ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့ ဒေသ
စံတော်ချိန် နံနက် ၉ နာရီတွင် မွန်ဂိုလီးယားနိုင်ငံအူလန်ဘာတာမြို့မှ အပြည်ပြည်ဆိုင်ရာ
မြန်မာလေကြောင်း အထူး လေယာဉ်ဖြင့်ထွက်ခွာရာ မွန်ဂိုလီးယားနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး
H.E. Mr.L. Purevsuren ၊မြန်မာ နိုင်ငံဆိုင်ရာ မွန်ဂိုလီးယား သံအမတ်ကြီး H.E. Mr.
Ch. Battumur ၊ မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ အာရှ-အရှေ့အလယ်ပိုင်းနှင့်
အာဖရိကဌာန ညွန်ကြားရေးမှူး Mr. N. Naranbat ၊ သံတမန်ရေးရာဌာန ညွန်ကြားရေးမှူးနှင့်
တာဝန်ရှိသူများက Chinggis Khan အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
Tuesday, June 30, 2015
ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ၆၅ ရက်မြောက်နေ့ ကျင်းပ
နေပြည်တော် -ဇွန် ၃၀
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက်
ပုံမှန်အစည်းအဝေး ၆၅ ရက်မြောက်နေ့ကို ယနေ့ နံနက်(၁၀)နာရီ တွင် ကျင်းပသည်။
၅၂ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမမြောက်နေ့အဖြစ် ဆက်လက်ကျင်းပ
(၅၂) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
သတ္တမမြောက်နေ့အဖြစ် ယနေ့နံနက်(၉)နာရီမှ စတင်၍ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌
ဆက်လက်ကျင်းပရာ ပြည်တွင်းပြည်ပရတနာ ကုန်သည် များက အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချမည့်
ကျောက်စိမ်းတွဲများကို ကြည့်ရှုပြီး တင်ဒါတင်သွင်း ကြသည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း စင်ကာပူ-မြန်မာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့တက်ရောက်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်း သည် ယနေ့ည (၇)နာရီတွင် နေပြည်တော်ရှိ LAKE GARDEN ဟိုတယ် ၊
The Living Room ခန်းမ၌ ကျင်းပသည့် စင်ကာပူ-မြန်မာ
နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့
တက်ရောက် သည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း စင်ကာပူသမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်း သည် စင်ကာပူသမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ် မစ္စတာ တိုချီဟန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ
(၅) နာရီခွဲတွင် နေပြည်တော်ရှိ LAKE GARDEN ဟိုတယ် ၊ ချင်းတွင်းခန်းမ၌ လက်ခံတွေ့ဆုံသည်။
တစ်နှစ်လျှင် တန်ချိန်တစ်သန်းထွက်ရှိမည့် ဘိလပ်မြေစက်ရုံ သီလဝါအထူးစီးပွားရေးဇုန်တွင် တည်ဆောက် မည်
သီလဝါ အထူးစီးပွားရေးဇုန်တွင် တစ်နှစ်လျှင်
တန်ချိန်တစ်သန်းထွက်ရှိမည့် ဘိလပ်မြေစက်ရုံ တည်ဆောက် နိုင်ရန်အတွက် Resource &
Environment Myanmar Ltd., အနေဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်မှုများကို ပြုလုပ်နေကြောင်း
အဆိုပါ ကုမ္ပဏီ၏ စီမံကိန်းမန်နေဂျာဦးဝင်းထက်ထံမှ သိရသည်။
မဲခေါင်မြစ်ဝှမ်းဒေသ တည်ငြိမ်အေးချမ်းရေး လေးနိုင်ငံ ဆွေးနွေးပွဲ ကျင်းပ
တာချီလိတ်
ဇွန် ၂၉
တတိယအကြိမ် မဲခေါင်မြစ်ဝှမ်းဒေသ ငြိမ်ဝပ်ပိပြားရေး
နှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ အဓိကပြဿနာများ ပူးပေါင်းစုံစမ်းလေ့ လာခြင်း လေးနိုင်ငံဆွေးနွေးပွဲကို
တာချီ လိတ်မြို့၌ ဇွန် ၂၅ ရက်က ကျင်းပခဲ့သည်။
တစ်မျိုးသားလုံး သတိပြုရမည့် သွေးလွန်တုပ်ကွေးရောဂါ
သွေးလွန်တုပ်ကွေးရောဂါသည် ကပ်ရောဂါ အသွင်ဖြင့်
မြန်မာနိုင်ငံ၌ ၁၉၇ဝ ပြည့်နှစ်က ရန်ကုန်မြို့၌ စတင် ဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်များသို့ ကူးစက်ပျံ့နှံ ခဲ့ကြောင်း သိရသည်။
သာတူညီမျှ သမ၀ါယမ
ဆောင်းပါး
လူ့ဘောင်အဖွဲ့အစည်း၏ အခြေခံစီးပွားရေးပြဿနာမှာ
မြေယာ၊ လုပ်အား၊ အရင်းအနှီးဟူသည့် ကုန်ထုတ် အင်အားစု (Factors of Production) ရှားပါးမှုဖြစ်သည်။
နိုင်ငံတိုင်းတွင် အကန့်အသတ်ဖြင့်သာရှိသော ထိုအင်အားစုများကို အကျိုးရှိထိရောက်စွာ
အသုံးချနိုင်ရေးအတွက် မည်သည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို မည်မျှထုတ်လုပ်မည်၊ မည်သည့်ကုန်ထုတ်နည်းလမ်းများကို
အသုံးပြုမည်၊ မည်သူတို့အတွက် ထုတ်လုပ်မည် (တစ်နည်းအားဖြင့် မည်သို့ခွဲဝေအသုံးပြုမည်)
ဟူသည့် အချက်သုံးချက်ဖြင့် စဉ်းစားဆောင်ရွက်ကြသည်။ ၄င်းကို အင်အားစုခွဲဝေမှု ပြဿနာ
(Resource Allocation Problem) ဟု ခေါ်ကြသည်။ အဆိုပါ အင်အား စုခွဲဝေမှု ပြဿနာကို ပုံစံအမျိုးမျိုးဖြင့်
ဖြေရှင်းကာ အများစုပေါင်းဆောင်ရွက်ပြီး ပါဝင် ဆောင်ရွက်မှုအလျောက် အခွင့်အလမ်း သာတူညီမျှရှိသော
သမဝါယမပုံစံဖြင့် ဖြေရှင်းခဲ့ရာ အောင်မြင်မှု များရှိကြောင်း ကမ္ဘာ့သမိုင်း စာမျက်နှာများတွင်
တွေ့ရသည်။
ဒီမိုကရေစီဖော်ဆောင်ရေးနှင့် လူမှုစီးပွားပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများတွင် ဆက်လက် အားပေး ထောက်ပံ့ သွားရန်အသင့်ရှိ
အူလန်ဘာတာ
ဇွန် ၂၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံတို့အကြား
ပူးတွဲကြေညာချက် တစ်ရပ်ကို ဇွန် ၂၉ ရက်တွင် အူလန်ဘာတာမြို့၌ ထုတ်ပြန်ခဲ့သည်။
Monday, June 29, 2015
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ Angkor Wat ယဉ်ကျေးမှု နယ်မြေအတွင်း သွားရောက်ကြည့်ရှုလေ့လာ
နေပြည်တော်၊ ဇွန် - ၂၉
ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး
စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၈ ရက်
ဒေသစံတော်ချိန် နံနက် ၈ နာရီ Siem Reap မြို့ရှိ အန်ကောဝပ်ယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ကြည့်ရှုလေ့လာကြရာ
တာဝန်ရှိသူများက အန်ကောဝပ် ယဉ်ကျေးမှု နယ်မြေ အတွင်းရှိ Angkor Wat Temple ၊ Taprom
Temple နှင့် Bayon Temple တို့၏ နောက်ခံသမိုင်းကြောင်း၊ ဘုရားကျောင်းဆောက်လုပ်မှုအခြေအနေ၊
လက်ရှိယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှု ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ရေရှည်တည်တံ့ရေး ထိန်းသိမ်းမှု
အခြေအနေများအား ဘုရားကျောင်းဆောင် တစ်ခုချင်းအလိုက် ရှင်းလင်းပြခဲ့ကြပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဌာနမှ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H.E.Mr. Sun Guoxiang အား လက်ခံတွေ့ဆုံ
နေပြည်တော်၊ဇွန်-၂၉
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်
တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဌာနမှ မြန်မာနိုင်ငံဆိုင်ရာ
အထူးကိုယ်စားလှယ် H.E.Mr. Sun Guoxiang အား ယနေ့နံနက် ၁၀ နာရီတွင် ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌
လက်ခံတွေ့ဆုံသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများနှင့် တွေဆုံ
နေပြည်တော် ဇွန် ၂၉
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်
ဇွန် ၂၇ ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး ချောင်းဦးမြို့ရှိ အနော်ရထာခန်းမ၌
ဒေသခံပြည်သူများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ
နေပြည်တော် ဇွန် ၂၉
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်
ဇွန် ၂၈ရက်နံနက်ပိုင်းတွင် မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အဆောက်အအုံ
Banquest Hall ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား
နေပြည်တော် ဇွန် ၂၉
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ
ဦးဉာဏ်ထွန်းသည် ယနေ့ နံနက် (၈)နာရီတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့
ရောက်ရှိပြီး ၀န်ကြီးရုံးအတွင်း ခင်းကျင်းပြသထားသည့် မျိုးကောင်းမျိုးသန့် မျိုးစေ့အမယ်စုံပြခန်း၊
လယ်ယာထွက်ကုန်တန်ဖိုးမြင့် ကုန်ချောပစ္စည်းပြခန်း၊ ပုလဲသွယ် (၃)မျိုးစေ့ပြခန်းနှင့်
သက်တမ်းရက်(၂၀)အတွင်း စိုက်ပျိုးရန် အသင့်ဖြစ်နေသည့် ပုလဲသွယ်စပ်မျိုးစပါး ပျိုးခင်းနမူနာ
ပုံစံများအား ကြည့်ရှုစစ်ဆေးသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် Mini Naadam ပွဲတော် ကြည့်ရှုအားပေး
အူလန်ဘာတာ - ဇွန် ၂၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နှင့် အဖွဲ့သည် မွန်ဂိုလီးယားသမ္မတ အယ်လ်ဘတ်ခ်ဒေါ့ဂ်ျ ဇတ်ခ်ဟီးလ်ယာဒ် နှင့်
အဖွဲ့ဝင် များနှင့် အတူ ယနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် Chinggisyn Khuree ၌ ကျင်းပသည့်
Mini Naadam ပွဲတော်ကို သွားရောက်ကြည့်ရှုအားပေးကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် မွန်ဂိုလီးယားလွှတ်တော်ဥက္ကဋ္ဌ ၊ မွန်ဂိုလီးယားဝန်ကြီးချုပ်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေး
အူလန်ဘာတာ - ဇွန် ၂၉
မွန်ဂိုလီးယားနိုင်ငံ၌ ရောက်ရှိနေသော
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် မွန်ဂိုလီးယားနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Mr. Z .
ENKHBOLD တို့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် အူလန်ဘာတာမြို့ရှိ State Palace ၌ တွေ့ဆုံကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား မွန်ဂိုလီးယားသမ္မတ က ဂုဏ်ပြုကြိုဆို
အူလန်ဘာတာ - ဇွန် ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်အား မွန်ဂိုလီးယားနိုင်ငံ သမ္မတ အယ်လ်ဘတ်ခ်ဒေါ့ဂ်ျ ဇတ်ခ်ဟီးလ်ယာဒ် က ဂုဏ်ပြုကြိုဆို
သည့် အခမ်းအနားကို ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် အူလန် ဘာတာမြို့ရှိ
Chiggis ရင်ပြင်၌ ကျင်းပသည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်းများ၏ Mobile Radio သတင်းအစီအစဉ်ကို တိုင်းရင်းသားဘာသာ (၁၁) မျိုးဖြင့် ထုတ်လွှင့်မည်
နေပြည်တော် ဇွန် ၂၈
ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့်
ရုပ်မြင်သံကြားနှင့် Blue Ocean Operating Management Company Limited တို့ ပူးပေါင်း၍
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းများကို Mobile Phone များတွင် အလွယ်တကူ နားဆင်နိုင်ရန်အတွက်
Mobile Radio အစီအစဉ်ကို ၂၀၁၅ ခုနှစ် မေလ ၁၅
ရက်နေ့တွင် စတင်ကာ နေ့စဉ် နံနက် ၈ နာရီ၊ မွန်းလွဲ ၁ နာရီ၊ ည ၇ နာရီတို့တွင် တစ်နေ့(၃)ကြိမ်စီ
ထုတ်လွှင့်လျက်ရှိသည်။
Sunday, June 28, 2015
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
နေပြည်တော် ဇွန် ၂၈
သစ်ပင်များကို စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်းနှင့်
ပြန်လည်ရှင်သန်အောင် လုပ်ဆောင်ခြင်းသည် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ရှိနေကြောင်း၊
ယခုသစ်ပင် စိုက်ပျိုးပွဲသည် ယခုနှစ် မိုးရာသီ သစ်ပင် စိုက်ပျိုးရေးအတွက် တပ်လှန့်နှိုးဆော်ခြင်းပင်
ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်(၇)နာရီတွင်
နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းဆည်အနီး၌ ကျင်းပသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား၌
ပြောကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းစစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနား သို့ တက်ရောက်ချီးမြှင့် အမှာစကား ပြောကြား
မုံရွာ ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံသစ်
ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီတွင် စစ်ကိုင်းတိုင်း ဒေသကြီးမုံရွာမြို့ လွှတ်တော်
အဆောက် အအုံရှေ့၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်ချီးမြှင့်၍
လွှတ်တော် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး သည်။
ဒုတိယသမ္မတ ဦးဉာဏ်ထွန်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု တစ်နေ့တန် (၂၂၀)ကျ ခေတ်မီဆာတာကေးဆန်စက်ဖွင့်
နေပြည်တော် ဇွန် ၂၈
လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု တစ်နေ့တန် (၂၂၀) ကျ ခေတ်မီဆာတာကေး ဆန်စက်ဖွင့်ပွဲ
အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် နေပြည် တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့နယ်
မယ်ဇလီကုန်း ကျေးရွာ၌ ကျင်းပရာ တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်
တင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း
တက်ရောက်ဖွင့်လှစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့ မွန်ဂိုလီးယားနိုင်ငံသို့ ရောက်ရှိ
အူလန်ဘာတာ - ဇွန် ၂၈
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်သည် မွန်ဂိုးလီးယားနိုင်ငံ သမ္မတ အယ်လ်ဘတ်ခ်ဒေါ့ဂ်ျ ဇတ်ခ်ဟီးလ်ယာဒ်၏
ဖိတ်ကြားချက် အရ မွန်ဂိုလီးယား နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးသွား ရောက်ရန်
အဖွဲ့ဝင်များနှင့် အတူ ယနေ့ မွန်းတည့် ၁၂ နာရီက နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး
မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများ က နေပြည်တော် လေဆိပ်၌ ပို့ဆောင်နှုတ်
ဆက်ကြသည်။
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲ (အခြေခံပညာကဏ္ဍ)ကျင်းပ
နေပြည်တော် ဇွန် ၂၈
ပညာရေးမူဝါဒ၊ ပညာရေးဥပဒေများနှင့် ပညာရေး
စီမံကိန်းများ စဉ်ဆက်မပြတ် အကောင် အထည်ဖော် ဆောင် ရွက် နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး
မကွေးခရိုင် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲ (အခြေခံ ပညာကဏ္ဍ)ကို ယနေ့နံနက်
၉နာရီတွင် မကွေးမြို့နယ် အမှတ် ၄ အခြေခံပညာ အထက်တန်းကျောင်း စုဝေးခန်းမ၌ ကျင်းပသည်။
၅၂ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမမြောက်နေ့ အဖြစ် ဆက်လက်ကျင်းပ
နေပြည်တော်
ဇွန် ၂၈
၅၂
ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
ပဉ္စမမြောက်နေ့အဖြစ် ယနေ့နံနက်(၉)နာရီမှ စတင်၍ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ
ပြည်တွင်းပြည်ပရတနာ ကုန်သည်များက အိတ်ဖွင့်တင်ဒါ စနစ်ဖြင့်ရောင်းချမည့် ကျောက်စိမ်းတွဲများကို
ကြည့်ရှုပြီး တင်ဒါတင်သွင်း ကြသည်။
ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက် အမှာစကားပြောကြား
ရန်ကုန်
ဇွန် ၂၇
ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်
လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး
(အနောက်ပိုင်း) ဇီးကုန်းမြို့နယ် မြို့တော်ခန်းမ၌ ကျင်းပ ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်
ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက် အမှာစကား ပြောကြားသည်။
မြန်မာ-ကမ္ဘောဒီးယားတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေး ဆက်လက်မြှင့်တင်ဆောင်ရွက်
နေပြည်တော်
ဇွန် ၂၇
ကမ္ဘောဒီးယားနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး
စိုးဝင်းအား ကမ္ဘောဒီးယားတပ်မတော် ဒုတိယ စစ်ဦးစီးချုပ်နှင့် ကြည်းတပ် ဦးစီးချုပ်
General Meas Sophea က ဂုဏ်ပြုကြိုဆိုသည့်အခမ်းအနားကို ဇွန် ၂၆ ရက် ဒေသစံတော်ချိန်
မွန်းလွဲ ၁ နာရီ ၁ဝ မိနစ်တွင် ကမ္ဘောဒီးယား တပ်မတော် ကြည်းတပ်ဦးစီးချုပ်ရုံး၌ ကျင်းပသည်။
မူလတန်းကျောင်းသားကျောင်းသူများ နွားနို့နှင့်အာဟာရ တိုက်ကျွေး
မြင်းမူ
ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့
အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း ၌ ကျောင်းသားကျောင်းသူများ ကျန်းမာဖွံ့ဖြိုးပြီး
ဥာဏ်ရည်တိုးတက်စေရန် အတွက် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် အပတ်စဉ် အာဟာရ တိုက်ကျွေး
လျက်ရှိ ရာ ဇွန် ၂၅ ရက်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းမြင့် မိသားစုက
ကျောင်းသားကျောင်းသူ ၂၃၇ ဦးအား နွားနို့ နှင့်ပေါင်မုန့်များ တိုက်ကျွေးခဲ့သည်။
ရတနာရွှေကြာ၊ လည်မှာဆွဲလို့ ပဒုမ္မာခြုံလွှာ၊ ရုံကာဝတ်ရအောင်
မေသံလွင်
ကျွန်မတို့ငယ်ငယ် ကလေးဘဝအရွယ်က ဆရာကြီးမင်းသုဝဏ်ရဲ့ကဗျာလေးတွေနဲ့
ကြီးပြင်းခဲ့ရပြီး ဆရာကြီးရဲ့ ''ကြာဆစ်ကြိုး'' ကဗျာလေးက ရင်ထဲမှာစွဲငြိခဲ့ဖူးပါတယ်။
မြေလတ်ဒေသမှာ ရှားရှားပါးပါးရှိလှတဲ့ ကြာပန်း၊ ကြာဖူး လေးတွေတွေ့ ရင် ပျော်မဆုံးဖြစ်ကြရပါတယ်။
''ကြာရိုး၊ ကြာစွယ်၊ ဘယ်ညာဆစ်လို့၊ ရွှေကြာ ဆစ်ကြိုးဆွဲပါမယ်'' လို့ ပါးစပ်ကလည်းဆိုရင်း
နိုင်ငံတစ်ဝန်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပွား
နေပြည်တော်
ဇွန် ၂၇
နိုင်ငံတစ်ဝန်းရှိဒေသအချို့တွင် ဇွန်
၂၄ ရက်ကစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် လူနေ အိမ်များ၊ စာသင်ကျောင်းများနှင့်
အဝေးပြေးကားလမ်းများ ရေကြီးရေလျှံခြင်းနှင့် ရေကျော်ခြင်းတို့ ဖြစ်ပေါ် လျက်ရှိသည်။
ယနေ့ (ဇွန် ၂၇ ရက်) မိုးလေဝသခန့်မှန်းချက်တွင် မန္တလေး တိုင်းဒေသကြီး၌ နေရာကျဲကျဲ၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊
မောင်တောမြို့နယ်ရှိ ဒေသခံတိုင်းရင်းသားများကို ဆန်အိတ်များ ထောက်ပံ့
မောင်တော
ဇွန် ၂၇
ရခိုင်ပြည်နယ် မောင်တောမြို့ ၌ ဒေသခံ
ရခိုင်တိုင်းရင်းသားများ အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အလှူရှင် များဖြစ်သော ရန်ကုန်၊
စစ်တွေ၊ မောင်တော၊ အမေရိကန်တို့မှ အလှူရှင်များလှူဒါန်းသည့် ဆန် အိတ် ၂ဝဝဝ အား ပေးအပ်လှူဒါန်း
ခြင်းကို ဇွန် ၂၅ ရက်က မောင်တောမြို့ ဗဟိုကျောင်းတိုက်၌ ကျင်းပခဲ့ ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် Green Area များတိုးချဲ့သွားမည်
ရန်ကုန်
ဇွန် ၂၇
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး နယ်နိမိတ်အတွင်း
စိမ်းလန်း စိုပြည်ပြီး သာယာလှစေရန် ဆောင် ရွက်လျက် ရှိရာ၂ဝ၁၅-၂ဝ၁၆ မိုးရာသီ သစ်ပင် စိုက်ပျိုးခြင်း
လုပ်ငန်းများကို လာမည့် ဇူလိုင်လ ပထမပတ်မှ စတင် ဆောင်ရွက်ပြီးGreen Area များ တိုးချဲ့သွားမည်ဖြစ်ကြောင်း
ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာနမှ သိရသည်။
မိတ္ထီလာ(မြောက်)ကန် ပြန် လည်တူးဖော် ရာမှ တွေ့ရှိသည့် ဗုံးအား ဖောက်ခွဲဖျက်ဆီး
မိတ္ထီလာ
ဇွန် ၂၇
မိတ္ထီလာ(မြောက်)ကန် ပြန် လည်တူးဖော်ရာမှ
ဇွန်၂၃ ရက် ညနေ ၆ နာရီခွဲက တွေ့ရှိသည့် ငါးလုံး မြောက်ဗုံးကို ဇွန် ၂၇ ရက် မွန်းလွဲ
၁ နာရီက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
မသင်္ကာယာဉ်ပေါ်မှ လက်နက်/ ခဲယမ်းနှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
မန္တလေး
ဇွန် ၂၇
စဥ့်ကူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်
များနှင့် ပူးပေါင်းအဖွဲ့သည် ဇွန် ၂၆ ရက် ည ၉ နာခွဲတွင် စဥ့်ကူး-ရွှေဘို ကားလမ်း မိုင်တိုင်အမှတ်(၁/ဝ-၁)ကြား
သီလရွာထိပ်၌ သတင်းအရ ရှာဖွေမှုပြုလုပ်စဉ် စဥ့်ကူးဘက်မှ ရွှေဘို ဘက်သို့ ယာဉ်မောင်း အောင်ကျော်မိုး
မောင်းနှင်လာသော YGN 7I/---- Toyota Land
သဘာဝအလှရှုခင်းများဖြင့် ပုံဖော်ထားသည့် 'ရင်တွင်းရေးပြဿနာများ' ဇာတ်ကား ပြင်ဦးလွင်၌ ရိုက်ကူး
မန္တလေး
ဇွန် ၂၇
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသသွားရန်
ဇာတ်လမ်းတွဲ အဖြစ် စီစဉ်ရိုက်ကူးလျက်ရှိသည့် ''ရင်တွင်းရေးပြဿနာများ''ဇာတ်ကား ဇာတ်ဝင်ခန်းများကို
ဇွန်လ တတိယ ပတ်အတွင်းက ပြင်ဦးလွင်မြို့နယ် အင်းလျားကျေးရွာ၊ သင်္ဂတုံကျေးရွာများ အနီးတစ်ဝိုက်တွင်
ရိုက်ကူးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ရုပ်သံဇာတ်လမ်းတွဲကို မြန်မာ့အသံနှင့်
ရုပ်မြင်သံကြားနှင့် အတူ ဇာဂနာ (ခ
ရုပ်မြင်သံကြားနှင့် အက်ဖ်အမ်ရေဒီယိုအသံလွှင့်ဌာနများ ကျင့်ဝတ် ချိုးဖောက် ပါက လုပ်ငန်း ပိတ်သိမ်း သည်အထိ အရေးယူဆောင်ရွက်မည်ဟု သတိပေး
နေပြည်တော်-
ဇွန် ၂၇
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းလုပ်ငန်းဆိုင်ရာ
လိုက်နာရမည့် ကျင့်ဝတ်များ (Code of Ethics)နှင့် ရွေးကောက်ပွဲဆိုင်ရာ လိုက်နာရမည့်
ကျင့်ဝတ်များ ရှင်းလင်းဆွေး နွေးခြင်းနှင့် အတည်ပြုခြင်းကို ယနေ့နံနက် (၁၀) နာရီက နေပြည်တော် ရှိ
ပြန်ကြားရေး ၀န်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှု အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်
နေပြည်တော်
ဇွန် ၂၇
မြန်မာနိုင်ငံသည် လွတ်လပ်စွာကုန်သွယ်မှု
သဘောတူညီချက်ကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ တရုတ်၊ သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊
ကနေဒါ၊ ဂျပန်၊ ကိုရီးယား စသည့်နိုင်ငံများနှင့် သဘော တူညီမှု ရရှိ ထားသည်။
မန္တလေးမြို့ရှိ စိတ္တရမဟီ ဝန်ထမ်းအိမ်ရာ နေထိုင်ခွင့် ရသူများအား အိမ်ခန်းသော့ ပေးအပ်ခြင်း အခမ်းအနား ကျင်းပ
မန္တလေးမြို့ချမ်းအေးသာစံမြို့နယ်ရှိ စိတ္တရမဟီ
ဝန်ထမ်းအိမ်ရာ တွင် နေထိုင်ခွင့် ရသူများအား အိမ်ခန်း သော့ပေး အပ်ခြင်း အခမ်းအနားကိုဇွန်
၂၆ ရက်က ၂၆x ၂၇လမ်းနှင့် ၇၃x၇၄ ကြားရှိအဆိုပါအိမ်ရာတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။
Saturday, June 27, 2015
ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ပြင်ဆင်ခြင်း (ဆောင်းပါး)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ရှုထောင့် အမျိုးမျိုးမှ သုံးသပ်ရေးသားသည့် ဆောင်းပါးများအနက်
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ အများပြည်သူဝန်ဆောင်မှု မီဒီယာဆိုင်ရာစံနှုန်းများနှင့်ကိုက်ညီသော
ဆောင်းပါးများကို ရွေးချယ်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတ၏ပညာရေးအကြံပေးအဖွဲ့ အဖွဲ့ဝင်ခန့်အပ်တာဝန်ပေးအပ်ခြင်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
(အမိန့်ကြော်ငြာစာအမှတ်၊ ၅၉/၂၀၁၅)
၁၃၇၇ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၀ ရက်
(၂၀၁၅)ခုနှစ် ဇွန်လ ၂၆ ရက်)
နိုင်ငံတော်သမ္မတ၏ပညာရေးအကြံပေးအဖွဲ့ အဖွဲ့ဝင်ခန့်အပ်တာဝန်ပေးအပ်ခြင်း
ပြည်ထောင်စုအစိုးရအဖွဲ့၏ ၁၈-၆-၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၀/၂၀၁၄)ဖြင့်
ဖွဲ့စည်းခန့်အပ် တာဝန်ပေးအပ်ထားသော နိုင်ငံတော်သမ္မတ၏ ပညာရေးအကြံပေးအဖွဲ့တွင် ဒေါက်တာသန်းဦးအား
အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။
အမိန့်အရ
ဇော်သန်းသင်း
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နယ်မြေ တစ်ခုလုံး ၀ိုင်ဖိုင်ရရှိအောင် ဆောင်ရွက်မည်
ရန်ကုန် ဇွန် ၂၆
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ တက္ကသိုလ်နယ်မြေ တစ်ခုလုံးတွင် ဝိုင်ဖိုင်ရရှိအသုံးပြုနိုင်ရန်
ယခု ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း နှင့် e-Libraryစနစ်ကိုလည်း
တပ်ဆင်ရန်ပြင်ဆင်လျက် ရှိကြောင်း သိရသည်။
''ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ e-Government လုပ်ငန်း အကောင်အထည်ဖော်ရေးအတွက် နိုင်ငံတော်က
ကျပ် သိန်း ၂ဝဝ ထောက်ပံ့ခဲ့ပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို အကူအညီတောင်းခံရာမှာ
အရှေ့ပိုင်း တက္ကသိုလ်က အနည်းငယ်လှမ်းတဲ့အတွက် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ကေဘယ်ဝါယာတပ်မှသာလျှင်
ဝိုင်ဖိုင်အဆင်ပြေနိုင်မယ်ဆိုတဲ့ အကြံပြုချက်ရရှိတဲ့အတွက် ဖိုင်ဘာကေဘယ်တပ်ဖို့ ဦးစွာဆောင်ရွက်ခဲ့ပါတယ်။
ပြီးခဲ့ တဲ့ ဘဏ္ဍာရေးနှစ်က ခွင့်ပြုထားတဲ့ အသုံးစရိတ်နဲ့ အရှေ့ ပိုင်းတက္ကသိုလ်မှာ ကေဘယ်တပ်ဆင်ခြင်းနဲ့
ဆာဗာ တပ်ဆင်ခြင်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်''ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ပါမောက္ခချုပ်
ဒေါက်တာ ကျော်ကျော်ခေါင်က ပြောသည်။
ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ရွေးကောက်ပွဲနှင့် သက်ဆိုင်သူအားလုံး လိုက်နာကြရမည်
ရန်ကုန် ဇွန် ၂၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဆွစ်ဇာလန်သံရုံးတို့ပူးပေါင်း၍ နိုင်ငံရေးပါတီများနှင့်
လွှတ်တော် ကိုယ်စားလှယ်လောင်း များအတွက် ကျင့်ဝတ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို
ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ယနေ့နံနက် ၁ဝ နာရီတွင်ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
ဦးတင်အေး နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ လွှတ်တော်ရေးရာကော်မတီများ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး
ကော်မရှင်၊ နိုင်ငံရေးပါတီများ၊ ကျင့်ဝတ်ရေးဆွဲရေးအထောက်အကူပြု လုပ်ငန်းကော်မတီ၊ နိုင်ငံတကာသံရုံးများ၊
နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် မီဒီယာအဖွဲ့များမှ တာဝန်ရှိသူ
၁၆၁ ဦး တက်ရောက်ခဲ့ကြသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုကို ပုံဖော်သည့်ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲဖြင့် မြန်မာအမျိုးသမီးများ၏အလှကို ဖော်ထုတ်မည်
ရန်ကုန်
ဇွန် ၂၆
နုနယ်ပျိုမျစ်သည့် အမျိုးသမီးငယ်လေးများ
စင်မြင့်ထက်တွင် နေရာယူ သည့်အခါ လာရောက်ကြည့်ရှု သူများထံမှ လက်ခုပ်သံ များ မြည်ဟိန်းထွက်
ပေါ်လာသည်။ မြန်မာတို့၏ ယဉ်ကျေးမှုနှင့် ဝတ်စားဆင်ယင်မှု သမိုင်းသည် အလွန်အဆင့်အတန်း မြင့်မားခဲ့ သည့်နည်းတူ
သစ်လွင်ဆန်းသစ်သည့် မြန်မာ့တိုင်းရင်းသား ရိုးရာ ဝတ်ဆင်မှုများသည် လာရောက်ကြည့်ရှုသူများ၏
ရင်ကိုအေးမြစေသည်။
ရထားစက်ခေါင်းသစ် ၃၁ ခု ထပ်မံဖြည့်တင်းမည်
ရန်ကုန် ဇွန် ၂၆
ရထားစီးခရီးသည်များ သွားလာရေးလွယ်ကူချောမွေ့စေရန်အတွက် မီးရထားစက်ခေါင်းသစ် ၃၁
ခုကို ယခုဘဏ္ဍာနှစ်အတွင်း ဝယ်ယူဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ တာဝန်ရှိသူတစ်ဦးထံမှ
သိရသည်။
''ဒီနှစ်ထဲမှာ စက်ခေါင်းတွဲ ၃၁ လုံး ဝယ်ယူဖြည့်တင်းသွားဖို့ ရှိပါတယ်။ စက်ခေါင်းတွေကိုတော့
အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကနေ ဝယ်ယူသွားမှာ ပါ။ တရုတ်နိုင်ငံကနေ မှာယူထားတဲ့ စက်ခေါင်းတွဲတွေအနက်
၁၁ လုံးက တော့ အောက်တိုဘာလအတွင်း ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်'' ဟု မြန်မာ့မီးရထားမှ
တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယဉ်ကျေးမှု တာဝန်ကျေပွန်သူများအား ဂုဏ်ပြုချီးမြှင့်
ရန်ကုန်
ဇွန် ၂၆
ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့်
အမျိုးသား ပြတိုက်ဦးစီးဌာနက ယဉ်ကျေးမှု တာဝန်ကျေပွန် ခဲ့သူများအား ဂုဏ်ပြု ချီးမြှင့်ခြင်းနှင့်
ဆင်ရွာမှ ကျောက်စာ၊ စောလူးမင်းကျောက်စာ၊ မြနဒီ ကျောက်စာ အပါအဝင် ရှေးဟောင်း ကျောက်စာများမှ
ပုဂံခေတ်မတိုင်မီ ကာလဆိုင်ရာ သုတေသနပြု တွေ့ရှိချက်များ ဆွေးနွေးပွဲ အခမ်းအနားကို ရန်ကုန်မြို့
ဗဟန်းမြို့နယ် ကမ္ဘောဇ ရိပ်သာ ချင်းချောင်းနန်းတော်၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။
ဆက်လက်ကျင်းပသွားမည့် ခရိုင်အဆင့် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲများ၌ အကြံဥာဏ် များ ပေးနိုင်
၂ဝ၁၅ ခုနှစ် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး
နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) ကို နေပြည် တော် အားကစားရွာ (Gold Camp) တွင် ဇွန်လ
၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် ကျင်းပခဲ့ပါသည်။
Friday, June 26, 2015
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကမ္ဘောဒီးယား နိုင်ငံသို့ ချစ်ကြည်ရေး ခရီးထွက်ခွာ
နေပြည်တော် ဇွန် ၂၆
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း
ဦးဆောင်သော မြန်မာ့ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် ကမ္ဘောဒီးယားတပ်မတော် ဒုတိယ စစ်ဦးစီးချုပ်နှင့်
ကြည်းတပ်ဦးစီးချုပ် General Meas Sophea ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့
ချစ်ကြည်ရေး ခရီးသွားရောက်ရန်အတွက် ယနေ့နံနက် ၇ နာရီတွင် နေပြည်တော် လေဆိပ်မှ လေကြောင်းခရီးဖြင့်
ထွက်ခွာကြသည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား တက်ရောက်
နေပြည်တော် -ဇွန် ၂၆
''မူးယစ်ကင်းစင် ဒို့ဘ၀အသွင် အစဉ်ဖွံ့ဖြိုး ကြိုးပမ်းစို့'' ဆောင်ပုဒ်ဖြင့် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ
ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း
တက်ရောက်၍ အမှာစကား ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ အကြံပေး နာယက (၁) ဒေါက်တာသန်းဦးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်
နေပြည်တော် ဇွန် ၂၆
ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီ အကြံပေး နာယက(၁) ဒေါက်တာသန်းဦးအား
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ်ချီးမြှင့်ခြင်း
အခမ်းအနား ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ခန်းမဆောင်၌ကျင်းပရာ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ ဂုဏ်ထူးဆောင်လက်မှတ်ချီးမြှင့်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အာဆီယံနှင့် အရှေ့အာရှစီးပွားရေး သုတေသနဌာန (ERIA) ဥက္ကဋ္ဌ ပါမောက္ခ ဟီဒဲ တိုရှိ နီရှိမူရ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော်- ဇွန် ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အာဆီယံနှင့်
အရှေ့အာရှ စီးပွားရေး သုတေသနဌာန (ERIA)ဥက္ကဋ္ဌ ပါမောက္ခ ဟီဒဲ တိုရှိ နီရှိမူရ ဦးဆောင်သည့်
ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား လျှို့ဝှက်ဆန္ဒမဲပေး ဆုံးဖြတ်မှု ရာခိုင်နှုန်းတွက်ချက်မှု ပြင်ဆင်ဖော်ပြခြင်း
နေပြည်တော် ဇွန် ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ
မူကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ လျှို့ဝှက်ဆန္ဒမဲပေး ဆုံးဖြတ်မှု အခြေအနေကို
ဇွန်လ ၂၆ ရက်ထုတ် မြန်မာ့အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar သတင်းစာများတွင်
ဇယား/ဂရပ်တို့ဖြင့် ဖော်ပြခဲ့ပါသည်။
ထိုသို့ဖော်ပြခဲ့ရာတွင် မဲပေးဆုံးဖြတ်မှု ရာခိုင်နှုန်းအား တက်ရောက်ဆန္ဒမဲပေးသည့်
လွှတ်တော်ကိုယ်စားလှယ် (၅၈၃) ဦးအပေါ် မူတည်၍ ထောက်ခံမဲနှင့် ကန့်ကွက်မဲ ရာခိုင်နှုန်း
များကို ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။
တောင်ကုတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပွား
တောင်ကုတ် ဇွန် ၂၆
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဇွန်လ ၂၄ ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်
မြို့ပေါ် (၄)ရပ်ကွက် အတွင်းသို့ တောင်ကုတ်ချောင်းမှ တောင်ကျချောင်းရေများ အဆက်မပြတ်
စီးဝင်လာမှုကြောင့် ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်ပြီး လူနေအိမ်အချို့နှင့်
မြို့တွင်းလမ်းမကြီးများတွင် ၃ ပေကျော်ခန့် ရေနစ်မြုပ်လျက်ရှိကြောင်းနှင့် အဆိုပါ ရေကြီးနစ်မြုပ်မှုကြောင့်
ဈေး၊ ကျောင်းများနှင့် ရုံးဌာနအချို့မှာ ပိတ်ထားရကြောင်း သတင်းရရှိသည်။
Subscribe to:
Posts (Atom)