နေပြည်တော်
ဒီဇင်ဘာ ၂၄
နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်၊ ဇနီး ဒေါ်ခင်ခင်ဝင်းနှင့် မိသားစုတို့အား ခရစ်တော်
မွေးနေ့အကြိုအဖြစ် မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီမှ အထွေထွေ
အတွင်းရေးမှူး သိက္ခာတော်ရ ဆရာ စောရွှေလင်းနှင့် တိုင်းရင်းသား လူငယ်များ ပါဝင် သော
ငြိမ်းချမ်းရေး အတွက် ခရစ်ယာန် လူငယ်များ ဓမ္မတေးအဖွဲ့က ယနေ့ညနေ ၇ နာရီ ၁၅
မိနစ်တွင် နိုင်ငံတော် သမ္မတ အိမ်တော်၌ လာရောက်ဆုတောင်း ကောင်းချီးပေးကြ သည်။
ဆုတောင်းပွဲတွင်
နော်တာဟေညောနှင့် ဦးလင်းထက်ထက်ဦးတို့ ဦးဆောင်သည့် တိုင်းရင်းသားလူငယ်များပါဝင်သော ငြိမ်းချမ်းရေးအတွက် ခရစ်ယာန် လူငယ်များ
ဓမ္မတေး အဖွဲ့က နှုတ်ခွန်း ဆက်သပြီး ဓမ္မတေး သီချင်းများသီဆို၍ ပြည်ထောင်စု
သမ္မတ မြန်မာ နိုင်ငံတော်နှင့် နိုင်ငံတော်
သမ္မတတို့အတွက် မေတ္တာပို့ ဆုတောင်းကောင်းချီး ပေးကြသည်။
ထို့နောက် မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီမှ
သိက္ခာတော်ရ ဆရာ စောဒိုးဒိုဝါးက နိုင်ငံတော် သမ္မတ၊ ဇနီးနှင့် မိသားစု
တို့အတွက် မေတ္တာပို့ ဆုတောင်း ကောင်းချီးပေးသည်။
ထို့အတူ
မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီမှ အထွေထွေအတွင်း ရေးမှူး
သိက္ခာတော်ရဆရာ စောရွှေလင်းက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွက် မေတ္တာပို့
ဆုတောင်း ကောင်းချီးပေးသည်။
ယင်းနောက်
နိုင်ငံတော် သမ္မတနှင့် ဇနီးတို့က သိက္ခာတော်ရ ဆရာ စောရွှေလင်း နှင့် တိုင်းရင်းသား
လူငယ်များပါဝင်သော ငြိမ်းချမ်းရေး အတွက် ခရစ်ယာန် လူငယ်များ ဓမ္မတေးအဖွဲ့အား
ဆုတောင်းစကား ပြန်လည်ပြောကြားသည်။
ထို့နောက်
နိုင်ငံတော် သမ္မတ၊ ဇနီးနှင့် မိသားစုတို့အား ဓမ္မတေးအဖွဲ့မှ ကလေးငယ် တစ်ဦးက ခရစ္စမတ်
လက်ဆောင် ပစ္စည်း ပေးအပ်သည်။
ထို့နောက်
နိုင်ငံတော် သမ္မတ၊ ဇနီးနှင့် မိသားစုတို့က ငြိမ်းချမ်းရေး အတွက် ခရစ်ယာန်
လူငယ်များ ဓမ္မတေး အဖွဲ့အား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ အမှတ်တရ လက်ဆောင်ပစ္စည်း
ပေးအပ်ပြီး စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။