Thursday, April 30, 2015

တစ်နေ့တန်(၂၀၀)ကျ ဆာတာကေးဆန်စက် တည်ဆောက်လျက်ရှိ


နေပြည်တော် ဧပြီ(၃၀)
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် ဒုတိယဝန်ကြီး ဦးအုန်းသန်း တို့သည် ယနေ့ နံနက်(၇)နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ စက်မှုလယ်ယာ စနစ် ဧက (၃၀၀၀) တဆက်တစပ်တည်း စိုက်ကွင်းတွင် ပုလဲသွယ်စပ် မျိုးစပါးများ ဝတ်မှုံကူးပွဲတော် ကျင်းပနေမှုများ ကိုလည်းကောင်း၊ ဂျပန်နိုင်ငံမှ အကူအညီပေးသည့် ခေတ်မီ ကူဘိုတာ ထွန်စက်များ၊ ကူဘိုတာရိတ်သိမ်း ခြွေလှေ့စက်ကြီးများ ခင်းကျင်းပြသထားမှုများ အားလည်းကောင်း ကြည့်ရှုအားပေးသည်။

ဒုတိယအကြိမ် မြန်မာ-သြစတြေးလျအဆင့်မြင့်အရာအရာရှိကြီးများ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဧပြီ ၃၀
ဒုတိယအကြိမ် မြန်မာ-သြစတြေးလျ အဆင့်မြင့် အရာရှိကြီးများ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ The Lake Garden ဟိုတယ်၌ ကျင်းပရာ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်သည် တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် တိုးတက်လျက် ရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ပြောကြား


နေပြည်တော် ဧပြီ ၂၉
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီရေး ဆိုင်ရာ မိတ်ဖက်အဖွဲ့ (Partnership Group for Peace, Development and Democracy in Myanmar – PGM ) အစည်းအဝေးကို ဧပြီ ၂၄ ရက် နံနက် ၁၁ နာရီခွဲ မှ မွန်းလွဲ ၁ နာရီအထိ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် ခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စုက မြန်မာလူငယ်များ အတွက်ခေါင်းဆောင်မှု ဆိုင်ရာ သင်တန်းများ နှစ်စဉ်ခေါ်ယူ ပို့ချလျက်ရှိ


ရန်ကုန် ဧပြီ ၂၉
တတိယအကြိမ် မြန်မာလူငယ် ခေါင်းဆောင်မှု အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်း ပြည်နယ်မှ ကျောင်းသား ကျောင်းသူ ၁၇ ဦးနှင့် ဆရာ ဆရာမ သုံးဦး တို့သည် အမေရိကန်ပြည်ထောင်စု၌ ၂ဝ၁၅ ခုနှစ် မတ် ၃၁ ရက်မှ ဧပြီ ၂၈ ရက်အထိ လေးပတ်ကြာ ခေါင်း ဆောင်မှုဆိုင်ရာ သင်ခန်းစာများကို စာတွေ့ လက်တွေ့လေ့လာသင်ယူခွင့် ရရှိခဲ့ကြောင်း ရန်ကုန်မြို့ အမေရိကန် သံရုံးမှ သိရသည်။

သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည် . . . ခိုင်


ကြေးမုံသတင်းစာတွင် ဝတ္ထုကဏ္ဍယခင်ကထည့်သွင်းဖော်ပြပေးခဲ့ဖူးပါသည်။ ထိုဝတ္ထုကဏ္ဍကို စာဖတ် ပရိသတ်များ ပြန်လည်ဖတ်ရှုနိုင်ရန်အတွက် ကြေးမုံသတင်းစာတွင် နေ့စဉ် ပြန်လည် ဖော်ပြပေးလိုက်ပါသည်။

ထူးမြတ်တဲ့ကဆုန်ပွဲတော် ဗောဓိပင်ကို ရေစင်သွန်းလောင်းကာပူဇော်


ညောင်ရေသွန်းပွဲတော်သည် မြန်မာ ၁၂ လ ရာသီပွဲတော်တွင်ပါဝင်သော ဗုဒ္ဓဘာသာဝင်များ၏ ထူးမြတ်သော ပွဲတော်ဖြစ်သည်။ ညောင်ရေသွန်း ပွဲတော်ကို မြန်မာလရာသီဖြစ်သည့် ကဆုန်လတွင် ကျင်းပလေ့ရှိပါသည်။

Wednesday, April 29, 2015

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ


ရန်ကုန်- ဧပြီ ၂၉
ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးလည်ပတ်ခဲ့ပြီးနောက် ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် ကူမင်းမြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာလာရာ   နံနက် ၁၁ နာရီ မိနစ် ၄၀ တွင်  ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိပြီး တိုင်းဒေ သကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန် တိုင်းဒေ သကြီး လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ယန်ဟို့လန်နှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုကြသည်။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အဖွဲ့ ယူနန်ပြည်နယ် ကွန်မြူနစ် ပါတီ အတွင်းရေးမှူး မစ္စတာ လီကျိဟန်နှင့် တွေ့ဆုံ


ကူမင်း- ဧပြီ ၂၉
ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်  အဖွဲ့သည် တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာန ဒုတိယဝန်ကြီး Mr. Chen Fengxiang ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မဒမ် ကျိုးဟုန်တို့နှင့်အတူ ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် ချိန်ကုန့်မြို့ သစ်ရှိ လူမှုဝန်ထမ်းနှင့် အလုပ်အကိုင်ရှာဖွေရေးဌာနသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ စွယ်တော်မြတ်စေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညို


ပေကျင်း- ဧပြီ ၂၉
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အဖွဲ့သည် ဧပြီ (၂၇) ရက် ဒေသစံတော်ချိန် နံနက်(၁၁)နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ လင်ကွန်းဘုရား ကျောင်း၌ ကိန်းဝပ် စံပယ်တော်မူလျက်ရှိသော ဗုဒ္ဓစွယ်တော်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဆရာတော် Shin Chan Zang အား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မလေးရှား တပ်မတော်ကြည်း တပ်ဦးစီး ချုပ်အား လက်ခံတွေ့ဆုံ


နေပြည်တော် ၊  ဧပြီ - ၂၉
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ယနေ့ ညနေ ၅ နာရီတွင် မလေးရှား တပ်မတော်ကြည်းတပ်ဦးစီးချုပ် General Tan  Sri  Raja  Mohamed Affandi bin Raja Mohamed Noor အား ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ မလေးရှား တပ်မတော်ကြည်း တပ်ဦးစီးချုပ်အား ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး


နေပြည်တော်၊ ဧပြီ - ၂၉
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဖိတ်ကြား ချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသော မလေးရှား တပ်မတော် ကြည်းတပ် ဦးစီးချုပ် General Tan  Sri  Raja  Mohamed Affandi bin Raja Mohamed Noor အား ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပ သည်။

အာဆီယံဆေးတပ်ဖွဲ့များသည် တပ်မတော်အတွက်သာမက ပြည်သူလူထုကပါ အားကိုးအားထားပြုနိုင်သည့် ဆေးတပ်ဖွဲ့များဖြစ်စေရေး ကြိုးပမ်းလုပ်ဆောင်


နေပြည်တော် ဧပြီ ၂၉
တပ်မတော်ဆိုသည်မှာ ပြည်သူကြားမှ ပေါက်ဖွားလာပြီး တိုင်းပြည်ကို ကာကွယ် ရန်၊ ပြည်သူ လူထု အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပါကြောင်း၊ တပ်မတော်ဆေးတပ်ဖွဲ့များသည် ပြည်သူ လူထုနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံမှု အရှိဆုံး အဖွဲ့အစည်းဖြစ်ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၂ နာရီတွင် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ (၅)ကြိမ်မြောက် အာဆီယံဆေးတပ်ဖွဲ့ အကြီးအကဲများ စုံညီ အစည်း အဝေး (5th ASEAN  Chiefs of  Military Medicine  Conference-5th ACMMC)သို့ တက်ရောက်ကြသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဆေးတပ်ဖွဲ့ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။

“ပြင်ဆင်ဖတ်ရှုပါရန်”

ဧပြီ ၂၉ ရက်ထုတ် ကြေးမုံသတင်းစာ၊ စာမျက်နှာ (၁၄) ကြော်ငြာကဏ္ဍ၌ ဖော်ပြပါရှိသည့် “ရွှေစင်စင်္ကြာ ကုမ္ပဏီ လီမိတက်နှင့် အများသိစေရန် တုံ့ပြန်ကြေညာခြင်း” တွင် တတိယ အပိုဒ် တတိယ စာကြောင်း၌ “ရွှေစင်စင်္ကြာနှင့် မန်းရာဇာ ဘတ်စ် ကားကြီး နှစ်စီး ယာဉ်မတော် တဆမှု ဖြစ်ပွား ခဲ့ကြောင်း” (အစား) “ရွှေစင်္ကြာနှင့် မန်းရာဇာ ဘတ်စ် ကားကြီး နှစ်စီး ယာဉ်မတော် တဆ မှု ဖြစ်ပွားခဲ့ကြောင်း” ဟု ပြင်ဆင် ဖတ်ရှု ပါရန် တောင်းပန် အပ်ပါကြောင်း နှင့် ၃၀-၄-၂၀၁၅ ရက်ထုတ် ကြေးမုံ သတင်းစာတွင် အမှား ပြင် ဆင်ချက် ကို ဖော်ပြမည်ဖြစ်ကြောင်း ကြိုတင် အစီရင်ခံ တင်ပြ အပ်ပါသည်။

(ဦးဆောင်ညွှန်ကြားရေးမှူး၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း)

World Press Freedom Day အခမ်းအနားတွင် သတင်းရယူနိုင်ပါကြောင်း အသိပေး ဖိတ်ကြားခြင်း

နေပြည်တော် ဧပြီ ၂၉

ပြန်ကြားရေးဝန်ကြီးဌာနနှင့် UNESCO တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်မည့် World Press Freedom Day အခမ်း အနားကို ရန်ကုန်မြို့၊ Novotel Max Hotel တွင်

ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းကြတဲ့ ဗောဓိသမိုင်း


ဝိဿဇ္ဇက(ပဲခူး)
မြန်မာတို့၏ လတကာတွင် ကဆုန်လသည်အ မြတ်ဆုံးလဟု အသိအမှတ် ပြုကြသည်။ ဤသို့အသိအမှတ်ပြုရာ၌ အကြောင်း တရား ငါးပါးရှိသည်။ ပထမအကြောင်းမှာ ဘုရားအလောင်းတော် သုမေဓာ ရှင်ရသေ့သည် ဒီပင်္ကရာ ဘုရားရှင်ထံမှ ဘုရားစင် စစ် ဧကန်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ် ခံယူရရှိသည့်နေ့။

အာဆီယံရဲ့ ပူးပေါင်းဆောင်ရွက်မှု အကျိုးကျေးဇူးကို အာဆီယံ ပြည်သူတွေ ပိုပြီးခံစားရတော့မည်


မြန်မာ့သတင်းစဉ်အဖွဲ့
(၂၆) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နှင့် လန်ကာဝီမြို့တို့တွင် ဧပြီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးတို့ ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ဆွေးနွေးခဲ့ပြီး

Tuesday, April 28, 2015

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဇနီး နေပြည်တော်သို့ ပြန်လည် ရောက်ရှိ

နေပြည်တော် ဧပြီ (၂၈)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နှင့် လန်ကာဝီမြို့တို့၌ ကျင်းပသည့် (၂၆) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက် ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် လန်ကာဝီမြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်း အထူး လေယာဉ်ဖြင့် ထွက်ခွာကြသည်။

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် တွေ့ဆုံ

ပေကျင်း ဧပြီ ၂၈
ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ ပြည်သူ့ ခန်းမဆောင်၌ တွေ့ဆုံသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါကစ္စတန်နိုင်ငံ Nationl Defence University (NDU)မှ လေ့လာရေး ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဧပြီ - ၂၈
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းတည့် ၁၂ နာရီတွင် ပါကစ္စတန်နိုင်ငံ  National  Defence  University(NDU) မှ ဒုတိယ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အာနမ်ဘူရ် ရာမန်မာလစ်ခ်  ဦးဆောင်သော သင်တန်းသား လေ့လာရေး ကိုယ်စားလှယ် အဖွဲ့အား ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

AA လက်နက်ကိုင် အဖွဲ့မှ လက်နက်များ သိမ်းဆည်းရမိ

နေပြည်တော်၊ ဧပြီ - ၂၈
ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ် ကုလားချောင်း ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် AA လက်နက်ကိုင် အဖွဲ့များ စိမ့်ဝင် ခိုအောင်းနေကြောင်း သတင်း အရ တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရာ AA လက်နက်ကိုင် အဖွဲ့ဝင် အချို့နှင့် လက်နက် ခဲယမ်းများ၊ အသုံးအဆောင် ပစ္စည်းများ ဖမ်းဆီးရမိလျက် ရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နယ်သာလန်ဘုရင် မွေးနေ့ သ၀ဏ်လွှာများပေးပို့



 နေပြည်တော် ဧပြီ ၂၇
၂ဝ၁၅ ခုနှစ် ဧပြီ ၂၇ ရက်တွင် ကျရောက်သော နယ်သာလန်နိုင်ငံ ဘုရင် ဝီလီယံ အလက်ဇန္ဒြား၏ မွေးနေ့တွင် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ နယ်သာလန်နိုင်ငံ ဘုရင် ဝီလီယံ အလက်ဇန္ဒြားထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် ဧပြီလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်-အရှေ့အာရှ နှင့် ဧပြီလ (၂၃) ရက်နေ့မှ (၂၄) ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ လူဇန်းမြို့တွင် ကျင်းပသော ကမ္ဘာ့ခရီးသွား လုပ်ငန်းဖိုရမ်များသို့ တက်ရောက်





နေပြည်တော် ဧပြီ ၂၇ 
 
ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် ဧပြီလ (၁၉)ရက် နံနက်တွင် ဂျာကာတာမြို့၊ ရှန်ဂရီလာ ဟိုတယ်၌ ကျင်းပ ပြုလုပ်သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မူဝါဒ အခွင့်အလမ်းများဆိုင်ရာ နံနက်ခင်း စကားဝိုင်း၊ သတင်းခေတ်တွင် စီးပွားရေး လုပ်ငန်းများ၏ အနာဂါတ် အလုပ်ရုံဆွေးနွေးပွဲ၊ အာဆီယံ ပေါင်းစည်းရေးနှင့် နောက်ပိုင်း ခရီးသွားလာမှု အဆင် ပြေ လွယ်ကူရေး အလုပ်ရုံဆွေးနွေးပွဲနှင့် အခြား ဆက်စပ် အစည်းအဝေးတို့တွင် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် အတူ တက်ရောက် ဆွေးနွေးခဲ့သည်။

နိုင်ငံခြားဈေးကွက်သို့ တင်ပို့ရန် သစ်သီးဝလံများကို ခေတ်မီဆေးကြော စက်များဖြင့် ဆေးကြောသန့်စင် ထုတ်ပိုး တင်ပို့မည်




နေပြည်တော် ဧပြီ ၂၇
 
တောင်သူလယ်သမားများ ရာသီအလိုက် စိုက်ပျိုးထွက်ရှိသော သီးနှံ အမယ်များကို တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် နိုင်ငံ တကာ ဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရန် သိပ္ပံနည်းကျ စိုက်နည်းစနစ်ဖြင့် စံချိန်၊ စံညွှန်း ကိုက်ညီစွာဖြင့် စိုက်ပျိုး အကောင်အထည် ဖော်လျက်ရှိသော စိုက်ကွင်းကြီးများကို ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် ယနေ့ နံနက် (၇)နာရီတွင် ဥတ္တရ သီရိမြို့နယ်၊ တောင်သူပညာပေး ဧက(၉၀၀)စိုက်ကွင်း အတွင်း၌ တောင်ကိုရီးယားနိုင်ငံဈေးကွက်သို့ တင်ပို့ရောင်းချရန် စိုက်ပျိုးထားသော ငရုတ်သီးနှံစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်နေမှုနှင့် မြန်မာနယူးဧရာ ကုမ္ပဏီ၏ တစ်ကြိမ်လျှင် တန် (၅၀၀) ထိန်းသိမ်း သိုလှောင်နိုင်သည့် အအေးခန်း စက်ရုံကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
စက်ရုံအတွင်း၌ မာလာမြိုင်ကုမ္ပဏီနှင့် မြန်မာနယူးဧရာကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် စိန်တလုံး သရက်သီးများကို ယခု သရက်သီး ထွက်ရှိသော ရာသီကာလ၌ နိုင်ငံခြားဈေးကွက်များသို့ တင်ပို့နိုင်ရန် ခေတ်မီ အဆင့်မြင့် သန့်စင်ဆေးကြော စက်အား စမ်းသပ် လည်ပတ်နေမှု၊ သစ်သီးဝလံများကို သန့်စင်သော ရေဖြင့် ဆေးကြောနိုင်ရန် မြေအောက်ရေ တူးဖော်စက် ကိရိယာဖြင့် ရေတွင်းတူးဖော်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိရာ တစ်နာရီလျှင် ရေဂါလံ (၃၀၀၀) ထွက်ရှိနေပြီး သိုလှောင်ရန် အတွက် အုတ်ရေကန် တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတဆင့် ကိုးရွာသပြေကုန်း ကျေးရွာအနီး ငရုတ် သီးနှံစိုက်ခင်းများ၊ နှစ်ရှည် ကျွဲကော၊ ပိန္နဲသီးနှံတို့နှင့် ရောနှော၍ စိုက်ပျိုးခင်း များကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ မျိုးစေ့ သိုလှောင်ရုံ အအေးခန်း အဆောက်အဦး ဆောက်လုပ်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိပြီး တည်ဆောက်ရေး လုပ်ငန်းများ ရာသီအချိန်ကိုက် ပြီးစီးရေးနှင့် မျိုးစေ့သန့်စင်စက်များ အချိန်မီ ရောက်ရှိရေး တာဝန်ရှိ သူများအား မှာကြားသည်။
ထို့နောက် ဒက္ခိဏသီရိမြို့နယ်၊ ကျားကူး အနောက် ကျေးရွာအနီး မြန်မာ နယူးဧရာ ကုမ္ပဏီ၏ တဆက်တစပ်တည်း ပုလဲသွယ် စပ်မျိုးစပါး ဧက (၁၀၀) F-1 မျိုးစေ့ထုတ် စိုက်ကွင်းနှင့် ပြည်ပမှ ပထမအသုတ်မှာယူ ရောက်ရှိလာသော တစ်နာရီလျှင် (၁၀) တန် သန့်စင်ပေးနိုင်သည့် ခေတ်မီ မျိုးစေ့ သန့်စင်စက်အား တပ်ဆင်ရန် အသင့်ဖြစ်နေမှုကို ကြည့်ရှု အားပေးသည်။
ထိုမှတဆင့် ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအနီး ကြံတောင်သူ ပညာပေး စိုက်ကွင်း၊ သပြေပင် ကျေးရွာအနီးနှင့် စိမ်းစားပင်ကျေးရွာ အနီးရှိ ငရုတ်သီးနှံ စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ကျိုးမြို့၌ ကြည့်ရှု လေ့လာ




ကွမ်ကျိုး ဧပြီ ၂၇
 
ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာ လွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၅ ရက် ညပိုင်းတွင် ကွမ်ကျိုးမြို့ရှိ ကန်တုံ တာဝါ (Canton Tower) သို့ သွားရောက် လေ့လာကြရာ ကန်တုံတာဝါ (Canton Tower) ဒုတိယ အထွေထွေ မန်နေဂျာ Mr. Wu Hao Zhong နှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး လိုက်လံ ရှင်းလင်း ပြသကြသည်။

နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်ခင်ခင်ဝင်း လူမှုစီးပွားရေးမှ တစ်ဆင့် တောင့်တင်း ခိုင်မာစေခြင်း ဖိုရမ်သို့ တက်ရောက်





နေပြည်တော် ဧပြီ ၂၇

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော် သမ္မတ၏ ဇနီး ဒေါ်ခင်ခင်ဝင်းသည် ယနေ့ နံနက် (၁၀) နာရီခွဲတွင် ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာ (Plenary Theatre) ၌ ကျင်းပသည့် လူမှုစီးပွားရေးမှတစ်ဆင့် တောင့်တင်း ခိုင်မာ စေခြင်း ဖိုရမ်သို့ တက်ရောက်သည်။

ကမ္ဘာတွင်ပထမဆုံး တည်ထားသည့် ကျောက်စိမ်းစေတီတော် အထက်ဌာပနာသွင်းခြင်းနှင့် ရွှေထီးတော်တင်လှူပွဲ ကျင်းပနိုင်ရေး ဆွေးနွေး





အမရပူရ ဧပြီ ၂၇
 
မန္တလေးတိုင်းခရိုင် အမရပူရမြို့နယ် ဆင်ရွာမြင်းမှူးကျေးရွာတွင် တည်ထားကိုးကွယ်သည့် ဝေရောစနကျောက် စိမ်း စေတီတော်မြတ်ကြီး၏ အထက်ဌာပနာ ပူဇော်ခြင်း၊ ရွှေထီးတော်တင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပရေး ညှိနှိုင်း အစည်းအဝေးကို ဧပြီ ၂၃ ရက် နံနက် ၉ နာရီက အဆိုပါ စေတီတော်အတွင်းရှိ စီမံကိန်းရှင်းလင်းဆောင်၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် တက်ရောက်ပြီး လုပ်ငန်းတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

လျှပ်စစ်မြစ်ရေတင် လုပ်ငန်းဖြင့် ပဲတီစိမ်း စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းနေမှု ကွင်းဆင်းကြည့်ရှု




ညောင်ဦး ဧပြီ ၂၇
 
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်သန်းသည် စိုက်ပျိုး
ရေး ညှိနှိုင်းမှု အဖွဲ့များလိုက်ပါလျက် ဧပြီ ၂၄ ရက်က ညောင်ဦးမြို့နယ်အတွင်း လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၊ စိုက်ပျိုး
ရေးနှင့် ဆည်ငယ်၊ ကန်ငယ်များ ပြုပြင်မှုလုပ်ငန်းများကို လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိမြို့နယ် ၂၀ မှ အခြေခံမဲဆန္ဒရှင် စာရင်းများကို ဇွန် ၁ ရက်တွင် စတင် ထုတ်ပြန်မည်



မန္တလေး ဧပြီ ၂၇
 
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၌ အခြေခံမဲဆန္ဒရှင် စာရင်းများ ကွန်ပျူတာအတွင်းသို့ ထည့်သွင်းခြင်း လုပ်ငန်း ကို ဆောင်ရွက်လျက်ရှိရာ မြို့နယ် ၂ဝ မှ မဲဆန္ဒ ရှင်စာရင်းများ ကောက်ယူ စာရင်းသွင်း ခြင်း ဆောင်ရွက်ပြီးဖြစ်၍ ဇွန် ၁ ရက်မှ စ၍ ၁၄ ရက်အထိ မဲဆန္ဒ ရှင်စာရင်းများကို ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးစွာ ဆွေးနွေး



ပေကျင်း ဧပြီ ၂၇
 
ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အဖွဲ့ဝင်၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာ ဌာနဝန်ကြီး မစ္စတာ ဝမ်းကျားရွေ့နှင့် ဧပြီ ၂၆ ရက် ည ၆ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကျောက်ယူထိုင်နိုင်ငံတော် ဧည့်ဂေဟာ (Diaoyuttai State Guesthouse) ၌ တွေ့ဆုံသည်။

Monday, April 27, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တောင်အာဖရိကသမ္မတနိုင်ငံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့



နေပြည်တော်  ဧပြီ  ၂၆
၂၀၁၅ ခုနှစ် ဧပြီ ၂၇ ရက်တွင် ကျရောက်သော တောင်အာဖရိက သမ္မတနိုင်ငံ၏ လွတ်လပ်ရေးနေ့တွင် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ တောင်အာဖရိကသမ္မတနိုင်ငံ သမ္မတ မစ္စတာ ဂျေးကော့ဘ် ကဲလေယိလှဲကိဆာ ဇူးမားထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

ကျွန်တော်နဲ့ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ (ဆောင်းပါး)



ပါမောက္ခဒေါက်တာ အောင်ထွန်းသက်
ကျွန်တော့်ဘဝမှာ တစ်နေ့က မမျှော်လင့်ဘဲထူးခြားလှတဲ့ အခွင့် အရေးတစ်ခု ရခဲ့ပါတယ်။ ကျွန်တော်ဟာ ၁၉၆၁ ခုနှစ်မှာ တက္ကသိုလ်ဝင် တန်းအောင်မြင် ခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှာ ဥပစာဝိဇ္ဇာပထမနှစ် သင်တန်း ကို တက်ရောက်ခဲ့ပါတယ်။ သင်တန်းမတက်မီ မောင်မယ်သစ်လွင်များ ကို ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ ပါမောက္ခချုပ်နဲ့ပါမောက္ခ တွေက ကြိုဆိုနှုတ်ဆက်ကြပါတယ်။ ဒီပွဲမှာ စင်မြင့်ပေါ်မှာ နေရာယူထားကြတဲ့ ဆရာ၊ ဆရာမကြီးတွေကိုကြည့်ပြီး

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းများအတွက် မှတ်တမ်းများ ထားရှိဆောင်ရွက်နေခြင်း အား သိရှိနိုင်ရန် သတင်း ထုတ်ပြန်ခြင်း



ပြန်ကြားရေး ဝန်ကြီးဌာနသည် ယခင်စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနခွဲအား အစိုးရသစ် လက်ထက်တွင် ခေတ်စနစ် နှင့် လျော်ညီစွာ ၂၄--၂ဝ၁၃ ရက်နေ့မှစ၍  မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းများအတွက် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးခြင်းနှင့် ထုတ်ဝေစာများ အား မှတ်တမ်းအဖြစ် ထိန်းသိမ်းထားရှိခြင်း၊ တစ်နှစ်အတွင်းထုတ်ဝေသော စာအုပ်စာတမ်းများ နှစ်စဉ်စာရင်းပြုစု မှတ်တမ်းထားရှိခြင်းတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေများနှင့် အညီ

မလေးရှားနိုင်ငံ ၀န်ကြီးချုပ်နှင့်ဇနီးတို့က အာဆီယံနိုင်ငံများမှ နိုင်ငံအကြီး အကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများအား ညစာစားပွဲတည်ခင်းဧည့်ခံ


ကွာလာလမ်ပူ ဧပြီ ၂၆
(၁၂) ကြိမ်မြောက် အာဆီယံခေါင်းဆောင်မှု ဖိုရမ်သို့ တက်ရောက်လာ ကြသည့် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများအား မလေးရှား နိုင်ငံဝန်ကြီးချုပ် ဒါတွတ်ဆရီ မူဟာမက် နာဂျစ်ဘင်တွန်း အဗ္ဗဒူလ် ရာဇတ်နှင့် ဇနီးတို့က ဧပြီ ၂၆ ရက် ဒေသစံတော်ချိန် ည ၈ နာရီခွဲတွင် ကွာလာ လမ်ပူမြို့ရှိ ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာ၌ ညစာစားပွဲ (Gala Dinner) ဖြင့် တည်ခင်းဧည့်ခံသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဟောင်ကောင်အထူး အုပ်ချုပ်ရေးဒေသ အကြီး အကဲ မစ္စတာ လျောင်ချွမ်းရင် အားလက်ခံတွေ့ဆုံ ခရီးသွား လုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊မြန်မာနိုင်ငံ၏ အခြေခံအဆောက် အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရေးဆွေးနွေး




ကွာလာလမ်ပူ ဧပြီ ၂၆
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ ဒေသစံတော်ချိန် ညနေ နာရီ တွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၏ အကြီး အကဲဖြစ်သူ အုပ်ချုပ်ရေးမှူးချုပ် မစ္စတာ လျောင်ချွမ်းရင် အား ကွာလာလမ်ပူမြို့ Mandarin Orientalဟိုတယ်၊ Citrine Room လက်ခံတွေ့ဆုံသည်။