Sunday, May 31, 2015

တတိယအကြိမ် အမျိုးသားသတင်းဆုချီးမြှင့်ပွဲကျင်းပ






ရန်ကုန် မေ ၃၁
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၏ တတိယ အကြိမ်မြောက် အမျိုးသားသတင်းဆု (National Press Award) ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ညနေ (၃) နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် မြရိပ်ညို ဟိုတယ်၌ ကျင်းပသည်။
ယနေ့ ကျင်းပသည့် တတိယအကြိမ် (၂၀၁၄-၂၀၁၅) အမျိုးသားသတင်းဆုချီးမြှင့်ပွဲတွင် သတင်း သူရဲကောင်းဆု၊ အကောင်းဆုံး သတင်းကာတွန်းဆု၊ အကောင်းဆုံး သတင်းဓာတ်ပုံဆုနှင့် အကောင်းဆုံး သတင်းရုပ်/သံဆု စုစုပေါင်း (၄) မျိုးကို ပေးအပ်ချီးမြှင့်ခဲ့သည်။

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာမည်

နေပြည်တော်  မေ   ၃၁
 ၂၀၁၅ ခုနှစ် မတ်လအတွင်းက ကျင်းပစစ်ဆေး ခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ဇွန်(၆)ရက် စနေနေ့ နံနက် (၆) နာရီအချိန်တွင် ထုတ်ပြန်ကြေညာ ပေးမည်ဖြစ်သည်။ အဆိုပါအောင်စာရင်း များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများ တွင် တစ်ချိန်တည်း ကပ်ထားကြေညာပေး မည်ဖြစ်ပြီး မြို့နယ်အလိုက် အောင်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် ကပ် ထားကြေညာ ပေး မည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာခရိုင် အလိုက် အောင်စာရင်းများကို ခရိုင် ပညာရေးမှူးရုံးများတွင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှတစ်ဆင့် မိန့်ခွန်းပြောကြားမည်



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှ တစ်ဆင့် ပြောကြားမည့် မိန့်ခွန်းအား မြန်မာ့အသံ၊ မန္တလေး FM ၊ ပဉ္စဝတီ FM ၊ ရွှေ FM ၊ ချယ်ရီ FM ၊ ပတ္တမြား FM ၊ FM ပုဂံ၊ သဇင်အသံလွှင့်ဌာနနှင့် Yangon City FM တို့မှ တို့မှ ၂၀၁၅ ခုနှစ် ၊ ဇွန်လ (၂) ရက်နှင့် (၃) ရက် နေ့တို့၌ နံနက် (၇) နာရီ၊ နေ့လည် (၁၁) နာရီ ၊ ညနေ (၆) နာရီ နှင့် ည (၈) နာရီတို့တွင် တစ်ရက် လျှင် (၄) ကြိမ်စီ ထုတ်လွှင့်သွားမည်ဖြစ်သည်။
အဆိုပါမိန့်ခွန်းအပြည့်အစုံကို ဇွန်လ (၂) ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြသွားမည်ဖြစ်သည်။

မြန်မာ -ဂျပန် စာတိုက်လုပ်ငန်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး





 နေပြည်တော်    မေ ၃၁
ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်း ပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည်  မေ(၂၆) ရက်တွင် ဂျပန်နိုင်ငံ၊ ပြည်တွင်းရေးရာ နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၌ မြန်မာ နှင့် ဂျပန် နှစ်နိုင်ငံအကြား စာတိုက် လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာအား နှစ်ဘက် ဝန်ကြီးများမှ လက်မှတ်ရေးထိုးကြသည်။ ကာမာကူရစာတိုက်နှင့် ကျိုတိုမြို့ရှိ ကင်းကကုချိစာတိုက်များတွင်

မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ


ကျိုင်းတုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်း မဲခေါင်စစ်ဆင်ရေး (၂)စီမံချက်အား ဆောင်ရွက်လျက်ရှိရာ မေ ၂၇ရက်က မူးယစ် တပ်ဖွဲ့စု (၂၈) ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များသည် ကျိုင်းတုံမြို့ရှောင်လမ်း ဟိုခိုက် ကျေးရွာအနီးတွင် တာချီလိတ် ဘက်မှ ဝမ်လုံကျေးရွာဘက်သို့ စိုင်းလုံဝမ်းမောင်းနှင်ပြီး ဟော်ရှိန် လိုက်ပါလာသည့် ယာဉ်အမှတ် 4F/---- TOYOTA CAMRY မော်တော်ယာဉ်ကိုရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၆၈ဝဝ သိမ်း ဆည်းရမိသဖြင့် စိုင်းလုံဝမ်း (၆ဝ)နှစ်နှင့် ဟော်ရှိန် (၅၃)နှစ်တို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

ကြို့ပင် ကျေးရွာ၌ အမျိုးသမီးအချင်းချင်း ဓားခုတ်မှုဖြစ်ပွား


အောင်လံ မေ ၃ဝ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် ကြို့ပင်ကျေးရွာတွင် ယမန်နေ့ ညနေ ၆ နာရီ ခွဲက အမျိုးသမီး အချင်းချင်း ဓားခုတ်မှု ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးရန် ဂျပန်ချေးငွေ ယန်းသန်းပေါင်း ၂၅၀၀၀ ကျော်သုံးမည်


ရန်ကုန် မေ ၃ဝ

ရန်ကုန်မြို့တော်တွင် လျှပ်စစ်ဓာတ်အား အပြည့် အဝ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ယခုဘဏ္ဍာနှစ် အတွင်း ဂျပန်နိုင်ငံမှ ချေးငွေယန်းသန်းပေါင်း ၂၅ဝဝဝကျော် ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ကုသရေး နှိုးဆော်ချက်

ကျန်းမာရေးဝန်ကြီးဌာန
ယခုအခါမြန်မာနိုင်ငံအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုမှာ နှစ်စဉ် တစ်သောင်းကျော်ခန့်ရှိပြီး ၆ဝခန့် သေဆုံးလျက်ရှိသည်။ သွေးလွန်တုပ်ကွေးရောဂါသည် ရေကြည်၊ ရေသန့်တွင် ပေါက်ပွားသော အေဒီးစ် (ခေါ်) ခြင်ကျား (ခြင်ပုန်း) ကိုက်ခံရခြင်းကြောင့် ကူးစက်ဖြစ်ပွားသောရောဂါဖြစ်ပြီး မြန်မာနိုင်ငံတွင် အသက်သုံးနှစ်မှ ရှစ်နှစ်အရွယ်တွင် ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး လူကြီးများတွင်လည်း ဖြစ်ပွားနိုင်သည်။ တော ရော မြို့ပါ ဖြစ်ပွားနိုင်သည်။

ဟိမဝန္တာတောင်တန်းကြီးအား လှုပ်သွားစေသည့် နိပေါ-ဂေါ်ခါးငလျင်ကြီး



လှလှအောင်(မြန်မာနိုင်ငံ ငလျင်ကော်မတီ)
ထုထည်ကြီးမား၍ မြင့်မားလှသောကမ္ဘာကျော် ဟိမဝန္တာတောင်တန်းကြီးအား လှုပ်ခါသွားသော ငလျင်မှာ ၂၅-၄-၂ဝ၁၅ ခုနှစ် ဒေသစံတော်ချိန် ၁၂း၄၁း၂၆ ခန့်တွင် နီပေါနိုင်ငံ ခတ္တမန္ဒူမြို့၏ အနောက်မြောက်ဘက် ၇၇ ကီလိုမီတာအကွာ မြောက်လတ္တီတွဒ် ၂၈ ဒသမ ၁၄၇ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၈၄ ဒသမ ၇ဝ၈ ဒီဂရီ၊ မြေအောက် အနက် ၁၅ ကီလိုမီတာကို ဗဟိုပြု၍ ငလျင်အင်အား

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၅ ခုနှစ် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်း အစည်းအဝေး၌ အမှာစကားပြောကြား


နေပြည်တော်၊ မေ- ၃၀
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစ၍ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းထိ တပ်မတော်အနေဖြင့် မှတ်တမ်းတင် ထားသည့် တိုက်ပွဲကြီး ၁၅၅၇ ပွဲ ၊ တိုက်ပွဲငယ် ၁၆၅၇၁ ပွဲ ရှိခဲ့ပါကြောင်း၊ ယင်းတိုက်ပွဲ ကြီးငယ်များစွာ တွင် ထောင်သောင်းမကသော တပ်မတော်သားများ၏ အသက်သွေးချွေးများ ပေးဆပ်ခဲ့ရပါကြောင်း၊

မြန်မာယူ-၂၀ အသင်း ပွဲဦးထွက် ရှုံးသော်လည်း ကမ္ဘာ့အဆင့်မီသည့် ခြေစွမ်းပြသနိုင်ခဲ့


ဟန်ဂရေး မေ ၃ဝ
၂ဝ၁၅ ဖီဖာ ယူ-၂ဝ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုပထမနေ့ပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစ၍ နယူးဇီလန်နိုင်ငံ၌ စတင် ကျင်းပရာ မြန်မာယူ-၂ဝ အသင်းသည် အမေရိကန် ယူ-၂ဝ အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ပြီး ပွဲဦးထွက်ရှုံးပွဲကြုံတွေ့ခဲ့သည်။

ဒုက္ခသည်အများစု မြန်မာနိုင်ငံကမဟုတ် အိမ်နီးချင်းနိုင်ငံကသာဖြစ်ကြောင်း ထင်ထင်ရှားရှားဆွေးနွေးနိုင်၍ သူတို့ သဘောပေါက်သွားကြပြီ


အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ အိန္ဒိယသမုဒ္ဒရာအတွင်း တရားမဝင် ရွှေ့ပြောင်း သွားလာသူများဆိုင်ရာ အထူးအစည်းဝေးကို မေလ ၂၉ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက် မြို့၌ကျင်းပခဲ့ရာ အစည်းအဝေး တက်ရောက်ခဲ့ကြ သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့၏ ပြောကြား ချက်များကို ပြန်လည်ရေးသား တင်ပြလိုက်ရပါသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဧရာဝတီတိုင်းဒေသကြီး အတွင်း ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား ဘဝ မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား


နေပြည်တော်- မေ ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ဧရာဝတီ တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင် ရေး အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။

Saturday, May 30, 2015

" ရန်ကုန်တစ်ဖက်ကမ်း ဒလကလည်း နယူးရန်ကုန်ဖြစ်သွားမှာပါ " ရန်ကုန်-ဒလ ခေတ်မီကွန်ကရစ်ကြိုးဆိုင်းတံတားစီမံကိန်းအပေါ် ဒေသခံတို့၏ သဘောထားအမြင်များ




ရန်ကုန် မေ ၂၉

မေ ၂၂ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို ဆက် သွယ်ပေးမည့် ခေတ်မီကွန်ကရစ်ကြိုးဆိုင်းတံတား တည်ဆောက်ရန် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း ချေးယူခွင့်နှင့်စပ်လျဉ်း၍ ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က လွှတ်တော်၏ခွင့်ပြုချက်ရရှိရန် ရှင်းလင်းတင်ပြခဲ့သည်။

မေ ၂၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ် မြောက် ပုံမှန်အစည်းအဝေး ၅၁ ရက်မြောက်နေ့တွင် အဆိုပါ ချေးငွေ နှင့်စပ်လျဉ်း၍ လွှတ်တော်က အတည် ပြုခဲ့သည်။

ညောင်ရွှေတွင် ပစ္စည်းပျောက်ခဲ့သည့်ဧည့်သည် ပုဂံရောက်ရှိနေစဉ် ပြန်လည်ရှာဖွေပေးအပ်နိုင်ခဲ့



ညောင်ဦး မေ ၂၉
ပုဂံယဉ်ကျေးမှုဒေသတွင် အလည်အပတ် ရောက်ရှိနေသော ဆွစ်ဇာလန် နိုင်ငံသူနှစ်ဦး ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေ မြို့တွင် လည်ပတ် စဉ်က ပျောက်ဆုံးသွားခဲ့သော ခရီးဆောင်အိတ်အတွင်းမှ ကင်မရာ တစ်လုံးနှင့် ငွေအချို့ပြန် လည် တွေ့ရှိသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ရဲတပ်ဖွဲ့(ရှမ်း) က (ပုဂံ) အဖွဲ့နှင့် ချိတ်ဆက်၍ ပြန်လည်တွေ့ရှိ

ကော့သောင်း-ရနောင်း နှစ်နိုင်ငံနယ်စပ် လူကုန်ကူးမှုများ ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေးရုံး (BCATIP) အစည်းအဝေးကျင်းပ


ကော့သောင်း မေ ၂၉

မြန်မာနိုင်ငံ ကော့သောင်းမြို့ နှင့် ထိုင်းနိုင်ငံရနောင်းမြို့ နှစ်နိုင်ငံ နယ်စပ်လူကုန်ကူးမှုများ ပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေးရုံး (BCATIP) အစည်းအဝေးတစ်ရပ် ကို မေ ၂၆ ရက်က ထိုင်းနိုင်ငံ ရနောင်းမြို့ Heritage ConventionCenter ၌ ကျင်းပသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အစည်းအဝေး (၂/၂၀၁၅)ကျင်းပ


နေပြည်တော် မေ ၂၉

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ခန်းမ(၁)၌ ယနေ့မွန်းလွဲ ၁ နာရီခွဲက ကျင်းပသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟို အဖွဲ့ အတွင်းရေးမှူး အစည်းအဝေး (၂/၂ဝ၁၅) ကို ဗဟိုအဖွဲ့ အတွင်းရေး မှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်းဦးဆောင်၍ ကျင်းပ သည်။

ရန်ကုန်စာတိုက်ကြီးတွင် YHT ၏ ပဉ္စမမြောက် အပြာရောင်ကမ္ပည်းပြားတပ်ဆင်


ရန်ကုန် မေ ၂၉
ရန်ကုန်မြို့ကမ်းနားလမ်းနှင့် ဗိုလ်အောင်ကျော်လမ်း ထောင့်တွင်ရှိသော မြို့ပြအမွေအနှစ် အဆောက်အအုံ တစ်ခုဖြစ်သည့် ရန်ကုန်စာတိုက်ကြီးသည် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ၏ ရှေးဟောင်းအမွေ အနှစ်အဆောက်အအုံ များစာရင်းဝင် အဆောက်အအုံ တစ်လုံးအဖြစ် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ (YHT) က သတ်မှတ်ကာ အပြာရောင် ကမ္ပည်းပြားကို ယနေ့နံနက်ပိုင်းက တပ်ဆင်ခဲ့သည်။

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင်စည်းဝေး


နေပြည်တော် မေ ၂၉

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတ နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဖန်ဘင်မင်းတို့ ပူးတွဲဥက္ကဋ္ဌအဖြစ် ကျင်းပသည့် (၈)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ပူးတွဲကော်မရှင်အစည်းအဝေး ကို မေ ၂၉ ရက်တွင် နေပြည်တော်ရှိ လိတ်(ခ်) ဂါးဒင်းဟိုတယ်၌ ကျင်းပ သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ပြည်ထောင်စုလွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံ


နေပြည်တော် မေ ၂၉

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ပြည်ထောင်စုလွှတ်တော် အတွင်းရှိ နိုင်ငံရေးပါတီ အသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံသည်။

အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်နှင့်အဖွဲ့ ပိုလန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်



နေပြည်တော် မေ ၂၉

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံမှ လေကြောင်း ခရီးဖြင့် ပိုလန်နိုင်ငံ ဝါဆောမြို့သို့ မေ ၂၄ ရက် ညနေပိုင်းတွင် ရောက်ရှိ သည်။

Friday, May 29, 2015

မြန်မာကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း တရားမ၀င်ရွေ့ပြောင်းသွားလာသူများဆိုင်ရာ ဒေသတွင်း အစည်းအဝေးသို့ တက်ရောက်ဆွေးနွေး


ဘန်ကောက် မေ(၂၉)
ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် အိန္ဒိယသမုဒ္ဒရာ အတွင်း တရားမ၀င် ရွေ့ပြောင်း သွားလာ သူများဆိုင် ရာ ဒေသတွင်း အထူးအစည်းအဝေး ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ANANTARA ဟိုတယ်၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည် ဆိုင်ရာ အဖွဲ့ အစည်းများနှင့် စီးပွားရေးဦးစီး ဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထင်လင်း ခေါင်းဆောင်သော ကိုယ်စား လှယ်အဖွဲ့ တက်ရောက်ဆွေးနွေး ခဲ့သည်။

ကျေးလက်ဒေသမီးလင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဆောင်ရွက်


နေပြည်တော် မေ ၂၉ 
မေလ ၂၇ ရက်နေ့  နံနက်ပိုင်းတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်သည် စလင်းမြို့နယ် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊

အခြေခံစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ


နေပြည်တော် မေ ၂၈
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ စီမံကိန်း ရေးဆွဲရေးဦးစီးဌာန အခြေခံ စီမံကိန်း ရေးဆွဲခြင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၁၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

လူမှောင်ခိုတရားခံ ထိုင်းနိုင်ငံသား စက်လှေပိုင်ရှင်အား ဖမ်းဆီးရမိ



နေပြည်တော် မေ ၂၉
မေ ၂၁ ရက် ညနေ ၃ နာရီခွဲအချိန် ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာ အနောက် ဘက် မြန်မာ့ ရေပိုင်နက်အတွင်း ဘင်္ဂါလီလူမျိုး (၂၀၈)ဦးပါ လူမှောင်ခိုစက်လှေအား တပ်မတော်ရေယာဉ်မှ တွေ့ရှိ သဖြင့်

ဂန္တဝင် ရုပ်ရှင်ကား ၅၀ ကျော် ပြသမည့် အမှတ်တရ နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ် ပွဲတော်စတင်


ရန်ကုန်-မေ( ၂၉ )
ကမ္ဘာတစ်ဝန်းမှ ဂန္တဝင်ရုပ်ရှင်ကား ၅၀ ကျော်နှင့် မြန်မာ့ ဂန္တဝင်ဇာတ်ကား ၄ ကား ပါဝင်သည့် တတိယအကြိမ် အမှတ် တရ နိုင်ငံတကာရုပ်ရှင် အမွေအနှစ် ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ(၄)နာရီက ရန်ကုန်မြို့ရှိ နေပြည်တော် ရုပ်ရှင်ရုံတွင်  ကျင်းပသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

 နေပြည်တော် မေ ၂၉
၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင် ခံစာထုတ်ပြန်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက် အမှာစကား ပြောကြား သည်။

မြန်မာ့ပင်လယ်ပြင်တွင် လှေစီးဒုက္ခသည် ဘင်္ဂါလီ(၇၀၀)ကျော် ထပ်မံတွေ့ရှိ

ဖျာပုံ မေ ၂၉
တပ်မတော်ရေယာဉ်မှ ပင်လယ်ပြင်လုံခြုံရေး တာဝန်ထမ်းဆောင်နေစဉ် နံနက်(၆)နာရီခွဲခန့်တွင် ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံမြို့နယ် အရှေ့တောင်ဘက် (၃၄)မိုင်ခန့် ပိုက်နက်ပင်လယ် အတွင်း၌ ပင်လယ်ပြင် ဘေးဒုက္ခ ကျရောက်နေသည့် ထိုင်းစာတန်းပါ အလျား(၇၆)ပေခန့်ရှိ သံခွံငါးဖမ်းလှေတစ်စီးအား ဘင်္ဂါလီ အမျိုးသား (၆၀၈)ဦး၊ အမျိုးသမီး(၇၄)ဦးနှင့် ကလေး(၄၅)ဦး စုစုပေါင်း(၇၂၇)ဦးနှင့်အတူ  တွေ့ရှိခဲ့သည်။

မြန်မာ့ရွှေသတ္တု ဗဟိုဈေးကွက် ဖြစ်မြောက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ


နေပြည်တော်- မေ ၂၈ ရက်
မြန်မာနိုင်ငံတွင် ပထမဦးဆုံး ထူထောင်ဖွင့်လှစ်မည့် Gold Central Market ဖြစ်ထွန်း လာစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်က အချိန်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တက်ရောက်အမှာစကားပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ၅၂ ရက်မြောက်နေ့ကျင်းပ


နေပြည်တော် မေ ၂၉
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၅၂ ရက် မြောက်နေ့ကို ယနေ့ နံနက်(၁၀)နာရီခွဲ တွင် ကျင်းပရာ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာ့သတ္ထုတွင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၏ အပိုဒ် ပါ ပုဒ်မ ပုဒ်မခွဲ() နောက်တွင် ပုဒ်မခွဲ()အဖြစ် အသစ်ဖြည့်စွက် ချက်နှင့် စပ်လျဉ်း၍  လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

ဖျာပုံမြို့နယ် ဓမင်းဆိပ်ကျေးရွာ အရှေ့ဘက်ရေမိုင်(၃၀)ခန့် အကွာတွင် လှေစီးဒုက္ခသည် ဘင်္ဂါလီလူမျိုး (၇၂၇)ဦး ဖမ်းဆီးရမိ








ဖျာပုံ၊ မေ ၂၉

ယနေ့နံနက် ၆နာရီခွဲအချိန်တွင် တပ်မတော်ရေမှ စစ်ရေယာဉ်အမှတ်(၆၂၃) သည် ဖျာပုံမြို့နယ် တင်ပုလွဲကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကျေးရွာ အရှေ့ဘက်ရေ မိုင်(၃၀)ခန့်အကွာ မြန်မာ့ရေပိုင်နက် ပင်လယ်ပြင်တွင် မသင်္ကာဖွယ်ရာ အလျား(၇၆)ပေခန့်ရှိ ပင်လယ်ငါးဖမ်းသင်္ဘောတစ်စီးအား တွေ့ရှိ၍ စစ်ဆေး ရာ ဘင်္ဂါလီလူမျိုး ကျား(၆၀၈)ဦး၊ မ(၇၄)ဦးနှင့် ကလေး(၄၅)ဦး စုစုပေါင်း (၇၂၇)ဦးနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။


အင်ဒိုနီးရှားနိုင်ငံမှ တတိယ အကြိမ်မြောက် ပြန်လည် ရောက်ရှိလာသော မြန်မာရေလုပ်သား ၁၂၉ ဦးအား လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့မှ ငွေကျပ် တစ်သိန်းစီ ထောက်ပံ့



အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာရေလုပ်သား ၅၃၅ ဦးအနက် ၁၂၉ ဦးအား တတိယ အကြိမ် မြောက် သွားရောက် ခေါ်ဆောင်ခဲ့ရာ မေ ၂၈ ရက် ည ၆ နာရီ  ၅၅ မိနစ်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် သို့ ပြန် လည်ရောက်ရှိသည်။

ပင်လုံစာချုပ်ချုပ်ဆိုစဉ် ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့သော ချက်ပလက် ကားယနေ့ အထိ လွိုင်လင်မြို့၌ ထိန်းသိမ်း ထားဆဲဖြစ်


ပင်လုံ မေ ၂၈


မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံ လွှတ်တော် နှစ်ရပ်အကြား ပိုမိုပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး


နေပြည်တော် မေ ၂၈

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်သော လွှတ်တော် ကိုယ်စားလှယ် အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက် အရ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ရာ မေ ၂၁ ရက် မွန်းလွဲပိုင်းက ဘယ်လာရုစ်နိုင်ငံ မင့်စ်ခ်မြို့သို့ ရောက်ရှိသည်။