဆိပ်ဖြူဘူတာမှ တန့်ကြည့်တောင် ဘူတာသို့(၀ါခေါင်လဆန်း ၁၃ရက်နေ့မှ ၀ါခေါင်လပြည့်နေ့) သြဂုတ်လ ၂၈ရက်နေ့မှ ၃၀ရက်နေ့ထိ ဆိပ်ဖြူ-တန့်ကြည့်တောင်ကို နံနက် ၇နာရီ အချိန်တွင် လည်းကောင်း ပခုက္ကူ - တန့်ကြည့်တောင်ကို ညနေ ၄ နာရီ ၁၅ မိနစ် အချိန်များတွင် ပြေးဆွဲ ပေးလျက် ရှိရာ  တန့်ကြည့်တောင်ဘူတာမှ ဆိပ်ဖြူဘူတာ သို့ ညနေ ၄ နာရီခွဲ  အချိန်တွင် လည်ကောင်း တန့်ကြည့်တောင်-ပခုက္ကူသို့ နောက်တစ်နေ့နံနက် ၆ နာရီ ၅ မိနစ် အချိန်များတွင် ပြန်လည်ထွက်ခွာကာ အချိန်မှန် ပြေးဆွဲလျက်ရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း အသစ်လျှောက်ထားခြင်းများနှင့် သက်တမ်းတိုးခြင်းများအား ခွင့်ပြုပေးနေမှု အခြေအနေ

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့် ခွဲရေးကော်မတီကပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်အသစ်လျှောက် ထားခြင်း၊ ၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့်ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေအရ ထုတ်ပေး ထားသည့် မှတ်ပုံတင်သက်သေခံလက်မှတ်ရရှိထားသူများ၏ သက်တမ်းတိုးလျှောက်ထားခြင်း၊ လုပ်ငန်း အမည်ပြောင်းခြင်းနှင့် ပုံနှိပ်သူ/ထုတ်ဝေသူအမည်ပြောင်း လျှောက်ထားခြင်းတို့ကို စီမံခန့် ခွဲရေးကော်မတီ အစည်းအဝေးများဖြင့် စိစစ်၍ ခွင့်ပြုပေးလျက်ရှိပါသည်။

သဘာဝဘေးအန္တရာယ်ကြောင့် နွား(၇၈၀၁)ကောင်၊ ကျွဲ (၃၀၀၅)ကောင် အပါအဝင် တိရိစ္ဆာန်ကောင်ရေ (၂ ဒသမ ၄)သိန်း သေကျေပျက်စီး



နေပြည်တော်၊ သြဂုတ် ၂၈

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရေဘေးသင့်ဒေသများရှိ ကျေးလက်လမ်း၊ တံတား၊ ရေပေးရေးနှင့် ကျန်းမာသန့်ရှင်းရေး၊ မီးလင်းရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူ ထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့နံနက်(၈)နာရီအချိန်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပရာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် က ဇွန်၊ဇူလိုင်လများအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် နိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများဖြစ်ပွားခဲ့ပြီး နိုင်ငံတော်အစိုးရအနေဖြင့် သဘာဝဘေးဒဏ် သင့်ဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို စေတနာ ရှင်ပြည်သူများ၊ မိတ်ဖက်နိုင်ငံများ၊ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီမှုနှင့် ထိရောက် သော စီမံခန့်ခွဲမှုများဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊

ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများလှူဒါန်း




နေပြည်တော်၊ သြဂုတ်လ (၂၈)

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် ရေဘေးသင့်ပြည်သူများ အတွက် အလှူငွေပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။

တွန်းဇံမြို့နယ်၌ သဘာဝတောင်ပေါ်ရေကန်၊ ရေလျှံကျိုးပေါက်မှု ဖြစ်ပွား

နေပြည်တော်  သြဂုတ်  ၂၈
ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် ယနေ့နံနက် (၃) ခန့်မှ စပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ တွီ့ခိန်ဇန်ကျေးရွာ အပေါ်ရှိ သဘာဝ တောင်ပေါ်ရေကန်မှာ ရေလျှံကျိုးပေါက်မှု ဖြစ်ပွားခဲ့သည်။

သီလဝါ အထူးစီးပွားရေးဇုန်တွင် ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိနေသော ဟက်တာ ၂၀၀၀ အတွက် မဟာ ဗျူဟာမြောက် ပတ်ဝန်းကျင် ဆန်းစစ်ခြင်းဆိုင်ရာ ပြုလုပ်

ရန်ကုန် ဩဂုတ် ၂၇
သီလဝါ အထူးစီးပွားရေးဇုန် ဟက်တာ (၂၄ဝဝ) စီမံကိန်း အကောင်အထည် ဖော်ရာတွင် ဆက်လက် အကောင် အထည်ဖော်ရန် ကျန်ရှိနေသေးသည့် ဟက်တာ (၂ဝဝဝ)အတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင် ဆန်းစစ်ခြင်း (Strategic Environmental Assessment – SEA)ဆိုင်ရာ သက်ဆိုင်သူများနှင့် တွေ့ဆုံပွဲတစ်ခုကို သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ရုံး၌ ပြုလုပ်ခဲ့သည်။

နိုင်ငံခြား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမှုကြောင့် ဒေသထွက် စားသောက်ကုန်အရောင်းဆိုင်များ အဆင်ပြေလျက်ရှိ

ကျောက်ပန်းတောင်း ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံခြားသားခရီးသည်များ ဝင်ရောက်မှုများလာသဖြင့် ကျောက်ပန်းတောင်း-ပုဂံ-ညောင်ဦးကားလမ်းတစ်လျှောက် တွင် ဖွင့်လှစ်ထားသည့် ဒေသထွက်စားသောက်ကုန်နှင့် တိုင်းရင်းဆေးဝါးပစ္စည်းအရောင်းဆိုင်များ၊ အမှတ်တရ ပစ္စည်း အရောင်းဆိုင်များမှာ လုပ်ငန်းအဆင်ပြေလျက်ရှိ ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ထိုင်းနိုင်ငံမှ ဆေးဝန်ထမ်းအဖွဲ့ရောက်ရှိ

ရန်ကုန် ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိ ရေဘေးသင့်ပြည်သူများကို ကျန်း မာရေးစောင့်ရှောက်မှုပေးရန် ထိုင်း နိုင်ငံမှ ဆေးဝန်ထမ်းအဖွဲ့သည် ဆေး ဘက်ဆိုင်ရာ ပစ္စည်းများနှင့်အတူ ထိုင်းဘုရင့်လေတပ်မတော်လေယာဉ် ဖြင့် ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ် တွင် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ် သို့ရောက်ရှိလာသည်။

ရေဘေးသင့် ပြည်သူများတွက် နိုင်ငံတကာ အဖွဲ့အစည်းများမှ အလှူငွေများ ဆက်သွယ်လှူဒါန်း

နေပြည်တော် ဩဂုတ် ၂၇
အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီသို့ နိုင်ငံ/ အဖွဲ့အစည်းများက ပြန်လည် ထူထောင်ရေး လုပ်ငန်း စဉ်များတွင် ပါဝင် ကူညီနိုင်ရေး ဆက်သွယ် ဆောင်ရွက်လျှက် ရှိရာ အဖွဲ့ဝင် (၂၅)ဦး ပါဝင်သည့် ထိုင်းတပ်မတော် ဆေးဝါး ကုသရေးအဖွဲ့သည် ဩဂုတ်(၂၇)ရက်မှ စက်တင်ဘာ (၄)ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ပြီး ဧရာဝတီ တိုင်းဒေသကြီး အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အသည်းရောင်အသားဝါ ဘီရောဂါ အနှစ်ချုပ် အပိုင်း(၇)

ပါမောက္ခခင်မောင်ဝင်း(အသည်း)
၂ဝ၁၅ ခုနှစ် မတ်လထုတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ ဘီရောဂါ ကာကွယ်စောင့်ရှောက်ရေးနဲ့ ဘီပိုးနာတာရှည်ပိုး သယ်ဆောင်သူများအား ကုသရေးလမ်းညွှန်စာအုပ်ကို မှီငြမ်းပြီး အသည်းရောင် အသားဝါဘီပိုး အကြောင်း ရေးနေပါတယ်။

နိုင်ငံတော် အနေဖြင့် ဂြိုဟ်တု နည်းပညာ ပိုင်ဆိုင်ရေး အတွက် ရေတိုရေရှည် စီမံကိန်းများ ချမှတ် ဆောင်ရွက်သွားရန်ရှိ

သတင်း-ကျော်သူထက်၊ မျိုးမြင့်
နိုင်ငံတစ်နိုင်ငံတွင် အာကာသ နည်းပညာ အသုံးပြုမှုနှင့် ဂြိုဟ်တု နည်းပညာ ပိုင်ဆိုင်မှုအတွက် ဆောင်ရွက်ရာတွင် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် အဓိက ရည်မှန်းချက်ထားပြီး ဆောင်ရွက် ရမည်ဖြစ်သည်။

ရေဘေးသင့် ပြည်သူများ အတွက် အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီသို့ အလှူငွေနှင့် ပစ္စည်းများ ပေးအပ် လှူဒါန်းလျက်ရှိ

နေပြည်တော် ဩဂုတ် ၂၇
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန၊ တိုင်းဒေသကြီး။ ပြည်နယ် ဦးစီးမှူးရုံးများသို့ လာရောက် လှူဒါန်းလျက်ရှိရာ ဩဂုတ် ၂၇ ရက်တွင် နေပြည်တော် (ရုံးချုပ်)၊ အလှူခံဌာန၌ မန်စီမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းနှင့်ဇနီး ဒေါ်ဝေဝေ (မိသားစု)က ငွေကျပ်သိန်း ၁ဝဝ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနရှိ ဝန်ထမ်းများက ငွေကျပ် ၅၁၁၉၁ဝဝနှင့် ဒေါ်စန်းစန်းဝင်း၊ သစ်တောဝင်း၊ မှော်ဘီက ငွေကျပ် ၁ဝဝဝဝဝ ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော် အလှူငွေစာရင်း အမှတ် (CF-002301)သို့ တိုက်ရိုက် ထည့်သွင်း လှူဒါန်းခဲ့ခြင်း အပါအဝင် စုစုပေါင်း မြန်မာငွေကျပ် ၁၅၂၁၉၁ဝဝ ကို အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီ၊ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်၊ အမျိုးသား သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်က လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။

ပထမအကြိမ် ပြည်သူ့ လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

နေပြည်တော် ဩဂုတ် ၂၇
ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၈၉ ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီတွင် ကျင်းပပြီး ဥပဒေကြမ်း ၅ ခုကို အတည်ပြုခြင်းနှင့် အသိပေးခြင်းတို့ကို ဆောင်ရွက်သည်။

ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်းအဝေး ၈၂ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ဩဂုတ် ၂၇
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၈၂ ရက်မြောက်နေ့ကိုယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပသည်။

ရေလွှမ်းမိုးမှု ခံရခဲ့သည့် ဒေသရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး

နေပြည်တော်  ဩဂုတ် ၂၇
ကျန်းမာရေး ဝန်ကြီးဌာနသည် ရေလွှမ်းမိုးမှု ခံခဲ့ရသည့် မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆေးနှင့်‌ ဆေးပစ္စည်းများ ထောက်ပံ့ ပို့ဆောင်ခြင်းနှင့်‌ ကူးစက်ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းနှင့် တုံ့ပြန် ဆောင်ရွက်ခြင်း၊ အရေးပေါ် တုံ့ပြန်မှု ဗဟိုဌာန ဖွင့်လှစ်၍ ကြီးကြပ် ဆောင်ရွက်ခြင်းတို့ကို  ဆောင်ရွက်လျက် ရှိသည်။

ဂျပန် အာကာသယာဉ်မှူး၏ အာကာသ အတွေ့အကြုံ ဟောပြောပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၂၇
ဂျပန်နိုင်ငံ၊ Association of Space Explorers ၏ အကြီးအမှူးနှင့် World Astronauts Congress ၏ ဥက္ကဋ္ဌဖြစ်သူ ဂျပန် အာကာသယာဉ်မှူး၊ Mr. Soichi Noguchi ၏ အာကာသ အတွေ့အကြုံ ဟောပြောပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၃)နာရီတွင် နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ ကျင်းပသည်။  

မြန်မာ့တပ်မတော် အနေဖြင့် နှစ်နိုင်ငံ တည်ငြိမ်ရေး အတွက် အမြဲတမ်း ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိ

နေပြည်တော် ဩဂုတ် ၂၇
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် 3th Thailand-Myanmar High Level Committee Meeting တက်ရောက်ရန် ယနေ့ နံနက် ၇ နာရီ ၃၅ မိနစ်တွင် မြန်မာ့ တပ်မတော် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ၁၀ နာရီတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစည်းအဝေး တက်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ

နေပြည်တော် ဩဂုတ် ၂၇
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် 3th Thailand –Myanmar High Level Committee Meeting တက်ရောက်ရန် အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လေဆိပ်မှ မြန်မာ့တပ်မတော် လေယာဉ်ဖြင့် ထွက်ခွာ သည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ဩဂုတ် ၂၇
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.GautamMukhopadhaya အား ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

အောင်လံမြို့နယ်တွင် နယ်မြေကွင်းဆင်း ဆေးကုသခြင်းလုပ်ငန်းဆောင်ရွက်


အောင်လံ သြဂုတ် ၂၇
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင်  နယ်မြေကွင်းဆင်း  ဆေးကုသခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ သြဂုတ်လ(၂၇)ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီမြစ်ရေ ၀င်ရောက်ခဲ့သော    နံဇူပင်နှင့် ပျဉ်းပေါက်ရွာတို့အတွက် ဆေးကုသခြင်းလုပ်ငန်းများကို နံဇူပင်/ပျဉ်းပေါက်ကျေးရွာ ရွာလည်ကျောင်းတွင်   ပြုလုပ် ဆောင်ရွက် ခဲ့သည်။

မိုးပွင့် အထူးစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်

မိုးကောင်း သြဂုတ် ၂၇

၂၀၁၅-နိုဝင်ဘာ ရွေးကောက်ပွဲအမီ မဲဆန္ဒပေးရန်အတွက် အသက်(၁၈)နှစ် ပြည့်မီလာသူများနှင့် ခရီးလွန်ကျန်ရှိနေသူများအား စိစစ်ရေး ကတ်ပြားပြုလုပ်ရန်အတွက် မိုးကောင်းမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက မိုးပွင့် အထူးစီမံချက်ကာလအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခွင့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် (၅၂/၂ဝ၁၅)
၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက်
(၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်)
နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခွင့်
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၈-၇-၂ဝ၁၅ ရက်စွဲပါ ကြေညာချက်အမှတ် (၂၈/၂ဝ၁၅) ဖြင့် လွှတ်တော် အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ် ကြောင်း သတ်မှတ်ကြေညာထားပြီး နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များကိုလည်း စိစစ်ခွင့်ပြုခဲ့သည်။

မနက်ဖြန်များအား မျှော်လင့်နေဆဲ ဆန်အခက်ကြုံ စေတုတ္တရာ


ဆောင်းပါး - မြတ်သန္တာမောင်၊ ဓာတ်ပုံ - အငယ်လေး
စေတုတ္တရာမြို့ရှိ ကျေးရွာပေါင်း ၃၄ ရွာသည် ရေလျှံမှု၏ နောက်ဆက်တွဲ အဖြစ် ဆန်အခက်အခဲကြုံတွေ့ နေရသည်ဟု ကယ်ဆယ်ရေးပစ္စည်း ဝေငှပေး လျက်ရှိသည့် စေတုတ္တရာမြို့သူတစ်ဦးက ပြောသည်။

ရေဘေးသင့်သော်လည်း ကြိုတင်ကာကွယ်ရေးအစီအမံများကြောင့် ပဲခူး၌ ထိခိုက်ပျက်စီးမှုနည်းပါး


ပဲခူး သြဂုတ် ၂၇
ဇူလိုင်လနှင့် သြဂုတ်လများအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခြင်းနှင့် လေပြင်း များ တိုက်ခတ်ခြင်းကြောင့် မြန်မာနိုင်ငံတစ်ဝန်း၌ ရေကြီးရေလျှံမှု များပေါ်ပေါက်ခဲ့ရာ ပဲခူးခရိုင်အတွင်းရှိ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်/ဒေသအချို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး အထူးသဖြင့် ကျောက်တံခါး၊ ညောင်လေးပင်၊ ရွှေကျင်၊ ဒိုက်ဦး၊ ဝေါ၊ သနပ်ပင်၊ ကဝ၊ ပဲခူးမြို့တို့တွင် ရေကြီးရေလျှံမှု ဖြစ်စဉ်များ ပိုမိုဖြစ်ပွား ခဲ့သည်။

Thursday, August 27, 2015

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် အဖွဲ့အစည်း၏ လက်ထောက် အတွင်းရေးမှူးချုပ်နှင့် အရေးပေါ် အခြေအနေ တုံ့ပြန်မှုဌာန၏ ညွှန်ကြားရေးမှူး မစ္စအီဇုမိ နာကာမိဆု ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် သြဂုတ် ၂၇
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် အဖွဲ့အစည်း၏ လက်ထောက် အတွင်းရေးမှူးချုပ်နှင့် အရေးပေါ် အခြေအနေ တုံ့ပြန်မှုဌာန၏ ညွှန်ကြားရေးမှူး မစ္စအီဇုမိ နာကာမိဆု ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူ အားလုံး ပါဝင်သော သုံးသပ် ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား



နေပြည်တော် သြဂုတ် ၂၇

လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူ အားလုံးပါဝင်သော သုံးသပ် ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II)၌ ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက် အမှာစကား ပြောကြားသည်။

ကန်ကြီးထောင့်နှင့် သာပေါင်းမြို့နယ်ရှိ ကျေးရွာများသို့ အလှူရှင်များလာရောက်လှူဒါန်း



ကန်ကြီးထောင့် သြဂုတ် ၂၅ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဒါးကမြစ်ရေမြင့်တက်လာမှုကြောင့် လူနေအိမ်များ ရေ၀င်နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။