Friday, November 27, 2015

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကြက်သွန်နီ ဈေးနှုန်း တည်ငြိမ်ရေးနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်



(၂၇- ၁၁- ၂၀၁၅)၊ နေပြည်တော်

၁။ ပြည်တွင်း ကြက်သွန်နီ ဈေးနှုန်းမှာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ အတွင်း ပျမ်းမျှ တစ်ပိဿသာ ၉၀၀ိ/၊ အောက်တိုဘာလတွင် ပျမ်းမျှ တစ်ပိဿသာ ၁၂၀၀ိ/- ရှိနေရာမှ နိုဝင်ဘာလ တတိယပတ်တွင် ပျမ်းမျှတစ်ပိဿသာ ၄၀၀၀ိ/ နီးပါး ဖြစ်ပေါ်နေ သည့်အပြင် ပြည်တွင်းမှ စိုက်ပျိုးထားသည့် မိုးကြက်သွန်များမှာ ဒီဇင်ဘာလ ကုန်အတွင်းမှ လှိုင်လှိုင်ပေါ် မည် ဖြစ် သည့် အတွက် ကြက်သွန်နီ ဈေးနှုန်း ကြီးမြင့်မှုနှင့် တွေ့ကြုံနေ ရကြောင်း လေ့လာတွေ့ ရှိရပါသည်။


၂။ ပြည်တွင်းကြက်သွန်နီ ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားသုံးသူများဝန်ထုပ်ဝန်ပိုး မဖြစ် ပေါ်စေရေး အတွက်ရည်ရွယ်၍ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ကြက်သွန်နီများအား အကန့်အသတ်ဖြင့် ပြည်တွင်းသို့တင်သွင်း၍ ပြည်တွင်း ကုမ္ပဏီများအား မြန်မာနိုင်ငံ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူ များအသင်း၏ ကြီးကြပ်မှုဖြင့် ခွင့်ပြုတင်သွင်းစေမည် ဖြစ်ပါသည်။

၃။ မည်သည့် ပြည်တွင်းလုပ်ငန်းရှင်၊ ကုမ္ပဏီများကိုမဆို ကြက်သွန်နီပြည်ပမှ တင်သွင်းခွင့် တင်ပြ လျှောက်ထားလာပါကလည်း သတ်မှတ်ချက်နှင့် ကိုက်ညီပါက ဆက်လက် ခွင့်ပြုပေးသွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။

ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့

No comments:

Post a Comment