Tuesday, November 24, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အားလက်ခံတွေ့ဆုံ




နေပြည်တော်၊ နိုဝင်ဘာ  ၂၄   

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒန်နီရယ် အာရပ်စ်ဆဲလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးစီးမှုနှင့် တာဝန်လွှဲပြောင်းရေး ကိစ္စရပ်များ ချောမွေ့အောင်မြင်စွာဖြစ်ပေါ်လာရေး ဆောင်ရွက်နေမှု၊ မြန်မာ-အမေရိကန် နှစ်နိုင်ငံအကြား ဆက်ဆံရေးတို့ကို ဆွေးနွေးခဲ့ကြသည်။



အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး  ဦ၀ဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးရဲထွဋ်နှင့် တာဝန်ရှိများတက်ရောက်ကြပြီး အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်လ် လည်း တက်ရောက်သည်။

No comments:

Post a Comment