Wednesday, December 23, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ စီတစ်အုပ်စု ဥက္ကဋ္ဌ မစ္စတာ ချန်ဇန်းမင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံ တွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ  ၂၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ စီတစ်အုပ်စု ဥက္ကဋ္ဌ မစ္စတာ ချန်ဇန်းမင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၁နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းများ အောင်မြင်စွာ အကောင် အထည်ဖော်ရေးနှင့် ရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထိုသို့ လက်ခံ တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတနှင့်အတူ  ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ ဦးစိုးသိန်း၊ ဦးဇေယျာအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် မစ္စတာ ချန်ဇန်းမင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်လည်း တက်ရောက်သည်။

No comments:

Post a Comment