Saturday, February 28, 2015

ရတနာဆင်ဖြူတော် ပေါ်ထွန်းလာခြင်းသတင်း


နေပြည်တော်-ဖေဖော်ဝါရီ ၂၈
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးထွန်းထွန်းဦး၊ လက်ထောက်အထွေထွေမန်နေဂျာ ဒေါက်တာစည်သူဝမ်ထွန်းတို့ ဦးဆောင်သော အဖွဲ့ဝင် (၁၂)ဦး ပါဝင်သည့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် သလပ်ခွာကြိုးဝိုင်း၊ အကွက်အမှတ်(၈)၊ သစ်ပုတ်ချောင်း ဖျားတွင် ဖေဖော်ဝါရီ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရတနာဆင်ဖြူတော်ပေါ်ထွန်းကြောင်း သိရှိရသည်။

လောက်ကိုင်မြို့သန့်ရှင်းသာယာလှပရေး ပူးပေါင်းဆောင်ရွက်


နေပြည်တော် ဖေဖော်ဝါရီ ၂၈
လောက်ကိုင်ဒေသတွင် ဖေဖော်ဝါရီ ၉ ရက်မှစ၍ တပ်မတော်စစ်ကြောင်းများနှင့် ကိုးကန့်သောင်းကျန်း သူအဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး

လောက်ကိုင်မြို့တွင်းမှ မူးယစ်ဆေးဝါးများ ထပ်မံသိမ်းဆည်းရမိ


နေပြည်တော် ဖေဖော်ဝါရီ ၂၈
လောက်ကိုင်မြို့တွင်း တပ်မတော်စစ်ကြောင်းများက လုံခြုံရေးဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် နားလီလမ်းဆုံနှင့် နတ်စင်ကုန်းအနီးရှိ မသင်္ကာဖွယ် အဆောက်အအုံတစ်လုံးအား ဝင်ရောက် ရှင်းလင်းခဲ့ရာ အဆောက်အအုံအတွင်းမှ ဆာလာအိတ်ဖြင့်ထုပ်ထားသည့် WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀ ပြားပါ ၄၀ ထုပ်၊ ၂၀၀၀ ပြားပါ ၂၉ ထုပ်၊ ၄၀၀၀ ပြားပါ ၁၅ ထုပ်၊ ၆၀၀၀ ပြားပါ ၁၀ ထုပ် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၈၆၀၀၀ ပြား၊ ကာလတန်ဖိုး ကျပ် ၂၇၉၀ သိန်းခန့်အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့ ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးမှ ပြန်လည်ရောက်ရှိ

ရန်ကုန်-ဖေဖော်ဝါရီ -၂၈

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ပြီးနောက် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ ထိုင်းနိုင်ငံမှ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်ပိတ်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂၈

စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေ ၆နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားရုံ၌ ကျင်းပရာ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်အားပေးချီးမြှင့်သည်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်၌ စတင်ကြားနာ ဆွေးနွေး ဆောင်ရွက်နေပြီဖြစ်၍ သပိတ်မှောက် ဆန္ဒထုတ်ဖော်မှုများ မပြုလုပ်ကြရန် သတိပေးကြေညာချက်

နေပြည်တော် ဖေဖေါ်ဝါရီ ၂၈
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးအတွက် သပိတ်မှောက် ဆန္ဒပြတောင်းဆိုမှုများအရ ပြည်ထောင်စုအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု

"ချင်းပြည်နယ် မင်းတပ်ခရိုင်မှ လှိုက်လှဲပျူငှာစွာကြိုဆိုပါ၏" ဆိုင်းဘုတ်အသစ်ဖွင့်လှစ်




မင်းတပ် ဖေဖော်ဝါရီလ ၂၇
မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် မင်းတပ်မြို့နယ် နယ်စပ်တွင် "ချင်းပြည်နယ် မင်းတပ်ခရိုင်မှ လှိုက်လှဲပျူငှာစွာ ကြိုဆိုပါ၏" ဆိုင်းဘုတ်ဖွင့်ပွဲအား ယနေ့နံနက် (၁၁း၀၀)နာရီတွင် ဖွင့်လှစ်ကြသည်။

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ချင်းပြည်နယ်အတွင်းရှိ အသက်မွေးမှုပညာ/ပညာရေးကျောင်းများနှင့် ဘာသာရေးအသင်းအဖွဲ့များသို့ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကျင်းပ




ဟားခါး ဖေဖော်ဝါရီ ၂၇
တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ချင်းပြည်နယ်အတွင်းရှိ အသက်မွေးမှုပညာ/ပညာရေးကျောင်းများနှင့် ဘာသာရေးအသင်းအဖွဲ့များသို့ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၂ နာရီက ဟားခါးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

သစ်တောတက္ကသိုလ် ဆဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင်ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၈


နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် သစ်တော တက္ကသိုလ် (ရေဆင်း) ဆဋ္ဌမ အကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက သစ်တောတက္ကသိုလ် ဘွဲ့နှင်းသဘင်အထူး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာမြင့်ဦးထံ ဘွဲ့လက်ခံ ရယူကြ မည့် ကျောင်းသား/ ကျောင်းသူ များက ကတိသစ္စာပြုကြသည်။ 

မြစိမ်းရောင် ကျေးရွာစီမံကိန်း(ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး)ရန်ပုံငွေ လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ


ကသာ ဖေဖော်ဝါရီ ၂၈
ကျေးရွာများဖွံ့ဖြိုးတိုးတက်စေရန် အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျှက်ရှိရာ (ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး) ရန်ပုံငွေလွဲပြောင်း ပေးအပ်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ(၂၇)ရက်၊ နေ့လည်(၁၃း၃၀)အချိန်တွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးကျော်ကျော်အုန်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဝင်းတင်က မြစိမ်းရောင်စီမံကိန်း(ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး) ရန်ပုံငွေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထီးလင်းတွင် ဆောင်းနေကြာ စမ်းသပ်စိုက်ပျိုးရာ အောင်မြင်လျှက်ရှိ

ထီးလင်း ဖေဖော်ဝါရီ ၂၇
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှုနည်း သဖြင့် ဒေသနေတောင်သူလယ် သမားများသည် စပါးကို အားထားစိုက်ပျိုး လျှက်ရှိခဲ့ရာမှ အစားထိုး သီးနံများဖြင့် အစာားထိုး စိုက်ပျိုး ခဲ့ကြရသည်။ ထိုသို့ စိုက်ပျိုးကြရာတွင် မိုးဦးကာလတွင် နှမ်းသီးနှံ၊ မိုးလယ်ကာလတွင် ပင်ထောင်မြေပဲ၊ မိုးနောင်းပိုင်း ဆောင်းကာလတွင် နေကြာ စသည်ဖြင့် စိုက်ပျိုးကြရာ နေကြာစိုက်ပျိုးမှုမှာ အောင်မြင် ဖြစ်ထွန်း လျှက်ရှိသည်။ 

စက္ခုဒါနအလင်း အလှူတော် မျက်စိအခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးခြင်း



ကော့သောင်း ဖေဖေါ်ဝါရီ ၂၇
ကော့သောင်းမြို့တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကော့သောင်းမြို့နယ်အသင်း(ရန်ကုန်)တို့ ပူးပေါင်းစီစဉ်သည့် စက္ခုဒါန အလင်း အလှူတော်အဖြစ် မျက်စိအခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးခြင်း အစီအစဉ်ကို ဖေဖေါ်ဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်သည်။

နွေစပါး ပုလဲသွယ်မျိုးစေ့ကွင်းသရုပ်ပြ

အထက်မင်းလှ ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ကြီးမှူး၍ အထူးထွက်တိုး ပုလဲသွယ် စပ်မျိုးနွေစပါး (၅.၀၀)ဧက မျိုးစေ့ကွင်း သရုပ်ပြပွဲကို ရွာတော်အုပ်စု သံပုရာကန်ကျေးရွာတွင် ကွင်းအမှတ်(၈၃၉)ရှိ တောင်သူဦးစန်းမြင့်ဦး၏ လယ်မြတွင် ယမန်နေ့ နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း စိုက်ပျိုးရေးဝန်ထမ်း တစ်ဦးထံမှ သိရှိရသည်။

Friday, February 27, 2015

လောက်ကိုင်မြို့တွင်းမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ




နေပြည်တော်  ဖေဖော်ဝါရီ   ၂၇
လောက်ကိုင်မြို့နယ်မှ တပ်မတော်စစ်ကြောင်များက လုံခြုံရေးဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရွေဇင်မြို့သစ် ရပ်ကွက်(၃)အဝိုင်း၌ မသင်္ကာဖွယ်ရာ အရပ်သား ၃ ဦးအား တွေ့ရှိ၍ စစ်ဆေးခဲ့ရာ တာဇင်ကျိုင်းကျေးရွာနေ လီဆင်းဝ ၂၆ နှစ် (ဘ) ဦးလီဖျင်ချန်၊ ချိန်ရီ (၂၇)နှစ်(ဘ) ဦးချိန်ဝင်ဆင်းနှင့် ဝူကွန်းဟိုင် ၂၄ နှစ် (ဘ) ဦးဝူလျှောက်ဝါတို့အား အိုက်စ်အမှုန့် ၃၅၀ ဂရမ်၊ အက်ဖက်တမင်းအဖြူမှုန့်နှင့် ၄၅၀၀ ဂရမ်ပါ ၁ ထုပ်၊ ၁ ကီလိုဂရမ်ပါ ၁ ထုပ်၊ ၃ ဂရမ်ပါ ၁ထုပ်နှင့် WY စတမ်းပါ စိတ်ကြွရူးသွပ်ဆေးဝါး ၁၅၅၀ ပြား စုစုပေါင်းကာလ တန်ဖိုး ကျပ် ၁၃၂ သိန်းခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

တုတ်ဖြင့်ရိုက်၍ သေနတ်လုရန် ကြိုးစားသူအား ခုခံပစ်ခတ်ရာမှ ထိမှန်သေဆုံး



နေပြည်တော်  ဖေဖော်ဝါရီ  ၂၇
 ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ် နမ့်ဆလပ်-သိန်းနီကားလမ်းတွင် သောင်းကျန်းသူအဖွဲ့များက နှောင့်ယှက်ပစ် ခတ်တိုက်ခိုက်မှုများ ပြုလုပ်ဆောင်ရွက်လေ့ရှိသဖြင့် ကားလမ်းလုံခြုံရေးအတွက် လှည့်ကင်း ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၅ နာရီခွဲခန့်တွင် နမ့်ဆလပ်မြို့၏ အနောက်ဘက် ၃ မိုင်ခွဲခန့်အကွာ ကားလမ်း၏ မြောက်ဘက်ခြမ်း၌ နယ်မြေရှင်းလင်းဆောင်ရွက်စဉ် ရော်ဘာခြံရှိ တဲအတွင်းမှ အသက် ၃၂ နှစ်ခန့်ရှိ အရပ်ဝတ်ဖြင့် အမျိုးသားတစ်ဦး ပြေးထွက်လာပြီး ရှေ့ဆုံးမှ လှည့်ကင်း ဆောင်ရွက်နေသော စစ်သည်အား တုတ်ဖြင့်ရိုက်နှက်၍ သေနတ်အား လုယူရန်ကြိုးစားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ ဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ




နေပြည်တော်  ဖေဖော်ဝါရီ ၂၇
မြန်မာ - လာအို နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်အကြား ရှည်လျားသော သမိုင်းကြောင်းနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့၍ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်  အထောက်အပံ့ ဖြစ်မည်ဟု ယုံကြည် ပါကြောင်းဖြင့် တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဧည့်ခန်းမ ဆောင်၌ မြန်မာနိုင်ငံ ဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H.E.Mr.  Lyying  SAYAXANG  အား  လက်ခံတွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ




နေပြည်တော် ဖေဖော်ဝါရီ ၂၇
ဩစတြေးလျ နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်ပေါင်း ၆၀ ကျော်ကောင်းမွန် သော သံတမန်ဆက်ဆံရေး ရှိခဲ့သည့် နိုင်ငံဖြစ်၍ မြန် မာနိုင်ငံ၊ မြန်မာတပ်မတော်အနေဖြင့် အလေးထား ပါကြောင်း၊ ဩစတြေးလျနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် စစ်ဘက်သာမက နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်ရန်အခွင့် အရေးများလည်း ရှိပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီး H.E.Mr.  Nicholas  Coppel အား  လက်ခံတွေ့ဆုံရာတွင် ပြောကြားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုအစီ အစဉ်များမှ တစ်ဆင့် မိန့်ခွန်းပြောကြားမည်



 နေပြည်တော်  ဖေဖော်ဝါရီ   ၂၇
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ် များမှတစ်ဆင့် ပြောကြားမည့် မိန့်ခွန်းအား မြန်မာ့အသံ၊ မန္တလေး FM၊ ပဉ္စ၀တီ FM၊ ရွှေ FM၊ ရွှေ FM၊ ချယ်ရီ FM၊ ပတ္တမြား FM၊  FM ပုဂံနှင့် သဇင်အသံလွှင့် ဌာနတို့မှ ၂၀၁၅ ခုနှစ် မတ်လ(၁)ရက်နှင့် (၂)ရက်နေ့ တို့၌ နံနက်(၇)နာရီ၊ နေ့လယ်(၁၁)နာရီ၊ ညနေ (၆)နာရီနှင့် ည(၈)နာရီတို့တွင် တစ်ရက်လျှင် (၄)ကြိမ်စီ ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ





ဗန်ကောက်  ဖေဖော်ဝါရီ ၂၇
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး၊ ဒုတိယ၀န်ကြီး များ၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့်အတူ ယနေ့ နံနက်ပိုင်း ဒေသစံတော် ချိန် ၉နာရီ မိနစ် ၂၀တွင် Samut Sakom ခရိုင်ရှိ ခရိုင် ကျန်းမာရေး မြှင့်တင်မှုဆေးရုံသို့ ရောက်ရှိကြရာ Samut Sakom ခရိုင် ပြည်နယ်အုပ်ချုပ်ရေးမှူး Acting Pol. Lt. Arthit Boonyasophat နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် လောက်ကိုင်တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အရာရှိ၊စစ်သည်များ၊ ၀န်ထမ်းများနှင့် အရပ်သားများအား ရင်းနှီးနွေးထွေးစွာ ဂုဏ်ပြုအားပေး








နေပြည်တော် ဖေဖော်ဝါရီ   ၂၇
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဋ္ဌေးဝင်း၊ ပြည်ထောင်စု ၀န်ကြီး ဦးသိန်းညွန့်၊ ဦးစိုးသိန်း၊ ဦးလှထွန်း၊ ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးဉာဏ်ထွန်းအောင်၊ ဦးဝင်းမြင့်၊  ဦးရဲထွဋ်၊ ဒေါက်တာသန်းအောင်၊ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယ၀န်ကြီးများ၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်း တွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ ရှမ်းပြည်နယ် လားရှိုးမြို့သို့ ရောက်ရှိကြ သည်။

Program of Myanmar National Spatial Data Infrastructure (NSDI) Promotion Seminar ဖွင့်ပွဲအခမ်းအနားကျင်းပ





နေပြည်တော် ဖေဖော်ဝါရီ ၂၇
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ဖေဖော်ဝါရီ (၂၇)ရက် နံနက်(၉) နာရီတွင် နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ကျင်းပသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော Program of Myanmar NSDI Promotion Seminar ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

အာဖဂန် နစ္စတန် နိုင်ငံတွင် ပထမဆုံး အမျိုးသမီး taxi ဒရိုင်ဘာ တစ်ဦး၏ ဘဝအကြောင်း


Sara Bahayi သည် အာဖဂန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး တက္ကဆီ ဒရိုင်ဘာဖြစ်သည်။ သူမသည် အလုပ်ကို တက်တက်ကြွကြွ လုပ်ဆောင်သူဟု အများက ယုံကြည်ကြသည်။ အသက် ၃၈ နှစ်ရှိပြီး အိမ်ထောင်မပြုရသေးသူလည်း ဖြစ်သည်။ သူမက ဟုတ်တိုင်းမှန်ရာ ပြောဆိုလေ့ရှိသူဖြစ်ကာ အမျိုးသမီးတွေကို ဒုတိယတန်းစား နိုင်ငံသားတွေလို့ သတ်မှတ်တဲ့ လူမှုပတ်ဝန်းကျင်ထဲမှာ ကျားမ အခန်းကဏ္ဍကို အဆုံးသတ်စေခဲ့သူဖြစ်သည်။

ကိုယ်ဝန်ဆောင်ချိန် နှစ်ယောက်စာစားခြင်းဖြင့် ကလေးများ အသက်ကြီးချိန် ကျန်းမာရေးပြဿနာဖြစ်နှုန်း မြင့်မား


အမျိုးသမီးအချို့ဟာ ကိုယ်ဝန်ဆောင်ချိန်အတွင်း နှစ်ယောက်စာစားနေသည်ဟု မကြာခဏပြောလေ့ ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း အစာကို အလွန်အမင်းစားခြင်းဖြင့် မွေးလာသည့် ကလေးငယ်တို့တွင် ကျန်းမာရေးပြဿနာ ဖြစ်နိုင်ခြေ မြင့်မားတဲ့အကြောင်း ကျွမ်းကျင်သူတို့က သတိပေးထားပါတယ်။

Facebook မှ Suicide alert system တစ်မျိုး စတင်မိတ်ဆက်




Facebook လူမှုမီဒီယာ ကွန်ယက်ဟာ အသုံးပြုသူများနဲ့ သက်ဆိုင်တဲ့ မိတ်ဆွေ၊ သူငယ်ချင်းများရဲ့ အကြောင်းကြောင်းကြောင့် သေကြောင်းကြံစည်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ အချက်ကိုတောင် ဖော်ပြနိုင်စွမ်းရှိတဲ့ Suicide alert system အသစ် တစ်မျိုးကို စတင်မိတ်ဆက်လိုက်ပါတယ်။

စတုတ္ထအကြိမ်မြောက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ လည်ပင်းကြီးနှင့် အခြားဒဏ်ရာများအား အခမဲ့ခွဲစိတ်ကုသ


စစ်တွေ ဖေဖော်ဝါရီ ၂၅


ပြည်တွင်းပြည်ပသာနာပြု အလိုအတော်ပြည့်ဆရာတော်ကြီး၏ သြ၀ါဒအရ မြန်မာနိုင်ငံစားဖိုမှူးများအသင်းနှင့် ရခိုင် အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)တို့မှ ဦးဆောင်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာန တို့၏ ပံ့ပိုးကူညီမှုဖြင့် ဂျာမဏီနိုင်ငံမှ ဆရာဝန်ကြီးများ၊ ဒေသခံဆရာဝန်များ၏ စတုတ္ထအကြိမ်မြောက် နှုတ်ခမ်းကွဲ၊ အာခေါင် ကွဲ၊ လည်ပင်းကြီးနှင့် အခြားဒဏ်ရာဝေဒနာရှင်များအား စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ခွဲစိတ်ကုသမှု ဆောင်ရွက် ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့်ဇနီး ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ခင်ဆွေဝင်းတို့သည် ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့်အတူ အဆိုပါ ပြည်သူ့ဆေးရုံကြီးရှိ ခွဲစိတ်ဆောင်သို့ရောက်ရှိကာ ခွဲစိတ်ကုသမှုခံယူပြီး သည့် လူနာများ၊ ခွဲစိတ်ကုသမှုခံယူမည့် လူနာများအား တွေ့ဆုံအားပေးစကားပြောကြားသည်။

အမျိုးသားပညာရေးဥပဒေ-ကောင်းစေချင်သည်

ယခုအခါ ''အကျယ် အကျယ်-မငြိမ်းဖွယ်'' ဖြစ်နေသော အမျိုးသား ပညာရေး ဥပဒေနှင့်ပတ်သက်၍ ကျွန်တော် မြင်သမျှကို တင်ပြလိုသည်။ ''ပညာရေး ဥပဒေကို ပါဝင်ဆွေးနွေးရလောက်အောင် ဘာအရည် အချင်း တွေများရှိလို့လဲ'' ဟု ကျွန်တော့်ကိုမေးနိုင်ပါသည်။

ကျွန်းသစ်ငါးတန်ကျော် တရားမ၀င်သယ်ဆောင်လာသောယာဉ်ကို ဖမ်းမိ


မိုးညှင်း ဖေဖော်ဝါရီ ၂၆
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ အုပ်စုတွင် ဖေဖော်ဝါရီ ၂၂ ရက်က သတင်းအရရှာဖွေရာ တရားမဝင် သယ်ဆောင်လာသော ကျွန်းသစ် ငါးတန်ခွဲခန့်ကို မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမျိုးသားပညာရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာထေရ၀ါဒ ဗုဒ္ဓသာသနာ ပြုတက္ကသိုလ်က အကြံပြုချက်များပေးပို့

နေပြည်တော် ဖေဖော်ဝါရီ ၂၆
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ သာသနာရေးဝန်ကြီးဌာန၊ အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာ ပြုတက္ကသိုလ်က ၂ဝ-၂-၂ဝ၁၅ ရက်တွင် အကြံပြုချက်များ ပေးပို့ခဲ့ကြောင်း သိရှိရသည်။

တိုင်းပြည်ငြိမ်းချမ်းမှု ဖော်ဆောင်ရေး တွင်းငယ်ကျေးရွာတွင် ဆန္ဒဖော်ထုတ်


သပိတ်ကျင်း ဖေဖော်ဝါရီ ၂၆
မြန်မာနိုင်ငံတွင် နိုင်ငံတော် အစိုးရအနေဖြင့် ဒီမိုကရေစီစနစ်ကို ရှေ့ဆောင် ချီတက်နေချိန်တွင် ဒီမိုကရေစီကို လိုလားတောင့် တနေ သော ပြည်သူများ၊ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော ပြည်သူများသည် ၂ဝ၁၅ ခုနှစ် ငြိမ်းချမ်း မှုဖော်ဆောင် ရေးအတွက် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉နာရီက မန္တလေးတိုင်းဒေသ ကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်း မြို့နယ် တွင်းငယ်ကျေးရွာ ပြည်သူ့ အားကစားကွင်း၌ ဆန္ဒဖော်ထုတ်ခဲ့ ကြောင်း သိရသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒဖော်ထုတ်



မိတ္ထီလာ ဖေဖော်ဝါရီ ၂၆
မိတ္ထီလာမြို့တွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများက ခွင့်ပြုချက် ရယူကာ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၈ နာရီခွဲက လမ်းကြောင်းနှစ်ခု ဖြင့် လမ်းလျှောက်ဆန္ဒဖော်ထုတ် ခဲ့ကြောင်း သိရသည်။

မိချောင်းကန်မြေယာကိစ္စ တရားမ၀င်ဆန္ဒပြနေသူ အစုအဖွဲ့အား မြို့တော်စည်ပင်သာယာရေးကော်မတီက ရှင်းလင်း ဖယ်ရှား

ရန်ကုန် ဖေဖော်ဝါရီ ၂၆
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံဘေး စင်္ကြံလမ်းမ ပေါ်တွင် ယာယီတဲများထိုး၍ မိချောင်းကန်မြေယာကိစ္စ တရားမဝင် ဆန္ဒပြ နေသူအစုအဖွဲ့အား ယနေ့နံနက်စောစောပိုင်းက ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ရှင်းလင်းဖယ်ရှားခဲ့သည်။

ကြက်ငှက်တုတ်ကွေးရောဂါဖြစ်နေသော မုံရွာမြို့ ကြက်၊ ငုံးမွေးမြူရေးဇုန်တွင် ရောဂါဖြစ်ပွားခြံများမှ ကြက်၊ ငုံးများကို ရှင်းလင်းပြီး ကျန်ရှိခြံများကို စောင့်ကြည့်၍ ဇီဝလုံခြုံရေးမြှင့်တင်လျက်ရှိ



ရာသီဥတုပြောင်းလဲမှုကြောင့် မုံရွာမြို့ရှိ ကြက်၊ ငုံးအထူးဇုန်အတွင်း မှ ငုံးနှင့်ဥစားကြက်များ ကြက်ငှက် တုပ်ကွေးရောဂါ (H5N1) ကြောင့် ဖေဖော်ဝါရီ ၂၆ ရက်အထိ ဥစားကြက် ၃၂၄၁ ကောင်နှင့် ငုံး ကောင်ရေ ၁၃၆၁၉ ကောင်သေဆုံး ခဲ့သည်။

ရွှေပြည်သာစက်မှုဇုံရှိ အငြင်းပွားမှုဖြစ်ခဲ့သည့်စက်ရုံများ၏ အလုပ်သမားများ လုပ်ငန်းခွင်အေးချမ်းစွာ ၀င်ရောက် လုပ်ကိုင်လျက်ရှိ

ရန်ကုန် ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်နှင့် ရွှေပြည်သာ မြို့နယ်ရှိ အငြင်းပွားမှုဖြစ်ခဲ့သည့် Costec ၊ Ford Glory၊ Red Stone အထည်ချုပ်စက်ရုံတို့မှ အလုပ်သမားများ လုပ်ငန်းခွင်၌ အေးချမ်းစွာ ဝင်ရောက် လုပ်ကိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

အရှိန်လွန်ယာဉ် တံတားအောက်သို့ ထိုးကျတိမ်းမှောက်


ကသာ ဖေဖော်ဝါရီ ၂၆
ကသာခရိုင် ရဲတပ်ဖွဲ့မှူးရုံး ယာဉ်/စည်းမှ ရဲတပ်ကြပ်ကြီးအောင်ဝင်းသည် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁ဝ နာရီ ၁၅ မိနစ်က ယာဉ်တိမ်းမှောက်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေး ခဲ့ရာ

နေပြည်တော်ပရဆေးဥယာဉ်အနီး ယာဉ်တစ်စီးမီးလောင်


နေပြည်တော် ဖေဖော်ဝါရီ ၂၆
ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော် ပရဆေးဥယျာဉ်အနီး၌ ယာဉ် အမှတ် 4A/------- တိုယိုတာ ဟိုင်းအေ့စ် ယာဉ်တစ်စီး မီးလောင် ကျွမ်းခဲ့သည်။

စီမံကိန်းများ အကောင်အထည် ဖော်ရာတွင် ရေရှည်ရင်းနှီး မြှုပ်နှံမှုဖြစ်သည့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများကို ထည့်သွင်း စဉ်းစား



နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စု လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၁၉) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပ သည်။

နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှု ကွန်ရက်နှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး






ရန်ကုန် ဖေဖော်ဝါရီ ၂၆
လေးပွင့်ဆိုင် သဘောတူထားသော အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင် ပြောင်းလဲမှု ကွန်ရက် (NNER)နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းတို့ တွေ့ဆုံ ဆွေးနွေး ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ဗိုလ်အောင်ကျော်လမ်း (အောက်လမ်း) ရှိ Home (House of Media & Entertain- ment)ခန်းမ၌ ကျင်းပသည်။

Thursday, February 26, 2015

သတ္တမအကြိမ် နိုင်ငံတော် သံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေး ဒုတိယနေ့ကျင်းပ


ရန်ကုန်-ဖေဖော်ဝါရီ(၂၆)
သတ္တမအကြိမ် နိုင်ငံတော် သံဃာ့ ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေး ဒုတိယနေ့ ကို ယနေ့ နံနက်(၈) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ကျင်းပသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီဖြင့် တည်ဆောက်မည့် (၅၀)မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံစီမံကိန်း လုပ်ငန်းဆောင်ရွက်ရန် သဘောတူ စာချုပ် ချုပ်ဆို






နေပြည်တော် ဖေဖော်ဝါရီ ၂၆
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းနှင့် Sumitomo Corporation (JAPAN)  တို့၏ သီလဝါအထူး စီးပွားရေးဇုန်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ၏ တရား ဝင်ဖွံ့ဖြိုးမှု အကူအညီဖြင့်

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၂၆
ယနေ့နံနက်(၈)နာရီခွဲတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်က အမှာစကား ပြောကြားရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင်များနှင့်အညီ ကျေးလက်နေပြည်သူများ၏

သင့်ခေါင်း



နေပြည်တော်-ဖေဖော်ဝါရီ ၂၆
ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှု စနစ်ဖြစ်စေရေး၊ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး ဆေးကုသမှု လုပ်ငန်းများ အတွက် လိုအပ်သည့် လူ့စွမ်းအားအရင်း အမြစ်များ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ စက်ပစ္စည်းကိရိယာ များကို လည်း ဖြည့်ဆည်းပေး လျက်ရှိရာ မြန်မာ့ဆေး ပညာလောက၏ အောင်မြင်မှု တစ်ရပ် ဖြစ်သည့် ရင်ချင်းဆက်အမွှာ ခွဲစိတ်ကုသမှုကို  ဖေဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန်မြို့ ကလေး ဆေးရုံကြီး၌ အောင်မြင်စွာဆောင် ရွက်နိုင်ခဲ့သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်အား Myanmar Institute for Integrated Development – MIID မှ Executive Director ဖြစ်သူ Mr, Joern Kristensen အား လက်ခံတွေ့ဆုံခြင်း


နေပြည်တော်၊ဖေဖော်ဝါရီ ၂၆
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်အား Myanmar Institute for Integrated Development – MIID မှ Executive Director ဖြစ်သူ Mr. Joern Kristensen ဦးဆောင်သည့်အဖွဲ့သည်, ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် သစ်တောဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်  တွေ့ဆုံဆွေးနွေးသည်။

ကိုးကန့် သောင်းကျန်းသူများ အလစ်အငိုက် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခြင်းများဆောင်ရွက်


နေပြည်တော် ဖေဖော်ဝါရီ ၂၆
တပ်မတော် စစ်ကြောင်းများက လောက်ကိုင် ဒေသအတွင်း နယ်မြေရှင်းလင်းခြင်းများကို တိုးမြှင့် ဆောင်ရွက် လျက်ရှိရာ ကိုးကန့်သောင်း ကျန်းသူများအနေဖြင့် တောင်ပေါ်၊ တောတွင်း အရေးသာသော နေရာ များမှ ပုန်းခိုစောင့်ဆိုင်း၍  ခြုံခိုတိုက်ခိုက်ခြင်း၊ အလစ်အငိုက် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆောင်ရွက် လာခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ ဩစတြေးလျနိုင်ငံ သံအမတ်ကြီး ခန့်အပ် လွှာပေးအပ်


နေပြည်တော်-ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘော တူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ နီကိုးလတ် ကော့ပယ်လ်သည် ယနေ့ နံနက်(၁၁)နာရီတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်



နေပြည်တော် - ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုသမ္မတ မြန် မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဆိုင်ရာ လာအိုပြည် သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စတာ လိုင်ရင်းဆိုင် ညဇန်သည် ယနေ့ နံနက်(၁၀)နာရီ ခွဲတွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကုလသမဂ္ဂနိုင်ငံရေးရာဌာန အကြီးအကဲ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာဂျက်ဖရီဖဲလ်မင်း ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော် ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ နိုင်ငံရေးရာ အကြီးအကဲ ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာ ဂျက်ဖရီဖဲလ်မင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် (၈)နာရီ (၁၅)မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးသိန်းစိန်ထံ မလေးရှား သံအမတ်ကြီး ခန့်အပ် လွှာပေးအပ်


နေပြည်တော်-ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ဆိုင်ရာ မလေး ရှားနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ မိုဟာမက် ဟာနဖ် ဘင် အဗ္ဗဒူလာ ရာမန်သည် ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ်ခန့် အပ်လွှာကို ပေးအပ်သည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကုလသမဂ္ဂ နိုင်ငံရေးရာဌာန အကြီးအကဲဖြစ်သူ ဒုတိယ အတွင်းရေးမှူးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိသမ္မတ ဦးဉာဏ်ထွန်းသည် ကုလသမဂ္ဂနိုင်ငံရေးရာဌာန အကြီးအကဲဖြစ်သူ ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာဂျက်ဖရီ ဖဲလ်မင်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ(၁) နာရီတွင် နေပြည်တော် ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဗန်ကောက်မြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သည့် ကျန်းမာရေး စီမံခန့်ခွဲမှု စနစ်များအား လှည့်လည်ကြည့်ရှုလေ့လာ



ဗန်ကောက် ဖေဖော်ဝါရီ ၂၆

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး၊ ဒုတိယ၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယနေ့နံနက်ပိုင်း ဒေသစံတော်ချိန် ၉နာရီခွဲတွင် အမျိုးသား ကျန်းမာရေးစောင့်ရှောက်မှုဌာနသို့ ရောက်ရှိကြသည်။

၂၀၁၅ခုနှစ်၊ စတုတ္ထအကြိမ် အမျိုးသား အားကစားပွဲတော် (၂၆.၂.၂၀၁၅)ရက်နေ့ အားကစားပြိုင်ပွဲများကို ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း၊ ရေ၊ လေ)၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း လိုက်လံကြည့်ရှု အားပေး၍ ဆုများချီးမြှင့်




နေပြည်တော် ဖေဖော်ဝါရီလ ၂၆

မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေး၊ (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ အောင်မြင်မှုများ ထပ်မံရယူနိုင်ရေးနှင့် တစ်မျိုးသားလုံး ချစ်ကြည်ရင်းနှီးစွာ တည်ရှိနေစေရေးတို့ကို ရည်ရွယ်၍ ကျင်းပပြုလုပ်လျှက်ရှိသော ၂၀၁၅ ခုနှစ်၊ စတုတ္ထအကြိမ် အမျိုးသား အားကစားပွဲတော် (၂၆.၂.၂၀၁၅) ရက်နေ့ အားကစားပြိုင်ပွဲ များကို နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ဝင်းနှင့်

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေသည် မွေးမြူရေး ဆိုင်ရာ ဆေး တက္ကသိုလ် ကျောင်းသား/ကျောင်းသူ အိပ်ဆောင်သစ် ဆောက်လုပ်ပြီးစီးနေမှု အခြေ အနေအား ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၆ ရက်
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီ၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်း မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ် သို့ ရောက် ရှိပြီး ကျောင်းသား အိပ်ဆောင် ဆောက်လုပ်ရေးလုပ်ငန်းခွင် ရှင်းလင်းဆောင်၌ အောင်ချမ်း သာ ဆောက်လုပ်ရေး ကုမ္ပဏီ တာဝန်ခံမှ ကျောင်းသားအိပ်ဆောင် ဆောက်လုပ် နေမှုနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြပါသည်။