Tuesday, December 22, 2015

(၃၄) ကြိမ်မြောက် မြန်မာ့ပုလဲ ရောင်းချပွဲ ကျင်းပ


နေပြည်တော် ဒီဇင်ဘာ ၂၂
သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၏ (၃၄)ကြိမ်မြောက် မြန်မာ ကျပ်ငွေဖြင့် မြန်မာ့ပုလဲရောင်းချပွဲကို ယနေ့ နံနက်ပိုင်းမှစ၍ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ စတင်ကျင်းပသည်။

ပုလဲရောင်းချပွဲတွင် အတွဲပေါင်း(၃၇၆)တွဲကို တင်ဒါစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ပြီး ယနေ့တွင် ခင်းကျင်း ပြသ ထားသည့် ပုလဲအတွဲများကို လာရောက်ကြည့်ရှု သူများနှင့် စည်ကားလျက်ရှိသည်။ ပုလဲအတွဲအမှတ်(၁)မှ (၁၂၇) အထိကို ဒီဇင်ဘာ (၂၃)ရက် နေ့လည်(၁၂)နာရီတွင်လည်းကောင်း၊ အတွဲအမှတ်(၁၂၈)မှ (၂၅၃)ကို ညနေ (၄)နာရီ တွင်လည်းကောင်း၊ အတွဲ(၂၄၅)မှ (၃၇၆)အထိကို ဒီဇင်ဘာ (၂၄)ရက်တွင် လည်းကောင်း တင်ဒါ စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

ပုလဲရောင်းချပွဲများအနေဖြင့် နှစ်လယ်ပြပွဲ၊ အထူးပြပွဲ၊ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲအပါအ၀င် ပြပွဲပေါင်း (၁၁၉)ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment