Tuesday, December 22, 2015

ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကျင်းပ



နေပြည်တော် ဒီဇင်ဘာ ၂၂
ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၂၂ ရက်မြောက် နေ့ကို ယနေ့ နံနက် (၁၀)နာရီတွင် ကျင်းပပြီး ဥပဒေကြမ်း ၃ခု နှင့်စပ်လျဉ်းသည့် အစီရင်ခံစာ ၃ ခုကို ဖတ်ကြား ရှင်းလင်း ကြသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့သော ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေကို ပြင်ဆင် သည့်ဥပဒေကြမ်း၊ အခကြေးငွေ ပေးရေး ဥပဒေကြမ်း၊ ၂၀၁၅ ခုနှစ်၊ ဆိုင်များနှင့်အလုပ်ဌာနများ ဥပဒေကြမ်းတို့ကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေး တင်ပြပြီး ဥပဒေကြမ်းကော်မတီ က ယင်းဥပဒေကြမ်းများနှင့်စပ်လျဉ်းသည့် အစီရင်ခံစာ ၃ ခုကို လွှတ်တော်သို့ ဖတ်ကြား ရှင်းလင်းတင်ပြကြသည်။

၂၀၁၅ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီဝင် ဦးသိန်းထွန်းဦး က အစီရင်ခံစာဖတ်ကြားတင်ပြရာတွင် ယင်းဥပဒေကြမ်း၌ အခန်းပေါင်း ၉ ခန်းနှင့် အပိုဒ်ပေါင်း ၄၁ ပိုဒ် ပါရှိကြောင်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဆိုင်များနှင့် အလုပ်ဌာနများရှိ အလုပ် သမားများ၏ အလုပ်လုပ်ချိန် သတ်မှတ်ရေး၊ လုပ်ခမှန်ကန်စွာရရှိရေး၊ လုပ်ငန်းခွင် ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ ဥပဒေပါရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်မှုပေး နိုင်ရေး တို့အတွက် ရည်ရွယ်၍ ရေးဆွဲတင်ပြလာခြင်းဖြစ်ကြောင်း ထည့်သွင်းတင်ပြခဲ့သည်။ 

No comments:

Post a Comment