Wednesday, November 25, 2015

အမျိုးသား အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် မဟာဗျူဟာ ပေါ်ထွက်လာရေး လုပ်ငန်းညှိနှိုင်းစည်းဝေး


နေပြည်တော် နိုဝင်ဘာ ၂၄

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ သာမက နိုင်ငံသားများအားလုံးနှင့် သက်ဆိုင်သည့် အမျိုးသား အသိ ဉာဏ်ပစ္စည်းမူပိုင်ခွင့် မဟာဗျူဟာ (National Intellectual Property Strategy)ပေါ်ထွက်လာရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၂၃ ရက်က သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး တက်ရောက်၍ အမှာစကားပြောကြားသည်။


ပြည်ထောင်စုဝန်ကြီးက ပြော ကြားရာတွင် မြန်မာနိုင်ငံ၌ အမျိုးသား အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် မဟာ ဗျူဟာ ပေါ်ထွက်လာရေးအတွက် ကမ္ဘာ့အသိဉာဏ်ပစ္စည်း မူပိုင်ခွင့် အဖွဲ့ (World Intellectual Property Organization- WIPO) မှ ကျွမ်းကျင်ပညာရှင်များသည် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သုတေ သနဌာနများ၊ တက္ကသိုလ်များ၊ အစိုး ရမဟုတ်သော အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်အဖွဲ့အစည်းများနှင့် တွေ့ ဆုံဆွေးနွေး၍ လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီး လိုအပ်သော အချက် အလက်များကို ရယူခဲ့ကြောင်း၊ ယင်းအချက်အလက်များ အပေါ် အခြေခံ၍ WIPO မှ မြန်မာနိုင်ငံ တွင် အမျိုးသားအသိဉာဏ်ပစ္စည်း မူပိုင်ခွင့်မူဝါဒများ ပေါ်ထွက်လာ ရေးအတွက် ပထမအကြိမ် အစီရင် ခံစာမူကြမ်းကို ပေးပို့လာပြီး ယင်း မူကြမ်းအပေါ်တွင် သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနအနေဖြင့် သက် ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့ အစည်းများထံသို့ သဘောထားမှတ် ချက်များကို တောင်းခံထားပြီးဖြစ်၍ WIPO မှ ပေးပို့လာသော အစီရင် ခံစားမူကြမ်းတွင် ထပ်မံထည့်သွင်း လိုသည့် အချက်အလက်များနှင့် အကြံပြုချက်များရှိပါက ထည့်သွင်း နိုင်ရန်နှင့် မူကြမ်းတွင် ပါဝင်သော အချက်အလက်များအား ညှိနှိုင်းဆွေး နွေးနိုင်ရန်အတွက် ယခုလုပ်ငန်း ညှိ နှိုင်းအစည်းအဝေးကိုကျင်းပရခြင်း ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များက ရင်းနှီးပွင့်လင်းစွာဆွေးနွေး ကြစေလိုကြောင်း ပြောကြားသည်။


အဆိုပါ အမျိုးသား အသိဉာဏ် ပစ္စည်းမူပိုင်ခွင့် မဟာဗျူဟာ (National Intellectual Property Strategy)ပေါ်ထွက်လာရေးအတွက် အသိÓဏ် ပစ္စည်းမူပိုင်ခွင့်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော် အစိုးရမှ ကူညီပံ့ပိုးပေးပြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်အဖွဲ့ နှင့် ဆက်သွယ်ဆောင်ရွက်ရသည့် ဝန်ကြီးဌာနဖြစ်ပြီး အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဥပဒေများဖြစ်သော ကုန် အမှတ်တံဆိပ်ဥပဒေ၊ တီထွင်မှုမူပိုင် ခွင့် ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေနှင့် မူပိုင်ခွင့်ဥပဒေများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လူမှု အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ နှင့် ညှိနှိုင်းဆွေးနွေးရေးဆွဲပြီး အတည်ပြုနိုင်ရန်အတွက် လွှတ် တော်သို့ တင်ပြပြီးဖြစ်ကြောင်း သိရ သည်။

No comments:

Post a Comment