Tuesday, November 24, 2015

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ





နေပြည်တော် နိုဝင်ဘာ ၂၄

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပရာ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာ ငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း အပါအ၀င် ဥပဒေကြမ်း ၃ ခုကို မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း၊ ပထမ ၆ လ ပတ်အတွက် အခွန်ကောက်ခံရရှိမှု ရှင်းလင်းတင်ပြခြင်း၊ ဒုတိယ ၆ လပတ် အမျိုးသားစီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာကို ဆွေးနွေးခြင်းတို့ကို ဆောင်ရွက် သည်။


အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရ မည့် ပင်စင်အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်း တင်ခဲ့သည်။

ထို့နောက် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာ ငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၏ ခွင့်ပြုသုံးငွေမှာ ငွေကျပ် ၂၃၀၁၆ ဒသမ ၅ ဘီလီယံဖြစ်ပြီး ထပ်မံဖြည့်စွက် တောင်းခံငွေကျပ် ၂၅၃၅ ဒသမ ၁ ဘီလီယံ ဖြစ်သဖြင့် မူလခွင့်ပြုငွေ၏ ၁၁ ဒသမ ၀၁ ရာခိုင်နှုန်း တောင်းခံခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ တိုးမြှင့်တောင်းခံသည့် ငွေများတွင် နိုင်ငံတော်သို့ ၀င်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ပေးသွင်းရန် တောင်းခံငွေကျပ် ၂၉၂ ဒသမ ၃၈၈ ဘီလီယံ၊ ပြည်ပအကူအညီရငွေနှင့် ခွင့်ပြုပြီး ချေးငွေတို့အတွက် တောင်းခံငွေကျပ် ၃၈၁ ဒသမ ၄၅၁ ဘီလီယံ၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း တစ်ဒေါ်လာလျှင် ၁၀၂၀ ကျပ်မှ ၁၂၈၅ ကျပ်သို့ ပြောင်းလဲတွက်ချက်ရ သဖြင့် တောင်းခံငွေကျပ် ၆၃၅ ဒသမ ၄၈၄ ဘီလီယံ စုစုပေါင်းငွေကျပ် ၁၃၀၉ ဒသမ ၃၂၃ ဘီလီယံဖြစ်သဖြင့် သာမန်နှင့် ငွေလုံးငွေရင်းများအတွက် တိုးမြှင့်တောင်းခံ ငွေမှာ ငွေကျပ် ၁၂၂၅ ဒသမ ၇၈၀ ဘီလီယံ ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အမှန်အသုံး ပြုရန် တိုးမြှင့်တောင်းခံငွေမှာ မူလခွင့်ပြုငွေ၏ ၅ ဒသမ ၃၃ ရာခိုင်နှုန်း ဖြစ်သည်ကို တွေ့ရှိရပါကြောင်း။

ဝန်ကြီးဌာနများ၏ တိုးမြှင့်တောင်းခံငွေ စုစုပေါင်းငွေကျပ် ၁၈၅၆ ဒသမ ၈၀၀ ဘီလီယံအနက် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ တိုးမြှင့်တောင်းခံငွေ သည် ငွေကျပ် ၉၇၂ ဒသမ ၂၅၄ ဘီလီယံ ဖြစ်သောကြောင့် ၀န်ကြီးဌာန ဦးစီးဌာန များ၏ တိုးမြှင့်တောင်းခံငွေသည် ငွေကျပ် ၈၈၄ ဒသမ ၅၄၅ ဘီလီယံ ဖြစ်ပါကြောင်း၊ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ တိုးမြှင့်တောင်းခံ ငွေတွင်လည်း နိုင်ငံ တော်ရန်ပုံငွေ မဟုတ်သည့် လုပ်ငန်းသုံးရင်းနှီးငွေသည် ငွေကျပ် ၅၈၇ ဒသမ ၉၇၅ ဘီလီယံ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ရေးဆွဲတင်ပြသည့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း အရ စုစုပေါင်းပိုမို သုံးစွဲငွေသည် မူလခွင့်ပြုသုံးငွေထက် ငွေကျပ် ၄၅ ဒသမ ၆၉၇ ဘီလီယံသာ ပိုသည်ကို တွေ့ရပြီး လိုငွေနှင့် ဂျီဒီပီအချိုးသည်လည်း ၄ ဒသမ ၉၃ ရာခိုင်နှုန်းမှ ၄ ဒသမ ၉၉ ရာခိုင်နှုန်းသို့ ပြောင်းလဲသွားသဖြင့် ၅ ရာခိုင်နှုန်းထက် ကျော်လွန်ခြင်း မရှိသည်ကိုတွေ့ရပါကြောင်း၊ ယခင်ဘဏ္ဍာရေးနှစ်များတွင် လေ့လာ ချက်အရ အမှန်အသုံးစရိတ်များသည် မူလခန့်မှန်းခြေ(BE)နှင့် ပြုပြင်ပြီးခန့်မှန်းခြေ (RE) တို့ထက် လျော့နည်းလေ့ရှိပြီး လိုငွေနှင့် ဂျီဒီပီအချိုးများသည် မူလခန့်မှန်းခြေ နှင့် ပြုပြင်ပြီးခန့်မှန်းခြေ တို့ထက် ပိုမိုလျော့နည်း ကောင်းမွန်သည်ကို တွေ့ရှိရပါ ကြောင်းဖြင့် ဖော်ပြပါရှိသည်။

အဆိုပါ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီက ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအပေါ်တွင် ပြင်ဆင်ဖြည့်စွက်ရန် မရှိပါကြောင်း နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၉ နှင့်အညီ ထောက်ခံတင်ပြရာ ပြည်ထောင်စုလွှတ်တော်က ဥပဒေကြမ်း၏ မူနှင့် အခြေခံသဘောအပါအ၀င် ရငွေ သုံးငွေများ နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည် စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲချက် ၄၅ ချက်ရှိသည့် အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေကြမ်း နှင့်စပ်လျဉ်းသည့် ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားတင်ပြရာ လွှတ်တော်က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ်အတွက် အခွန်ကောက်ခံရရှိမှု အခြေအနေကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင် စုဝန်ကြီးဌာန အဖွဲ့အစည်းများမှ ကောက်ခံသော အခွန်စုစုပေါင်း ၁၈ မျိုးရှိပါ ကြောင်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ်တွင် ပြည်ထောင်စု၏ အခွန်ရငွေ လျာထားချက် ငွေကျပ် ၂၀၂၇ ဒသမ ၆၄၂ ဘီလီယံ၊ ကောက်ခံရရှိမှု ငွေကျပ် ၂၃၅၇ ဒသမ ၈၀၅ ဘီလီယံ၊ အကောင်အထည်ဖော်နိုင်မှု ၁၁၆ ဒသမ ၂၈ ရာခိုင်နှုန်း ဖြစ်ပါကြောင်း။

တာဝန်ယူကောက်ခံသည့် ဌာနများအလိုက်ကြည့်ပါက ဘဏ္ဍာရေးဝန်ကြီးဌာန မှ ကောက်ခံသည့် အခွန် ၅ မျိုးအတွက် အခွန်ရငွေ လျာထားချက် ငွေကျပ် ၁၇၆၆ ဒသမ ၂၂၀ ဘီလီယံ၊ ကောက်ခံရရှိမှု ငွေကျပ် ၂၀၂၅ ဒသမ ၀၁၅ ဘီလီယံ၊ အကောင်အထည် ဖော်နိုင်မှု ၁၁၄ ဒသမ ၆၅ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ အခြား ပြည်ထောင်စုဝန်ကြီးဌာန ၁၀ ခုမှ ကောက်ခံသော အခွန် ၁၃ မျိုးအတွက် လျာထား ချက် ငွေကျပ် ၂၆၁ ဒသမ ၄၂၂ ဘီလီယံ၊ ကောက်ခံရရှိမှု ငွေကျပ် ၃၃၂ ဒသမ ၇၉၀ ဘီလီယံ၊ အကောင်အထည်ဖော်နိုင်မှု ၁၂၇ ဒသမ ၃၀ ရာခိုင်နှုန်း ဖြစ်ပါကြောင်း။

တိုင်းပြည်၏ အနာဂတ်ကာလတွင် နိုင်ငံတော်အစိုးရ၏ အသုံးစရိတ်များကို နိုင်ငံတော်က ကောက်ခံရရှိသော အခွန်ငွေအပေါ်ရပ်တည် ဆောင်ရွက်ကြရမည် ဖြစ်သည့်အတွက် ရသင့်ရထိုက်သော အခွန်ငွေအပေါ်ရပ်တည် ဆောင်ရွက်ကြရ မည် ဖြစ်သည့်အတွက် ရသင့်ရထိုက်သော အခွန်အကောက်များ တိုးတက်ရရှိရေး သည် အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်သဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အခွန်ထမ်း ပြည်သူလူထုအတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်စေဘဲ ပြည်သူလူထုက လိုက်နာဆောင် ရွက်နိုင်သည့် ပွင့်လင်းမြင်သာပြီး ရှင်းလင်းလွယ်ကူစွာ ထမ်းဆောင်နိုင်သော အခွန် စနစ်ပေါ်ထွန်းရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

၂၀၁၄ ခုနှစ်မှစ၍ ပြည်ထောင်စုလွှတ်တော်တွင် နှစ်စဉ်အခွန်အကောက် ဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီး မူလရှိရင်းစွဲ ဥပဒေများ နှင့်ပေါင်းစပ်၍ အခွန်ကောက် ခံမှုကို စနစ်တကျဖြစ်စေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အခွန်ကောက်ခံ ရရှိမှုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ ဆွေးနွေးသုံးသပ်မှုများကို မှတ်တမ်းများထားရှိ၍ အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ရှင်းလင်း တင်ပြရာ ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ် များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ် အမျိုးသား စီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာအပေါ် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းကော်မတီ၏ စိစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က ဆက်လက် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြုရန် ကြေညာ သည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို နိုဝင်ဘာ ၃၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

No comments:

Post a Comment