နေပြည်တော်၊ ဇန်နဝါရီ -၂၈
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊
ရွာတော်ကျေးရွာအုပ်စု၊ စက်ကုန်း ကျေးရွာရှိ “မိတ်ဆွေကောင်း” ကျေးရွာ ကိုယ့်အားကိုယ်ကိုး
စာကြည့်တိုက်ကို ၂၀၁၂ခုနှစ်၊ ဖေဖေါ်ဝါရီ (၂၈) ရက်နေ့တွင် သုတ၊ ရသ စာအုပ်စာစောင်(၃၀၀၀)ကျော်ဖြင့်
စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင် ကျေးရွာစာကြည့်တိုက် ကော်မတီ၊ စာကြည့်တိုက်မှူးနှင့်
ရပ်မိရပ်ဖများ၏ ကြိုးစား ဆောင်ရွက်ခဲ့မှုကြောင့် သုတ၊ရသ စာအုပ်ပေါင်း(၁)သောင်းကျော်ရှိလာခဲ့ပြီး
စက်ကုန်းကျေးရွာနေပြည်သူများ သာမက အနီးဝန်းကျင်ရှိ ကျေးရွာများဖြစ်သည့် အေးမြင့်သာယာ၊
ချောင်းစောက်၊ ရွာသစ်၊ သရက်သမိန်နှင့် ကြံဖိုစုကျေးရွာများမှ စာပေဝါသနာရှင် များ၏ အားကိုးအားထားပြုရသည့်
စာကြည့်တိုက်အဖြစ် ရှင်သန် အောင်မြင်နေခဲ့ပြီဖြစ်ပါသည်။